Thursday, September 12, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် EPC မီးမှူး အောင်သိန်းထွန်းနှင့်

Posted on 5:59 PM by tun tun


==============================

========
ပြည်နယ်EPC ဌာနမှူးတို့ညှိနှိုင်းပြီးလဒ်စားခြင်းများပေါ်ပေါ်ထင်ထင်ပြုလုပ်နေ
===========================================
ပေါက်တောမြို့မှ မြို့နယ်လျှပ်စစ်မှူးအောင်သိန်းထွန်းသည် ဘဝမ်းချောင်းဝစု
ရပ်ကွက်၌မီးသွယ်တန်းပေးမည်ဟုပြောကာ မီးလိုချင်သူပြည်သူများထံမှ
ငွေ(၄)သိန်းကျပ်တောင်းခံသည့်အပြင် မီသွယ်တန်းရန်လိုအပ်သည့် မီးတိုင်နှင့်
အစရှိသည့်အခြားကုန်ကျစရိတ်များကိုလည်း ၄င်းရပ်ကွက်မှကျခံစေပါသည် ။
မြို့မီးလင်းရေးအဖွဲ့အားလည်းယုတ်ညစ်စွာဆဲဆိုခြင်းမြို့ပေါ်ပြည်သူများအပေါ်တွင်
လည်း ပြည်နယ်မှူးကိုလက်ကိုင်ရထား၍ ဂရုစိုက်စရာမလိုဆိုသည့်အမူအရာနှင့်
စကားများပြောဆိုခြင်းများပြုလုပ်လျှက် ရှိပါသည်။ ခွဲတမ်းဒီဇယ်များကိုလည်း သူ့စိတ်
ကြိုက် ရောင်းချကာ လက်အောက်ငယ်သားများအပေါ်ငဲ့ညှာမှုလုံးဝမရှိပါ။ မြို့ပေါ်
မီးပေးချိန်များမှာလည်း ပုံမှန်ခြင်းမရှိစိတ်ထင်တိုင်းပြုလုပ်လျက်ရှိပါသည်။
အဆိုပါကိစ္စရပ်များအား မြို့သူ မြို့သားများမှ ပြည်နယ်မှူးထံတိုင်ကြားသော်လည်း မီမှူးနှင့်ပြည်နယ်မှူးတို့မှာ အကျိုးတူလဒ်စားဖက်ဖြစ်နေသောကြောင့်တစုံတစ် ရာ
အ ရေးယူမှုမရှိပါသည့်အပြင် မီးမှူး၏လုပ်ရပ်များကို အားလုံးသိနေပြီးမီးမှူးနှင့်မတည့်
သည့် လိုင်းမန်ဘိုအောင် ဆိုသူကိုလည်း ပြည်နယ်မှူးနှင့်ညှိ၍ ပြောင်းရွေ့ပြစ်ဒါဏ်ပေး
ခဲ့ပါသည် ။ ယခုလည်း ဘ၀မ်းချောင်းဝစုရပ်ကွက်မီးရရှိရေးအတွက် အစိုးရထံမှပေး
သည့် ကြေးကြိုးများဝယ်ရမည်ဟုဆိုပြီး ငွေကျပ်(၄)သိန်းအား ယနေ့ (၁၁-၉-၂၀၁၃)
တွင် သက်ဆိုင်ရာရပ်ကွက်လူကြီးများထံမှ ကောက်ယူသွားပါပြီ ။

မီးချစ်သူ

No Response to "ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် EPC မီးမှူး အောင်သိန်းထွန်းနှင့်"

Leave A Reply