Sunday, September 8, 2013

(အော် ဒုက္ခ ဒုက္ခ)

Posted on 7:21 PM by tun tun

       ၇၄ ကြိမ်မြောက်၊ ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် အခန်းအ
နားများကို ရခိုင်ပြည်နယ်အနှံ့အပြားတွင် ကျင်းပမည်
——————————————————ွ
၊ စက်တင်ဘာ- ၈
ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် အခန်းအနားများကို ရခိုင်ပြည်နယ်အနှံ့အပြားရှိ မြို့တိုင်းတွင်ကျင်းပ ပြုလုပ်သွားမည်ဖြ
စ်ပြီးရခိုင်ဒီမိုကရေစီပါတီနှင့်တိုင်းရင်းသားတိုးတက်ရေးပါတီတို့တွင်လည်းအခန်းအနားများကျင်းပပြုလုပ်သွားမည်ဟုသိရသည်။၇၄ ကြိမ်မြေ…ာက် ဆရာတော်အသျှင်ဦးဥတ္တမနေ့အခမ်းအနားတင် ပန်းခွေကျခြင်းများပါဝင်မည်ဖြစ်ပြီး အုပ်စု လိုက်၊ အဖွဲ့အစည်းအလိုက်လည်း ပန်းခွေများလာရောက်ချထားကြမည်ဖြစ်သ
ကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ရှိသံဃာတော်များမှလည်း ပန်းခွေများဖြင့်ပူဇော်ကြမည်ဖြစ်သည်။
အလားတူစွာပင် ဆရာတော် ဦးဥတ္တမသီတင်းသုံးတော်မူခဲ့သော ရေ
ွှစေတီကျောင်းတိုက်တွင်လည်း အခန်းအ နားများကို စည်ကားစွာ
ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းသည် ယခင်နှစ်ကထက်ပိုမိုစည်ကား 
စွာ ပြုလုပ်မည်ဖြစ်ရာ လူထုတစ်ရပ်လုံးလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်းပေးခဲ့သော မျိုးချစ်အာဇာနယ်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည
့် ဆရာတော် သည် နယ်ရှေ့မကြောက်တရားများကိုဟောကြားခဲ့သူဖြစ်ပြီး မြန်မာသမိုင်း၊ ရခိုင်သမိုင်းတွင်ထင်ရှားခဲ့သော ဆရာတော်တစ်ပါးဖြစ်သည့်အပြင် ကမ္ဘာက အသိအမှတ်ပြုခဲ့ရသော ဆရာတော်လည်းဖြစ်ပါသည်။
ဓါတ်ပုံ -Arakan Photo .com
အော်------ ဒုက္ခ ဒုက္ခ  ဟာသပြကွက်လို့ ပြောရဖို့လား ဝမ်းနည်းဖို့ကောင်းရေလို့ ပြောရဖို့လား မသိဗျာလ်နန်း အေနိန့် အချိန်မှာ ဆရာတော်ဘုရားကြီး အသျှင် ဉူး ဉတျွှမ အသက်ပြန်ရှင်လာဖို့ဆိုကေ ရယ်ရဖို့လား ငိုရဖို့လား ပျော်ရဖို့လား ဝမ်းနည်းရဖို့လား ဆိုစွာ ဆရာတော် ကိုယ်တိုင်သိနိုင်လီဖို့မဟုတ်ပါ၊ ဆရာတော်သက်ဆုံးဆံဖျား ကြိုးပမ်းခရေ အမြင့်မြတ်ဆုံးသော လွတ်လပ်ရေး အနှစ်သာရကို ခံစားသူက ခံစားပနာ ကျွန်ဖြစ်သူက ဒေနိန့်ထိ ကျွန်ဖြစ်တုန်းသိ၊ ဆရာတော်ကရခိုင်သားအစစ်ဖြစ်ပြီးကေ ရခိုင်သားအစစ် ချပီးခရေ လွတ်လပ်ရေးမျိုးစိကို  ရခိုင်သားအစစ်ဖြစ်တေ ကျနော်ရို့တိပါးမှာ ကျွန်မျိုးစိ အဖြစ်ပြောင်းလဲ လားစွာကို ဆရာတော်မြင်ဝံ့ တွေးဝံ့ လီဖို့လားနန်း၊ ယေပြီးကေ မသမာရေ ရခိုင်ဂေါင်းဆောင် တချို့ ဆရာတော်အတွက် အောက်မိန့်ရေယောင်ဆောင်ပနာ အခမ်းအနား ပွဲသဘင်နန့် နီးစပ်ရာ ရခိုင်မိသားစုတိကိုခေါ် ဓါတ်ပုံအဝရိုက် ယင်းဓါတ်ပုံကို ပြပနာ နိုင်ငံတကာအဖွဲ့စည်းပါးမှာ ဖယ်သာတောင်း ရသမျ ဖယ်သာကို ကိုယ့်အိတ်မှာထည့်လို့မျိုးချစ်ပြတတ်တေ၊ ရာသက်ပန် ဉက္ကဌ  ရာသက်ပန် အတွင်းရေးမှူး ရာသက်ပန် နာယက ရို့ကို ဆရာတော် အသက်ပြန်ရှင်လာကေ ဇာပြောပါဖို့လဲ၊ ပြတ်သားရေး