Thursday, August 1, 2013

လိပ်အခွန်နွှာသည့်အာဇာနည်

Posted on 8:07 PM by tun tun



------------------------------
-

ရူပမြောက်ရပ်lမြို့ စစ်တွေ

... မွေးရပ်ဇာတိlရခိုင်ပြည်မှာ

မိခင်ဝမ်းကြာlမွေးသန္ဓေကား

တနင်္ဂနွေရက်မြက်l၂၇မှာ

ဒီဇင်ဘာလl၁၈၇၉

အေးချမ်းနိမိတ်lဇွဲသစ်အားမာရ်

ရက္ခဝေဟင်lဝိရိယလျှံထွက်

မိုးမှောင်ညနက်lသွေးစွမ်းစေသူ

ကုလားဖြူနယ်ချဲ့ lငါ့ပြည်ငါ့ရွာ

ငါ့မြန်မာမှlအခုထွက်သွားး

လိပ်ခွန်နွာဖို့ lဗုဒ္ဓကြည်နီ

ဂဝေသီကိုlအာဂရက္ခ

ဇမ္ဗူကျွမ်းမှာlအေ့သည်ညီနောင်

သူ သုံးဖော်နဲ့ lမိခင်အောင်ကျော်သူ

ဘဦးမြကlကြည်စင်ရွှေသား

လောင်းလျှာကြည်နီlဥတ္တမမဌေကို

သန့် စင်မွေးဖွါးlမတစ်ထောင်မှ

တစ်မောင်ဖွါးသည်.......။ေ


မြန်မာပြည်ဖွါးlညီနောင်များတို့ 

ရှေ့ ခေတ်စဉ်လာlအာဇါနည်ကား

အမျိုးစောင့်သူlသွေးစစ်သူနဲ့ 

တိုင်းချစ်ပြည်ချစ်lမိသားစုချစ်မှ

အာဇာနည်တင်lမြှောက်စားရာ၏

ရွှေပြည်မြန်မာlလွပ်လပ်စေကြောင်

ထိုးဖေါက်ဖွှေရှာlဥတ္တမမှာ

မြန်မာ ပါဋ္ဌိlသက္ကတ ဘင်္ဂလီ

ဟိန္ဒူ ဂျပန် lအင်္ဂလိပ် နာဂရီ

ပြင်သစ်ဘာသာlဤကိုးဖြာနှင့်

ကိုယ့်ဝမ်းမငဲ့lပြည်ကိုကြည့်၍

လုပ်ကြမ်းထောင်ဒဏ်lခါခါဖန်ဖန်

သူကျခံပြီးlကိုယ့် ပြည်လွတ်ကြောင်း

တရားဒေသနာlဘာသာစာကို

သူဟောကြားစဉ်lသင်္ကန်းကိုချွတ်

အဝတ်ဖြူဝတ်စေlကြိမ်ကျစေနဲ့ 

ဒုက္ခမျိုးပေါင်းlထွက်ထွက်ကြေအောင်

ကုလါးဖြူနှိပ်စက်lနလံအရေး

မဌေထူဖို့ lခက်ခဲစော်ပင်

၉ရက် စက်တင်ဘာl၁၉၃၉ ခုမှာ

ဘဝနတ်ထံlကွယ်လွန်တော့သည်...။

ပြည်မြန်မာဖွားlညီနောင်များတို့ 

မမေ့အပ်lအာဇာနည်

သျှင်မဌေအားlအစဉ်ဦးညွတ်

၉ ရက်စက်တင်ဘာlမိုးပြိုညမှာ


မချိမလှ lကြွေကျမျက်ရည်

ဝမ်းနည်းအမှတ်ရ lဂုဏ်ယူစွာဖြင့်

ကန်တော့ရင်းပါ lအာရှ ဖခင်......။




ရေး -ဇင်မင်းည္ဓို

No Response to "လိပ်အခွန်နွှာသည့်အာဇာနည်"

Leave A Reply