Monday, September 23, 2013

မင်းကွန်းခေါင်းလောင်းထဲ မှ ငိုကြွီးသံ

Posted on 5:39 PM by tun tun



ထနှောင်းပင်ရိပ်နန့် တမာပင်ရိပ်ရို့
လျွမ်းခြုံထားရာ အညာဒေသ ပျူဂါမသို့
တစ်ခေါက်တစ်ခါ ရောက်ဖြစ်ပါလျှင်
မန္တလေးတစ်ဖက် မင်းကွန်းရပ်ကို
မဖြစ်ဖြစ်အောင် အမောင်လားလီ လေ့လာခီ...။
ထိုသည့်ဒေသ မင်းကွန်းတစ်ခွင် လယ်တောပြင်မှာ
စူးခြုံနွယ်ပုပ် မြက်သစ်ငုတ်နန့်
အုတ်ခွပ်ကျောက်ခဲ လှန်ဖော်ကြည့်ကေ
ရှေးကဖီးဘွား ရခိုင်များ၏
ကျောက်ဖြစ်ရုပ်ကြွင်းပမာ အရိုးများစွာကို
အမောင်ရှာလို့ တွိလိမ့်မည်။
ထိုအရိုးများ ဤနားတ၀ိုက်
ဟိုမှာတစ်စ သည်တစ်စနန့်
ထောင့်နားမျိုးစုံ ပျံ့နီပုံကို
အကယ်၍သာ အမောင့်ရင်မာ သိချင်ပါလျှင်
ဧရာဝတီ မြစ်မဟီ၏
တထောက်တနား ရီကမ်းပါးမှာ
ကုန်ဘောင်ခေတ်၏ မောင်ဝိုင်းရာဇာ နယ်ချဲ့ဗမာက
ကြီးချိန်ပိဿာ မြောက်မြားစွာကို
ဖျော်ကာသွန်းလုပ် သမုတ်နာမ ပီးထားခသည့်
မင်းကွန်းမည်ခေါ် ခေါင်းလောင်းတော်နား
အသာလားပြီး
အနားကိုကပ် ပါးကိုဟပ်ကာ နာထောင်ပါ..။
ထိုခေါင်းလောင်းထဲ
မြောက်ဦးနန်းတွင်း လူသတ်ကွင်းဘ၀ ကျရောက်ရချိန်
ဗြီးသံလွားသံ ငိုကြွီးသံများ
တိုးသံခွက်သံ ကြုံးဝါးသံများ
ပဲ့တင်ရိုက်ဟပ် ထင်ကျန်ခသံ
သောသောညံမျှ ကြားနိန်ရ၏။
စဉ်းစားကြည့်ဖိ တွေးကြည့်ဖိအမောင်
နားထောင်ကြည့်ဖိ သွီးဆူဘိလော။
ရခိုင်ရွှီနန်း ပြေင်ဝင်းတောက်ပ ကြီးခေါင်မကို
ခွာချသယ်ယူ သူရို့မူအဖြစ်
ဖျော်ထုသွန်းလုပ် သမိုင်းရုပ်ခေါင်းလောင်း
အသွင်ပြောင်းကာ
မဟာဗမာ ကြီးကျယ်စွဟု
အောင်စည်တီးခတ် လျောက်လာကတ်စွာ
နှစ်ပေါင်းနှစ်ရာ ကျော်လားဗျာယ်ယေ။
ငါရို့ရခိုင်ပြည်မဏ္ဍိုင်ကား
နန်းယိုင်လဲပြို
စည်ဗဟိုရ်လည်းပျောက် ပြည်မီးတောက်ကာ
ထိုမှဂုတိုင် နလံမထူနိုင်ဘဲ
မိတ္ဆာလူမျိုးလက်အောက် ကျွန်သဘောက်ဘ၀မှာ
ပျော်ရွှင်စရာ ၀ီးကွာဆိတ်သုဉ်း သင်္ချိုင်းကုန်းပိုင်
တပြည်လုံးဒုကခ ရောက်နိန်ရရေ။
ဒေမိတ္ဆာဆိုး ဗမာတိကို
ငါရို့၏ဌာနီ ရခိုင်ပြည်မှ
သုတ်သင်မောင်းထုတ် ပြည်သစ်လုပ်ဖို့
အမောင်အားထုတ်နိုင်ပါစီ....။ ။
ကျနော်lovearakanအားလုံးကိုမင်္ဂလာပါးးးးးးးးးးးးး

No Response to "မင်းကွန်းခေါင်းလောင်းထဲ မှ ငိုကြွီးသံ"

Leave A Reply