သတွျှိနန့် (ဝေး ကရက်တောက်) လို့ ပြောပါဖို့ မဟုတ်လား၊ ဆရာတော်က သပိတ်နန့်တောင်းရေ လွတ်လပ်ရေးကို ကျွမ်းကျင်ရေ ဂေါင်းဆောင်တိက သပိတ်တောင်မလိုရေ လက်ဝါးချေနန့် ဖယ်သာ တောင်းတတ်နိန်ဗျာလ်ဆရာတော်ဘုရား၊ ဆရာတော်ဟောပြောခရေ လွတ်လပ်ရေးတရားကြောင့် အာရှ နိုင်ငံတိမှာ လွတ်လပ်တေဘဝတိကို တန်ဖိုးကြီးစွာ အသုးံချနိန်ရေအတွက် စက်ရုပ်ကို လူတယောက်ပိုင် ခိုင်းစေလို့ လကမ္ဘာက ပြည်သူကို နုတ်ဆက်နိန်ချိန်မှာ မသမာရေ ကျနော်ရို့ ဂေါင်းဆောင်တိက အရက်ဖို့ပီးလို့ ရခိုင်သားစင်စစ်ကို လူမိုက်လုပ်ခိုင်းနိန်ပါရေဘုရား၊ အဂုချိန်မှာ ဆရာတော် အသက်ပြန်ရှင်လာကေ ဒေပိုင် ထာဝရ လူကြီးကို ဇာပြောပါဖို့လဲ(ဝေး ကရက်တောက်) လို့ ပြောပါဖို့ မဟုတ်လား၊ အဂု ဆရာတော် ကြိုးပမ်းမူကြောင့် အရှနိုင်ငံတိက နိုင်ငံသားတိမှာ သာယာဝဖြိုးလို့ နိုင်ငံတကာကို အပမ်းဖြေ လည်ပတ် နိန်ချိန် ကျနော်ရို့ရခိုင်သားရို့မှာ ထမင်းမဝလို့ နိုင်ငံတကာကို ကျွန်ခံဖို့ထွက်နိန်ရပါရေ၊ ကျနော်ရို့ ကျွန်ဘဝနန့် ရောက်တေနိုင်ငံမှာ မိမိရို့ရခိုင်ပြည်ကြီးကို ကျွန်ခံလို့ရရေ ဖေသာချေတိနန့် တဖက်တလမ်းကကူညီခွင့်ရအောင် အဖွဲ့တိဖွဲ့ပနာ စည်ကားလို့ပျော်ဖို့ကောင်းနိန်ရေ အချိန်မှာ မသမာရေ ထာဝရဂေါင်းဆောင်တိ မိမိ ကိုယ်ကျိုးအတွက် အိတ်ထဲကို ထည့်ပလိုက်ပြန်ဗျာလ်အသျှင်ဘုရား၊ ဒေ မသာမာရေ ဂေါင်းဆောင်တိ အကြိုက်ဆုံးနိန့် တနှစ်မှာ လေးရက်ဟိန့်ပါရေ၊ အသျှင်ဉီးဉတျွှမ နိန့် ဆရာကြီး ဉီး ဉီးသာထွန်းနိန့် ဆန်ပြသနာ နိန့် ရခိုင်ပြည် အချုပ်အချာ ကျဆုံးရေ နိန့် တိဖြစ်ပါရေ၊ ဓါတ်ပုံအဝရိုက်ပနာ ဝင်ငွေကောင်းရေနိန့်တိပါ၊ ဆရာတော်ရို့ နိုင်ငံရေးသမားမှာ ကိုယ်ပိုင် အပ်တချောင်းတောင် မဟိန့်ခကေလည်း အဂုမသာမာရေနိုင်ငံရေးဂေါင်းဆောင်တိမှာ အလုပ်မလုပ်ပဲချမ်းသာနိန်ပါရေဘုရား၊ သူရို့တိ ရခိုင်ပြည်ကို ချစ်အားကြီးလို့ ပခုံးသုံးဖက်နန့်ထမ်းထားပါရေ ကျန်ရေမျိုးဆက်သစ် လူငယ်တိ ထမ်းဖို့မလိုပါဗျလ်အရှင်ဘုရား၊  လူတယောက်မှာပခုံးနှစ်ဖက်ရာဟိန့်ရေ ဇာပိုင်ဖြစ်လို့ ပခုံးတဖက်တိုးလာရောင် ဆိုပနာ မအန့်သြပါကေ့အသျှင်ဘုရား၊ သူပိုင်ထားရေရာထူးကို လူငယ်ချေတိပါး ပခုံးပြောင်းပီးရဖို့ကြောက်လို့ မယားပခုံးတဖက်ကို ငှားသုံးထားစွာပါဘုရား၊ ဆရာတော်ဘုရား ချပီးခရေ နိုင်ငံရေးမျိုးစိကို အလွယ်တကူ ကောက်ယူပနာ ရခိုင်ပြည်မပျောက်သမျ ငါရို့ဝင်ငွေလည်း မပျောက်စီရ ဆိုရေမူဝါဒ နန့် နှစ်ပေါင်းများစွာစားလာဂတ်စွာ ဒေတနိန့် ရခိုင်ပြည်သူတိမှာ ခိုးဝင်လာရေ ဘင်္ဂလီ တိပါးမှာတောင် လည်လှီးခံနိန်ရပါဗျာလ် ယေကေလည်း စားကောင်းလို့ အိပ်ကောင်းတုန်းပါသိအသျှင်ဘုရား၊ သတျွှိပြောင်မြောက်တေ အသျှင်ဝိဉဏ် အသစ်တဖန် လူပြန်ဖြစ်လို့ အကျင့်ယုတ်ဂေါင်းဆောင် ဂုတ်မဖေါ်အောင် ထပ်ကါတလီ မောင်းထုပ်ချင်သည်၊ (ဝေး ကရက်တောက်) ထွက်စေသော်-----အော် ဒုက္ခ ဒုက္ခ--------။ ဆရာတော်အား ဂုဏ်ပြုလျက်  ဆရိန်ရ နဒီ ကျော်မင်းခိုင်

No Response to " (အော် ဒုက္ခ ဒုက္ခ)"

Leave A Reply