လွန်ခဲ့သော နှစ်က ရခိုင်ပြည်တွင် ဇွန်နှင့်အောက်တိုဘာလမှာဖြစ်ပွားခဲ့သော ဌာနေတိုင်းရင်းသားများနှင့် ခိုးဝင်သူတို့အား ပဋိပက္ခအကြမ်းဖက်မှုဖြစ်စဉ်ကို ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ စစ်တမ်းကောက် သုတေသနပြုစု ရေးသားထားသော ပြည့်စုံသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သြဂုတ်လ ၁ ရက်နေ့ ရန်ကုန်မြို့ Central Hotel ပထမအထပ်တွင် AHRDO အဖွဲ့မှ မြန်မာနိုင်ငံရှိ ပြည်ပသံရုံးမှ သံအမတ်များ၊ ရခိုင်နိုင်ငံရေးပါတီများ၊ ရန်ကုန်အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများအားလုံးနှင့် သတင်းမီဒီယာများတို့၏ ရှေ့မှောက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို 
သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာကို အမေရိကန်နိုင်ငံသား Rick
 Heizman နှင့် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးတို့မှ 
ရှင်းလင်းနေသည်ကို တွေ့ရစဉ်။ ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာကို အမေရိကန်နိုင်ငံသား Rick Heizman နှင့် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးတို့မှ ရှင်းလင်းနေသည်ကို တွေ့ရစဉ်။
AHRDO အဖွဲ့မှ " မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှု မည်သို့ဖြစ်နေပုံ၊ အဘယ်ကြောင့် ဖြစ်ရပုံနှင့် လုပ်ဆောင်ရမည့် အရာများ " ဆိုသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာကို စာအုပ်အဖြစ်ထုတ်ဝေကာ မြန်မာနိုင်ငံရှိ ပြည်ပအခြေစိုက် သံရုံးများ၊ လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပရှိ မြန်မာအသိုင်းအ၀ိုင်းများထံ ဖြန့်ချိမည်ဖြစ်ကာ အစီရင်ခံစာကို ယခုအင်္ဂလိပ်လို ထုတ်ဝေခဲ့ပြီး မြန်မာလို စက်တင်္ဘာလတွင် ထုတ်ဝေဖြန့်ချိသွားမည်ကြောင်း AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးမှ ပြောသည်။
အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး သူက " ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားပြင်းထန်တဲ့ ပဋိပက္ခဟာ သမိုင်းကြောင်းနဲ့ သမိုင်းဆိုင်ရာ ရေးသားပြောဆိုမှုတွေကြား ဖုံးကွယ်နေတာတွေရှိပါတယ်။ ဒါ့ကြောင့် အများသူငါရဲ့ အထင်အမြင်မှားတာတွေ၊ နားလည်မှုလွဲတာတွေကို ခံနေရပါတယ်။ သတင်းအလွဲအမှားတွေပေးခဲ့ကြတဲ့ လိမ်ညာလှည့်ဖျားကြိုးကိုင်မှုရှိတဲ့ သတင်းမီဒီယာတွေက အဲဒီပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ပကတိအမှန်တရားကို ဘေးဖယ်ထားပြီးတော့ လွဲမှားနေတဲ့ သတင်းအချက်အလက်တွေ ယူဆချက်တွေကိုသာ ပေးလာခဲ့ကြတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့(NGO)တွေကလည်း လွဲမှားတဲ့သတင်းအချက်အလက်တွေကို တစ်ဖက်သက်အမြင်နဲ့ ယူကြတယ်။ ဖြန့်ကြတယ်။ အဓိကတော့ အထင်အမြင်လွဲမှားစွာနဲ့ ရေးသားနေတဲ့ နိုင်ငံတကာက သတင်းမီဒီယာတွေ၊ နိုင်ငံတကာက အကြီးအကဲတွေရဲ့ လွဲမှားနေတဲ့ ယူဆချက်တွေ၊ NGO အဖွဲ့အစည်းတွေကို ချေပချင်တဲ့ သဘောနဲ့ ဒီစီအရင်ခံစာကို ထုတ်ပြန်ရတာဖြစ်တယ်။ " ဟု ဆိုသည်။
အစီရင်ခံစာကို အဓိကကူညီရေးသားသော အမေရိကန်နိုင်ငံသား Mr.Rick Heizman က အစီရင်ခံစာ၏ chapter တစ်ခုချင်းစီကို နိုင်ငံတကာနားလည်အောင် အသေးစိတ်ရှင်းလင်းခဲ့ကြောင်း၊ နိုင်ငံတကာအထင်အမြင်လွဲနေမှုများကို ဤအစီရင်ခံစာမှ ထောက်ပြထားကြောင်း ရှင်းလင်းခဲ့သည်ဟု သိရသည်။
ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများမှာ ၄င်းပဋိပက္ခနှင့်ပတ်သက်၍ မတရား၊ မမျှတစွာ သွားပုပ်လေလွင့်ပြောဆိုရေးသားခြင်း၊ ကြောက်စရာ ကောင်းသူများအဖြစ် ပုံဖော်ခြင်းတို့ကို ခံလာရပြီး အမှန်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်များကိုယ်တိုင် အောင့်အည်းသည်းခံ၍ ခံစားလာခဲ့ရသော ဒုက္ခများကို ရိုဟင်ဂျာဆိုသူများအပေါ် ရခိုင်များကပင် ပြုလုပ်ခဲ့သယောင် အပြစ်ဖို့၊ စွပ်စွဲခံလာခဲ့ကြရကြောင်း သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်တွင် အဘယ်ကြောင့် ပဋိပက္ခဖြစ်လာရသည့် အကြောင်းအရင်းကိုလည်း သူက ဆက်လက်ရှင်းလင်းပြခဲ့သည်။
" ပဋိပက္ခရဲ့ အဓိကပြဿနာရင်းမြစ်ကတော့ သူတို့က နယ်မြေချဲ့ထွင်တယ်။ စစ်အစိုးရတွေရဲ့ ခေတ်က လာဘ်စားမှုတွေကို အခွင့်ကောင်းယူပြီးတော့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲကို အမြောက်အမြားဝင်လာကြတယ်။ ရခိုင်ပြည်မှာ စီးပွားရေးတွေကို ချဲ့ထွင်တယ်။ နိုင်ငံတကာက အကူအညီတွေရတယ်။ အဲဒါတွေနဲ့ ရခိုင်နယ်မြေတွေကို လုတယ်။ ရခိုင်တွေမနေနိုင်အောင် အခွင့်အရေးတွေချိုးဖောက်တယ်။ တဖြည်းဖြည်းနဲ့ ဘင်္ဂလီတွေများလာတယ်။ ရခိုင်တွေနည်းလာတယ်။ ပြီးတော့ နည်းမျိုးစုံနဲ့ အကြမ်းဖက်တယ်။ အဲဒီလိုများလာတော့ ဘင်္ဂလီတွေက "ရိုင်ဟင်ဂျာ" ဆိုပြီးတော့ လူမျိုးတမျိုးအနေနဲ့ ဖန်တီးလာကြတယ်။ ပြဿနာကတော့ အရင်ကတည်းကရှိနေတာပါ။ အခုအခါပြီးမှ မီဒီယာတွေပေါ်လာပြီးတော့မှ ဘင်္ဂလီတွေဖက် တစ်ဖက်သက်ရပ်တည်ပေးတော့ ရခိုင်တွေက ပေါက်ကွဲပြီးတော့ ပြဿနာက မြန်ဆန်သွားတာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေ ဥပမာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့တွေက ရခိုင်တွေကိုပေးတာအလွန့်အလွန်နည်းတော့ ဘင်္ဂလီတွေကိုပေးတာများတော့ ရခိုင်တွေကလည်း သူတို့အပေါ်မှာ နာကြေးမှုတွေဖြစ်လာတာရှိတယ်။ ဒီပြဿနာဖြစ်လာတာထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း အဓိကပါဝင်တယ်။ သူတို့က အားပေးအားမြောက်ဖြစ်တဲ့အတွက်ပဲ။ ဒါကြောင့် ပြဿာနာက မလိုအပ်ဘဲကြီးကျယ်သွားတယ်။ နောက်တစ်ခုက အစိုးရလည်းပါတယ်။ ပြဿနာစဖြစ်တဲ့အချိန်မှာ အချိန်မီမတားဆီးပေးဘူး။ ဒီအတိုင်းပဲ ကြည့်နေကြတယ်။ ဒါကြောင့် ပြဿနာက ကြီးသွားတယ်။ ကြီးသွားတဲ့အတွက် နှစ်ဖက်စလုံးကလည်း အသေအပျောက်တွေများသွားတယ်။ ပျက်စီးဆုံးရှုံးမှုတွေများသွားကြတယ်။ " ဟု ဦးအောင်မင်းဦးက ဆိုသည်။
ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို 
သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာ ရှင်းလင်းပွဲအား 
တက်ရောက်လာကြသော လူပုဂ္ဂိုလ်များ။ ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာ ရှင်းလင်းပွဲအား တက်ရောက်လာကြသော လူပုဂ္ဂိုလ်များ။
ဤအစီရင်ခံစာတွင် ပဋိပက္ခနောက်ကွယ်မှ သမိုင်းကြောင်း၊ အင်္ဂလိပ်လူမျိုးများ၊ မြန်မာ့ခေါင်းဆောင်အမျိုးမျိုး (ဦးနု၊ ဗိုလ်ချုပ်နေဝင်းနှင့် အခြားခေါင်းဆောင်များ)၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပါဝင်ခဲ့သော အခန်းကဏ္ဍများကို အသားပေးတင်ပြထားကြောင်း၊ ထိုမျှသာမက ထိုင်းနိုင်ငံတောင်ပိုင်း ဒေသ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံရှိ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံတို့၌ အတိတ်နှင့် ပစ္စုပ္ပန်ကာလတို့တွင် ဖြစ်ခဲ့၊ ဖြစ်ဆဲဖြစ်သော အပြိုင်ဖြစ်နေသည့် အခြေအနေများကိုလည်း တင်ပြထားကြောင်း၊ ၄င်းအစီရင်ခံစာတွင် ပြဿနာရပ်များ၏ သမိုင်းထဲမှ ဇာစ်မြစ်နှင့် ကြီးထွားလာမှု၊ အတိတ်က အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ဖူးသကဲ့သို့ ၂၀၁၂ - ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလတို့တွင် အကြမ်းဖက်မှု မည်သို့ပေါက်ကွဲခဲ့ရသည်၊ အဘယ်ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်၊ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ ပေါင်းသင်းဆက်ဆံရေး အခြေအနေတို့ကိုလည်း သုတေသနပြုဖော်ပြထားကြောင်းဟု ဆိုသည်။
