Wednesday, September 11, 2013

( တစ်ဂူထဲက ခြင်္သေ့နှစ်ကောင် နင့် ထူးခြားသော ပုဂ္ဂိုလ်များ )

Posted on 7:05 PM by tun tun





စင်စစ်အားဖြင့် ဂူဆိုသည်က ခြင်္သေ့နှစ်ကောင် မအောင်း ။ အားမန်အပြည့်နှင့် ရှိတတ်သော တိရိစ္ဆာန်တို့ ၏ ဘုရင် ခြင်္သေ့တို့ မှာ တစ်ကောင်တည်းသာ နေသည် ။ ခုတော့ ကျနော်က တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေကြပြီဟု မော်ကွန်းကဗ္မည်း ရေးဖြစ်ခွင့် ကြုံပါတော့သည် ။ သူတို့ ကား တိရိစ္ဆာန်မဟုတ် ။ ရန်ကုန်က ရခိုင်လူမျိုးဖြစ်သည် ။ တိတိကျကျ ပြောရလျှင် စစ်တွေသားများဖြစ်သည် ။ ကျနော်ပြောပါမည် ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့် ဥပဒေပညာရှင် ဦးသန်းမောင်တို့  ညီနောင်နှစ်ဦးကို သတိထားမိလာသည်မှာ ကြာမြင့်ပါပြီ ။ သူတို့ နှင့် ကျနော် အဆက်အစပ် မရှိသော်လည်း သူတို့ ၏ အမေ့မောင်အရင်းခေါက်ခေါက်ဖြစ်သူ ဒုပြည်နယ် ဥပဒေအရာရှိ ဦးအေးမောင်ကား ကျနော့်သူငယ်ချင်းဖြစ်သည် ။ ဦးအေးမောင်၏ မိန်းမဖြစ်သူသည် ကျနော်တို့ နှင့် လွန်စွာရင်းနှီးသလို ဦးအေးမောင်၏ ဆိုးမွေကောင်းမွေကို ခံရသလို ကျနော်တို့ ၏ ဆိုးဒဏ်ကောင်းဒဏ်ကိုလည်း တော်တော်ခံရသူဖြစ်သည် ။ ကျောက်ကပ်ရောဂါကြောင့် ကွယ်လွန်ခါနီးထိ ကျနော်တို့ သည် သူမအနားမှာ တစ်ချိန်လုံး ရှိနေပြီး ကွယ်လွန်သွားသည့်နေ့ ပင် ဦးအေးမောင်နှင့် ကုတင်တစ်လုံးထဲ နှစ်ယောက်ကပ်ပြီး အိပ်စက်နေခဲ့ သည်ထိ ရင်းနှီးခဲ့ သူဖြစ်သည် ။
မိန်းမကွယ်လွန်လျှင် ငိုယိုသောသူမှာ ရက်သတ္တတစ်ပါတ် မပြည့်ခင် နောက်အိမ်ထောင်ပြုသည်ဟု ကျနော်က ပြောဆိုထားရာ ဦးအေးမောင်ခမြာ မိန်းမကို မြေမြုပ်သဂြိုလ်နေသည့်တိုင် မျက်ရည် တစ်ပေါက် ကျမပြသူဖြစ်သည် ။ အိမ်ရောက်တော့ ဖခင်ဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံအား သက်သေပြ တိုင်တည်ပြောဆိုပါတော့သည် ။ ဦးအေးမောင်မှာ ရန်ကုန်မြို့ သို့  နောက်ပြောင်းရွှေ့ သွားပြီး နေထိုင်သွားသည် ။ သူပြောသလို နောက်အိမ်ထောင်လည်း မပြု ။ သားသမီးလေးများအား ပြုစုစောင့်ရှောက် ကျွေးမွေးသုတ်သင်ယင်း ကွယ်လွန်သွားတော့သည် ။ သူကွယ်လွန်ချိန်မှာ ကျနော်ကား အမေရိကကို ရောက်ရှိနေပြီဖြစ်သည် ။ ကျနော်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေထဲတွင် သူပါသလို ၈ွမြို့ နယ်မှာ အတူအစိုးရာတ၀န်ဖြင့် နေခဲ့ ကြစဉ်က အတူတူ စားဖေါ်သောက်ဖက် ဖြစ်ခဲ့ သည် ။ နှစ်ယောက်စလုံး စစ်တွေမြို့ ရောက်တော့ ပိုမိုထိတွေ့ နေခဲ့ ကြသည် ။
ကျနော်က ဦးအေးမောင်ကို ကြိုက်သောအချက်တစ်ချက်ရှိသည် ။ သူပြောသလို သူက လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဖြစ်သောကြောင့် ဗဟိုတရားရုံးရှေ့နေကြီးဖြစ်သော ဖခင်ဖြစ်သူ ဦးမောင်သာဇံနှင့် နေအိမ်တစ်ခုထဲတွင် နေထိုင်၍ မသင့်တော်ဟု ဆိုကာ သီးခြားနေတော့သည် ။ အိမ်ခန်းရှာမရသောအခါ ပြည်နယ်ဥပဒေရုံးမှာ အခန်းဖွဲ့ ၍နေသည် ။ နောက်မြို့ ထဲမှာ ငှားနေသည် ။ အိမ်ငှားနေယင်းပင်း မိန်းမဖြစ်သူ ဆုံးရှာပါတော့သည် ။ ဗဟိုတရားရုံးရှေ့နေကြီး ဦးမောင်သာဇံသည် ကျနော်နှင့် ရင်းနှီးသည်မှာ ဦးအေးမောင်ကြောင့်မဟုတ် ။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ စစ်တွေမြို့ နယ် အမှတ် ( ၂ ) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ကျနော်တို့ ၏ တစ်သီးပုဂ္ဂလအဖြစ် တက်ရောက်သူ ကိုဦးညွန့် မောင်နှင့် ယှဉ်ပြိုင်သူဖြစ်သည် ။ ထိပ်တိုက်မယှဉ်ပြိုင်ခင် ကျနော်သည် တပ်ပေါင်းစုရုံးသို့ သွားနေတတ်သလို ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့ လည်း မကြာမကြာ သွားနေသူဖြစ်သည် ။ ထို့ ကြောင့် မည်သူနှင့်မဆို ကျနော်သည် နိုင်ငံရေးအရ ခင်မင်ရင်းနှီးပြီးသားဖြစ်သည် ။ တစညပါတီမှ အပ ကျန်သော မည်သည့်ပါတီမှ
မဆို နိုင်ငံရေးသမားပါဟု ရင်ကော့ပြောဆိုသူများနှင့် ရင်းနှီးစွဲရှိသည် ။ သို့ ဖြစ်၍ ရှေ့နေကြီး ဦးမောင်သာဇံနှင့်လည်း ရင်းနှီးသည် ။
ဆိုကြပါစို့  ။ ကျနော်တို့ သည် -၁၉၉၀- ခုနှစ်မှာ ယှဉ်ပြိုင်ခဲ့ ကြသူများဖြစ်သည့်တိုင် ပါတီစွဲ လူစွဲ မရှိကြချေ ။ ဆရာဦးမောင်စောဖြူ ၊ ဦးအောင်စိန်သာ ၊ ဦးညွန့် မောင် ၊ ဦးသာနိုး ၊ ဦးထွန်းအောင်ကျော် ၊ ဦးကံကြီးမောင် ၊ စသူတို့ သည် ပါတီကွဲကြသော်လည်း စိတ်ဝမ်းကွဲမနေခဲ့ ကြ ။ တစ်ချိန်တည်းမှာပင် -၂၀၁၀-ရွေးကောက်ပွဲတွင် ဖေါ်ပြခဲ့ သော ၄င်းသူများသည် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဖြစ်နေကြပြီ ။ ကိုဦးညွန့် မောင်လည်း ကွယ်လွန်ခဲ့ ၍သာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မလာခဲ့  ။ သို့ အတူ ရှေ့နေကြီး ဦးမောင်သာဇံလည်း အသက်အရွယ်ကြီးမြင့်ခဲ့ ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်မလာခဲ့  ။ သို့ သော် ရှေ့နေကြီး ဦးမောင်သာဇံ၏ မြေးဖြစ်သူ ဦးဇေါ်အေးမောင်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်တော့သည် ။ ခုတော့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဟူ၏ ။
ကျနော်သည် ဘမျိုးဖိုးတူ ဖြစ်နေသော တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်၏ ရခိုင်လူမျိုးများအရေးနှင့် ပါတ်သက်၍ သူ၏ဆောင်ရွက်ချက်များကို ဂရုပြုမိလာသည် ။ တစ်ချိန်တည်းမှာပင် တစ်ခေတ် တစ်ချိန်က စတီရီယိုအဆိုတော် နာမည်ကြီးသော ဥပဒေပညာရှင် ဦးသန်းမောင်ကိုလည်း သတိပြုမိလာသည် ။ သူတို့ ညီအစ်ကို နှစ်ယောက်သည် မြန်မာနိုင်ငံအစိုးရ၏ လွပ်လွပ်စွာ ပွင့်လင်းလာသော ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းကဏ္ဍတွင် အရေးပါလာသူများဖြစ်လာသည်ကို တွေ့ ရသည် ။ ကျေနပ်အားရအောင်ထိ သူတို့ ညီနောင်နစ်ယောက်၏ ဆောင်ရွက်ချက်များကို မလေးစား၍ မနေနိုင်လောက်အောင် မြင်တွေ့ လာရပြီ ။
မနေ့ က မြန်မာ့လွပ်လွပ်ရေးမျိုးစေ့ချသူ လွပ်လွပ်ရေးသုခမိန် ဆရာတော်ဦးဥတ္တမ၏ ရ၄-နှစ်မြောက် နေ့ အောက်မေ့ဘွယ်အခန်းအနားကို ကျင်းပသည် ။ ခန်းလုံးပြည့် လူတွေ လူလာကြသည် ။ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ မင်းကိုနိုင် အပါအ၀င် ရွှေည၀ါဆရာတော် ၊ အရှင်ဝီရသူ ၊ အရှင်ပါမောက္ခတို့  ကြွရောက်ချီးမြှင့်လားသည်ကို မြင်တွေ့ ရသည် ။ စက်ဘီးတပ် ကုလားထိုင်ဖြင့် ဦးသာထွန်းခိုင်လည်း ရှေ့တန်းမှ လာရောက်သည်ကို မြင်ရသည် ။ အခန်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်သည် နေ့ မအားညမအား ကြိုးစားပမ်းစား