Tuesday, July 30, 2013

ကျောက်ဖြူတွင် တစ်နေ့ သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း ၂၀ သုံးစွဲမည်ဟု ဆို

Posted on 4:35 PM by tun tun


(နိရဉ္စရာ- ၃၀ ဇူလိုင် ၂၀၁၃)

ရခိုင်ဒေသခံများသည် သဘာဓါတ်ငွေ့ 
အချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုရန် 
လိုလားလျှက် ရှိကြသည်။
ရခိုင်ဒေသခံများသည် သဘာဓါတ်ငွေ့ အချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုရန် လိုလားလျှက် ရှိကြသည်။
ရခိုင်ကမ်းလွန်ပြင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တစ်နေ့ ဓါတ်ငွေ့ ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည် ဖြစ်ရာ ထိုအထဲမှ ကုဗပေ သန်း ၂၀ ကို ကျောက်ဖြူတွင် သုံးစွဲမည် ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံသတင်းစာက ဖေါ်ပြသည်။
တစ်နေ့ကို စုစုပေါင်း ဓါတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည် ဖြစ်ကြောင်း၊ ထိုအထဲမှ ကုဗပေ သန်း ၄၀၀ ကို တရုတ်ပြည်သို့ နေ့စဉ် ပို့လွှတ်မည် ဖြစ်ကြောင်း၊ ပြည်တွင်း အတွက် ကုဗပေ သန်း ၁၀၀ အသုံးပြုရန် စီမံချက် ချထားကြောင်း၊ အဆိုပါ ပြည်တွင်းတွင် အသုံးပြုရန် ကုဗပေ သန်း ၁၀၀ ထဲမှ မြန်မာပြည် အလယ်ပိုင်း တောင်သာတွင် ကုဗပေ ၅၇ သန်း သုံစွဲမည် ဖြစ်ပြီး ရေနံချောင်းတွင် ကုဗပေ ၂၃ သန်း အသုံးပြုမည်ဟု ဆိုသည်။
သဘာဝဓါတ်ငွေ့ အဓိက ထွက်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ကုဗပေ သန်း ၂၀ အသုံးပြုရန် စီမံချက်ချထားသည်ဟု ကြေးမုံ သတင်းစာက ဖေါ်ပြသည်။
ယခုအခါ ရခိုင်မှ နေပြီး တရုတ်နိုင်ငံသို့ အရှည် ၇၉၃ ကီလိုမီတာနှင့် အချင်းလက်မ ၄၀ ရှိသော ပိုက်လုံးမှ တဆင့်  ဓါတ်ငွေ့ စတင် ပို့လွှတ်နေပြီး တစ်နေ့လျှင်  သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၁၀၀ နှုန်းဖြင့် လိုင်းဖြည့်လျက်ရှိသည်ဟု ဆိုသည်။
ပိုက်လိုင်းတစ်ခုလုံး သဘာဝ ဓါတ်ငွေ့ဖြည့်ပြီးပါက သဘာဝဓါတ်ငွေ့ တစ်နေ့ကို  ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ပြီး ထိုအထဲမှ ကုဗပေ သန်း ၄၀၀ ကို တရုတ်သို့၎င်း၊ သန်း ၁၀၀ ကို ပြည်တွင်း အတွက်၎င်း ပို့လွှတ်မည်ဟု သတင်းစာတွင် ရေးသားသည်။
ဇူလိုင်လ ၂၉ ရက်နေ့က သဘာဝ ဓါတ်ငွေ့ကို စတင်ပို့လွှတ်သည့် အခမ်းးအနားကို မန္တလေးမြို့ အမရပူရမြို့နယ်ရှိ Control Station ခန်းမ၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ ဦးညဏ်ထွန်းနှင့် အဖွဲ့ တက်ရောက်ခဲ့သည်။
၎င်းပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်ဗျုရိုမှ ဒုတိယ၀န်ကြီး Mr.Zhang Yunqing၊ ကိုးရီးယား နိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr.Jin Hyun Han၊ Darwoo ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီ၊ POSCO ကုမ္ပဏီ၊ SEAGP ကုမ္ပဏီတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင် အရာရှိ ချုပ်များလည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း ကျင်းပရန် စီစဉ်ထားရာ ရာသီဥတုဆိုးဝါးမူကြောင့် ဒု သမ္မတ ဦးဥာဏ်ထွန်း မလာရောက်နိုင်သဖြင့် အခမ်းအနား အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ဒု သမ္မတ ရောက်ရှိလာခြင်း မရှိသဖြင့် ဒေသအတွင်းမှ ကျေးရွာပေါင်း ၂၃ ရွာမှ ဒေသခံ ပြည်သူများမှ ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြရန် စီစဉ်ထားသည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။
မြန်မာ အစိုးရသည် ရွှေသဘောဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြင့် အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်ပြီး နှစ်ပေါင်း ၂၀ တင်ပို့မည်ဖြစ်သည်။

NARINJARA

No Response to "ကျောက်ဖြူတွင် တစ်နေ့ သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း ၂၀ သုံးစွဲမည်ဟု ဆို"

Leave A Reply