ဤအခြေအနေကို နားလည်ရန် အလွန်အရေးကြီးသော လိုအပ်ချက်မှာ ရခိုင်ပြည်တစ်ခုလုံး၏ လွန်ခဲ့သောနှစ် (၁၅၀) အတွင်း သမိုင်းနှင့် အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှစတင်၍ သမိုင်းကြောင်းကို သိရှိထားရန်ပင်ဖြစ်ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် ဌာနေတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ရခိုင်ပြည်သူများ၏ အမှန်တကယ်ခံစား နေရမှုများ၊ ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုများကို တင်ပြရန်ရည်ရွယ်ထားပါကြောင်း၊ ထိုအပြင် အစီရင်ခံစာတွင် ရခိုင်လူမျိုး သက်ကြီးဝါကြီးများ၊ အလုပ်သမားများ၊ လယ်သမားများ၊ သံဃာတော်များ၊ ဆရာများ၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ မိခင်များ၊ မုဆိုးမများ စသူတို့နှင့် တွေ့ဆုံမေးမြန်းချက်များအားလုံးတွင် ကြောက်စိတ်များ၊ အကြမ်းဖက်မှုများ၊ သည်းမခံနိုင်မှုများ၊ အစွန်းရောက်မှုများနှင့် မျှော်လင့်ချက်ကင်းမဲ့နေမှုများမှာ ကြောက်ခမန်း လိလိ ပေါ်လွင်ထင်ရှားနေပါကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်းမီဒီယာများ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ ဒေသဆိုင်ရာအစိုးရများ၊ လူ့အခွင့်အရေးနှင့် ကူညီထောက်ပံ့ရေး အဖွဲ့များ၊ ရခိုင်ပြည်အခြေနေတွင် တက်ကြွသူ၊ ပါဝင်လုပ်ဆောင်ဖြစ်ကြသူများအားလုံးလည်း (ဤအစီရင်ခံစာကို) ကျေးဇူးပြု၍ ဖတ်ရှု၊ ဆန်းစစ်ဝေဖန်သုံးသပ်၍ ပကတိအမှန်တရားသည် အများသူငါရေးသားပြောဆို တင်ပြခဲ့ကြသည့်အခြေအနေနှင့် လုံးဝကွာခြားနေနိုင်ကြောင်း လက်ခံသွားကြလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ဖတ်ရှုဝေဖန်ဆန်းစစ်ကြည့်ကြပါဟုလည်း AHRDO အနေဖြင့် ပန်ကြားထားကြောင်း သိရသည်။
ဆက်လက်ပြီး ပဋိပက္ခပြီးဆုံးသွားပြီဟုဆိုရပေမယ့်လည်း ဥပမာ- တောင်ကုတ်၊ သံတွဲ၊ စစ်တွေ၊ ကျောက်တော် စသည်တို့ကို ကြည့်ခြင်းအားဖြင့် ပြဿနာက မကြာမကြာဖြစ်နေကြသောကြေင့် အစိုးရအနေဖြင့် လုံခြုံရေး အရင်ကထက်စာရင် ပိုပြီးဂရုစိုက်သင့်ကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသည့် နှစ်ဖက်စလုံး၏ ဒုက္ခသည်များအတွက် သူတို့၏နေအိမ်များကို ပြန်လည်တည်ဆောက်ပေးခြင်း၊ စားဝတ်နေရေးအတွက် လုံလောက်စွာဖန်တီးပေးခြင်း၊ ၄င်းနည်းတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်အားဖြင့် ထောက်ပံ့ကူညီပေးမှုများ ဆောင်ရွက်ပေးပါရန် ဆက်လက်တိုက်တွန်းလိုက်ကြောင်း ဦးအောင်မင်းဦးမှ ပြောသည်။
ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို 
သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာကို အမေရိကန်နိုင်ငံသား Rick
 Heizman နှင့် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးတို့မှ 
ရှင်းလင်းနေစဉ်။ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်စဉ်ကို သုတေသနပြုရေးသားထားသော ပြည့်အစုံသည့်အစီရင်ခံစာကို အမေရိကန်နိုင်ငံသား Rick Heizman နှင့် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးတို့မှ ရှင်းလင်းနေစဉ်။