Monday, December 31, 2012

မနောဒဏ်ရာ

Posted on 7:49 PM by tun tun




မနောဒဏ်ရာ
မောင်လွမ်းဏီ

ချိုးငှက်အစား၊ လင်းတနား
ရွှေဟင်္သာလား၊ လင်းယုန်လား၊

ဝေဟင်ပျံသွား၊ ချိုးငှက်လား
လေယာဉ်ပျံလား၊ စစ်မက်ဖျား၊

ဂျိမ်းဖောမိခင်၊ ခါးထစ်ခွင်ထား
စစ်မြေပြင်က လူမမယ်များ။

နေနိုင်သူလား၊ ရန်သူလား
မိတ်ဆွေပဲလား၊ ချစ်သူလား။

အာဏာရှင်မွှေးတဲ့ ပြည်တွင်းစစ်
ခရိုနီမွေးတဲ့ အိမ်ကြက်စစ်
အနှစ် ၆၀ ကျော်ပြီလား
အနှစ်တရာ တိုင်မှာလား။

ဘာနှစ်သစ်လဲ၊ ၂၀၁၃
ငါမုန်းတဲ့စစ်၊ ငါပစ်ပယ်ရင်
ပင်လုံအိပ်မက်
ရေပွက်ပမာ ခဏတာ။ ။

မောင်လွမ်းဏီ
၃၁-၁၂-၂၀၁၂

No Response to "မနောဒဏ်ရာ"

Leave A Reply