ဆောင်ရွက်များကား ပင်ပမ်းခံကျိုး နပ်ပေပြီ ။ ဥပဒေပညာရှင် ဦးသန်းမောင်၏ ရေးသားသော စာတွင် စင်ပေါ်သို့ မတက်ရောက်ရသော်လည်း အခန်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ဖို့  ကာယအား ၊လူအား ၊ စည်းရုံးရေးအားနှင့် အောက်ခြေသိမ်းပုဂံဆေးမှ အမှိုက်လှည်းသမားထိ ကြိုးစားကြသူများကြောင့်သာ ဤအခန်းအနားမှာ ရခိုင်လူမျိုးတို့ အတွက် ဂုဏ်ယူစွာ အောင်မြင်ပါကြောင်း မှတ်တမ်းတင်ဓါတ်ပုံဖြင့် ရေးသား တင်ပြသည်ကို တွေ့ ရသည် ။ ဤသည်မှာ ယခုပွဲအခန်းအနားသည် ရခိုင်လူမျိုးတစ်ရပ်လုံးက ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြသောကြောင့် အောင်မြင်စွာ ပြီးဆုံးခဲ့ သည်ဟု သူက ပြောဆိုခြင်းဖြစ်သည် ။ ရခိုင်လူမျိုးတို့ သည် ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ၏ ပျံလွန်တော်မူသော စက်တင်ဘာကိုးကို ဘယ်သောအခါမှ မေ့ပျောက်၍ရသူများ မဟုတ်ကြ ။ သို့ အတူ လွပ်လွပ်ရေးသုခမိန် ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုစွာဖြင့် ရနှ်ကုန်မြို့ မှာ ဦးဥတ္တမပန်းခြံကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုကြသည်မှာလည်း မျိုးချစ်စိတ်ကို အရင်းခံပြသလိုက်ခြင်းဖြစ်သည် ။ မြန်မာနိုင်ငံရေးတွင် ဆရာတော်ဦးဥတ္တမကို လေးစားမှ -ဂုဏ်ပြုတတ်မှ- ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှ -ဂုဏ်ပြုတတ်မှ စစ်မှန်သော ထူးခြားသည့် ပြည်သူချစ်သော နိုင်ငံရေးသမားကောင်း ဖြစ်မည်မှာ သေချာသည် ။ ယခုလည်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့် ဥပဒေပညာရှင် ဦးသန်းမောင်တို့  ညီနောင်နှစ်ဦးမှာ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင် အောင်းသလို ရခိုင်လူမျိုးအရေးနှင့် ပတ်သက်လာပါက ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေကြသည် ။ သူတို့ ၏ ကြိုးပမ်းချက်များနှင့် အခြားပုဂ္ဂိုလ်များ၏ ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့်  ရွှေည၀ါ ဆရာတော်နှင့် အရှင်ဝီရသူ- ဆရာတော်ပါမောက္ခတို့ လည်း ကြွရောက်ချီးမြှင့် လာသည်ကို ပရိတ်သတ်ရှေ့၌ ဖူးမှော်ရဖြစ်သည် ။ စင်စစ် ဆရာတော် ဦးဥတ္တမ၏ လွပ်လွပ်ရေးစိတ်- မျိုးချစ်စိတ်သည်ကား မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတို့ အတွက် မျိုးစေ့ချပေးခဲ့ သည်မှာ အမှန်တရားဖြစ်သည် ။ ယခုမြန်မာနိုင်ငံကို ကယ်တင်လိုသည့် စစ်မှန်သော နိုင်ငံရေးသမားကောင်းများသည် ဆရာတော်ဦးဥတ္တမ၏ ခြေတော်ရင်းကို ရောက်ရှိဝပ်စင်းခဲ့ ကြပြီ ။ သို့ ဖြစ်၍ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင်နှင့် ထူးခြားသော ပုဂ္ဂိုလ်များဟု ကျနော် မော်ကွန်းကဗ္မည်းတပ်ရေးသား လိုက်ရခြင်း ဆိုပါလျှင် လွန်အံ့မထင်ပါလေ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )


( ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့်  ဥပဒေပညာရှင် ( အဆိုတော် ) ဦးသန်းမောင်တို့  ညီအကိုမောင်နှမ သုံးဦး က ဤသို့  ရခိုင်အရေးမှာ မြင်တွေ့ရ၏ )

No Response to "( တစ်ဂူထဲက ခြင်္သေ့နှစ်ကောင် နင့် ထူးခြားသော ပုဂ္ဂိုလ်များ )"

Leave A Reply