Tuesday, September 10, 2013

တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ

Posted on 4:50 PM by tun tun

Ko Khaing Mrat shared Khin Zaw's photo.

 ===================================

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuan...g ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ Guilin မြို့ မူလတန်းကျောင်းပြင်ပမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူနှစ်ဦး သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကလေးတွေ ကျောင်းတက်ဖို့ ကျောင်းဝင်းနား ရောက်ရှိလာချိန်မှာ ဆိုင်ကယ်သမားတစ်ဦး စီးလာတဲ့ ဆိုင်ကယ် မီးလောင်ပြီး ပေါက်ကွဲသံ ထွက်ပေါ်လာပြီးတော့ သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆိုင်ကယ် ဘာကြောင့် မီးလောင်သွားသလဲဆိုတာတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၄၄ ဦးဒဏ်ရာရတဲ့အထဲက ၁၁ ဦးကတော့ အသည်းအသန်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

ရှင်ဟွာသတင်းမှာ အစောပိုင်းတုန်းကတော့ ကျောင်းသူ ကျောင်းသား ၂၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ဆေးရုံကို ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။

တခြား ဒေသခံသတင်းတွေမှာတော့ ဆိုင်ကယ်မောင်းသမား သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးရှိကြောင်း ဒေသခံအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီသတင်းကို အတည်ပြုပြောဆိုခဲ့ပေမယ့် နောက်ထပ် ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုအခြေအနေကြောင့် Guilin မြို့မှာ လုံခြုံရေးတွေ တိုးချထားပြီး ပေါက်ကွဲရေးပစ္စည်းတွေ ရှိမရှိ စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အင်တာနက်အွန်လိုင်းပေါ်က လူမှုကွန်ယက်တွေမှာတော့ ဒေါသဖြစ်နေကြပြီး ဘာကြောင့် ကလေးငယ်တွေရှိရာကိုပဲ ပစ်မှတ်ထားနေရသလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

တရုတ်နိုင်ငံမှာ မကြာသေးခင်ကပဲ စာသင်ကျောင်းမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရမှုတွေ ကြုံတွေ့နေရပြီး ၂၀၁၀ ပြည့်နှစ်တုန်းကလည်း စာသင်ကျောင်းမှာ ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် လူကြီး ၂ ဦးနဲ့အတူ ကလေးငယ် ၁၅ ယောက် သေဆုံးပြီး အယောက် ၈၀ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဓားကိုင်ဆောင်ထားသူ တစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသူ၊ ကျောင်းသား ၂၂ ယောက် ဓားထိုးခံခဲ့ရပါတယ်။

ABC Radio Australia
Thit Htoo Lwin

No Response to "တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ "

Leave A Reply