Saturday, September 7, 2013

မြန်မာ့နိုင်ငံရေးမှာ သ...မိုင်းစာမျက်နှာ အသစ် ဖွင့်လိုက်တဲ့ စံပြလုပ်ရပ်

Posted on 6:09 PM by tun tun

 
မန္တလေးမြို.မှာ ဒီကနေ. ကျင်းပပြုလုပ်တဲ့ သမ္မတဦးသိန်းစိန်ထောက်ခံပွဲနှင့် UN လူ.အခွင့်အရေးအရာရှိ ကင်တားနား ဆန်.ကျင် ကန်.ကွက်ရေး ဆန္ဒပြပွဲ ဟာ မြန်မာ့နိုင်ငံရေးမှာ သ...မိုင်းစာမျက်နှာ အသစ် ဖွင့်လိုက်တဲ့ စံပြလုပ်ရပ်ဖြစ်
လို. ဒီပွဲကို ဦးဆောင်စီစဉ်သူ ဆရာတော် ဦးဝီရသူနှင့်တကွ အားလုံးကို လေးစား ဂုဏ်ပြုရမည် ဖြစ်ပါသည်။ အကြောင်းကတော့ မြန်မာ့နိုင်ငံရေးကို ပြည်ပကနေ အထူးသဖြင့်နိုင်ငံခြားသားတွေ NGOs တွေက လွှမ်းမိုးထားတဲ့ အစဉ်အလာကနေ ရုန်းထွက်ပြီး အခုတော့ မြန်မာတွေဟာ ကိုယ့်နိုင်ငံနှင့်ဆိုင် တဲ့အသံ VOICE OF MYANMAR ကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့ပါပြီ။ နောင်မှာလည်း အခုလိုပဲ မြန်မာ့အရေးကို ၀င်ပြီး စွက်ဖက်တဲ့ အနိုင်ကျင့်တဲ့ ပြည်ပ နိုင်ငံခြား NGOs တွေ လူပုဂ္ဂိုလ်တွေ အစိုးရတွေကိုလည်း ဒီလိုနည်း လမ်းဖြင့် သူ.အမြင် သူ.တို.သဘောထား သူတို.ရဲ့ အစီရင်ခံစာတွေ ကြေညာချက်တွေ ရပ်တည်ချက်တွေ ပြောဆိုချက်တွေဟာ မြန်မာပြည်သူတွေ၏ ခံစားချက် ရပ်တည်ချက် အမြင်တွေကို ကိုယ်စားမပြုပဲ ဆန်.ကျင်ဖက် ဖြစ်နေတယ်ဆိုတာကို အခုလိုပဲ လူသိရှင်ကြား ဖော်ထုတ်ရမည် ဖြစ်ပါသည်။ အကြောင်းကတော့ နိုင်ငံခြားအစိုးရတွေ သတင်းမီဒီယာတွေ NGOs တွေ လူပုဂ္ဂိုလ်တွေဟာ သူတို.ကို လူအများက ဆန်.ကျင် ကန်.ကွက် မထောက်ခံဖူးဆိုတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ Social Media တွေမှာ ကျယ်ကျယ် ပြန်.ပြန်. ပြန်.နံ.တာမျိုး Public Image ထိခိုက်မှာမျိုး အများအမြင်မှာ မကောင်းပဲ သူတို. လုပ်ရပ်တွေကို လူအများစုက မထောက်ခံဖူး ကန်.ကွက်တယ် သူတို.အဖွဲ.အစည်းတွေကို လူတွေက ဆန်.ကျင် ကွက်ကွက်တယ်ဆိုတဲ့ သတင်းဓာတ်ပုံတွေ ဗွီဒီယို ဖိုင်တွေ အင်တာနက်မှာ ပြန်.နံ.မှာကို ကြောက်ရွံ.သူတွေပါ။ အဲဒီလို ဖြစ်ရင် သူတို.ရဲ့ ၀င်ငွေကို ထိခိုက်ပြီး သူတို.ရဲ့ Credibility နှင့် Moral Authority ကိုပါ တိုက်ရိုက် စိမ်ခေါ်ခံရတာမို. ဒါမျိုးတွေဖြစ်မှာကို အတော်ကြောက်တတ်သူတွေပါ။ ဒါကြောင့် မီဒီယာနှင့် လုပ်စားတဲ့အဖွဲ.တွေဟာ သူတို.မကောင်းကြောင်း လူတွေက မထောက်ခံကြောင်းကို မီဒီယာတွေမှာ ပြန်.နံ.နေမှာ ပါနေမှာကို စိုးရိမ်တတ်တဲ့သူ ဂရုစိုက်တတ်တဲ့သူတွေမို. အဲဒီလူတွေကို အခု ဒီကနေ. မန္တလေးမှာ ဆရာတော် ဦးဝိရသူတို. လုပ်တဲ့ လူထုဆန္ဒပြမှုနဲ. လူသိ ထင်ရှား ကန်.ကွက်ပြတဲ့နည်းဟာ မြန်မာ့နိုင်ငံရေးမှာ ပုံစံသစ် စံပြလုပ်ရပ်အဖြစ် သမိုင်းတွင်သွားမည် ဖြစ်ပါသည်။ ဒီလိုနဲ. မြန်မာပြည်ရဲ့ အသံကို မြန်မာပြည်သူတွေ ထိမ်းနိုင်မည် ဖြစ်ပါသည်။  facebook

No Response to " မြန်မာ့နိုင်ငံရေးမှာ သ...မိုင်းစာမျက်နှာ အသစ် ဖွင့်လိုက်တဲ့ စံပြလုပ်ရပ်"

Leave A Reply