Wednesday, September 11, 2013

ပေါက်တောတွင် ဘင်္ဂါလီ ခုနစ်ဦးက ကျွဲထိန်း နှစ်ဦးအား အကြမ်းဖက်ကာ ကျွဲခြောက်ကောင်ကို လုယက်သွား

Posted on 7:07 PM by tun tun



====================

( Coral Arakan News / ၁၁ စက်တင်ဘာ ၂၀၁၃ )

ပေါက်တောမြို့နေ ဇီးချိုမော်ရွာနေ ဦးမောင်သာလှ၏သား ဦးဦးထွန်းသိန်းတွင် စားကျက်မလုံလောက်သောကြောင့် ကြက်သရေကျေးရွာအနီး စားကျက်ဝယ်၍ ကျွဲ (၁၃) ကောင်အား ကျက်သရေကျေးရွာနေ အဖိုးတော်စပ်သူ ဦးမောင်စိန် (ဘ) ဦးမဲကျော် (၆၈-နှစ်) နှင့် လယ်လုပ်သား ကျွဲထိန်း မောင်ထွန်းစံ (ဘ) ဦးအေးစိန်အောင် (၂၅-နှစ်) တို့ နှစ်ဦးအား ထိန်းသိမ်းစောင့်ရှောက်ရန် ငှားရမ်းထားပါသည်။

ကြက်သရေကျေးရွာနှင့် ကိုက် (၆၀၀) ခန့်ကွာဝေးသော ယင်းစားကျက်တွင် လယ်တဲဆောက်လုပ်ပြီး ၄င်းကျွဲ (၁၃) ကောင်အားထိန်းသိမ်းစောင့်ရှောက်နေသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

အခင်းဖြစ်ပွားသည့် ၂-၉-၁၃ နေ့ ညဥ့် ဆယ်နာရီခန့်တွင် ကျွဲထိန်းနှစ်ဦး အိပ်ပျော်နေစဉ် ကျွဲမြည်သံကြား၍ ဦးမောင်စိန်က လက်နှိပ်ဓါတ်မီးဖြင့်ထိုးကြည့်ရာ၊ ဘင်္ဂါလီတစ်ဦးတဲပေါ်သို့ ပြေးတက်လာပြီး ခဲသီးဖြင့်ပစ်ခန်ရာ ၀ဲဘက်ပါးတွင် ခဲသီးနစ်ဝင်သွားပြီး ရင်ဝသို့လက်သီးတစ်ချက်ထိုးပါသည်။ ကျန်ကုလားများက အသင့်ပါလာသော ဓါးရှည်များဖြင့် ရင်ဝကိုထောက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးချည်ခြင်း ခြေကိုချည်ခြင်းများပြုလုပ်ပြီး လယ်တဲ၏တိုင်များတွင် သီးခြားစီတုပ်နှောင်ကာ ပါးစပ်ကို အ၀တ်များဖြင့် ထိုးထည့် စည်းနှောင်ထားပါသည်။

ထို့နောက်ချည်နှောင်ထားသော ကျွဲ (၁၃) ကောင်အား ညာဥ့် ဆယ်နာရီခွဲခန့်တွင် လုယက်ခိုးယူသွားရာ၊ လမ်းခရီးတစ်ဝက်တွင် ကျွဲခုနစ်ကောင်မှာ လွတ်ထွက်သွားခဲ့သော်လည်း၊ ကျွဲထီးနှစ်ကောင် နှင့် ကျွဲမလေးကောင် (စုစုပေါင်း ခြောက်ကောင်)တို့မှာ ဘင်္ဂါလီ ခုနစ်ဦးတို့၏ လုယက်ခိုးယူမှုကြောင့် ယနေ့ထက်တိုင် စုံစမ်း၍ မရနိုင်သေးပါ။

အထပ်ပါဖြစ်ရပ်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့များက အပူတပြင်း ရှာဖွေစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(Coral Arakan News သို့ ပေါက်တောသား ရေးသားပေးပို့သည်။)

----------------

ဓါတ်ပုံရည်ညွှန်းစာသား - လုယက်တိုက်ခိုက်ခြင်းခံရသူ ဦးမောင်စိန်

No Response to "ပေါက်တောတွင် ဘင်္ဂါလီ ခုနစ်ဦးက ကျွဲထိန်း နှစ်ဦးအား အကြမ်းဖက်ကာ ကျွဲခြောက်ကောင်ကို လုယက်သွား"

Leave A Reply