Monday, July 29, 2013

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အတိုက်ခံပါတီ လက်မခံ

Posted on 4:53 PM by tun tun

မနေ့က ကမ္ဘောဒီးယား နိုင်ငံတဝန်းလုံး အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ လက်ရှိအာဏာရ ပါတီမှ အနိုင်ရကြောင်း ကြေညာခဲ့ခြင်းကို အတိုက်ခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) မှ လက်ခံဖို့ ငြင်းဆန်လိုက်ပြီး၊ ရွေးကော်ပွဲ၌ မဲလိမ်မှုတွေ အများအပြားရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်သည်။
ဝန်ကြီးချု့ပ် ဟွန်ဆန်နှင့် အတိုက်အခံခေါင်းဆောင် ဆန်ရမ်ဆီ။ (ဓါတ်ပုံ-
 BBC World News)၀န်ကြီးချု့ပ် ဟွန်ဆန်နှင့် အတိုက်အခံခေါင်းဆောင် ဆန်ရမ်ဆီ။ (ဓါတ်ပုံ- BBC World News)
" ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) မှ မနေ့က ကျင်းပြတဲ့ ကမ္ဘောဒီးယား၏ ငါးကြိမ်မြောက် ရွေးကော်ပွဲ ရလဒ်ကို လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ CNRP မှ မဲမသမာမှု အများအပြား တွေ့ရှိခဲ့တယ် " လို့ ဒီကနေ့ ပါတီမှ ထုပ်ပြန်လိုက်တဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ရွေးကော်ပွဲ မဲမသမာမှုနှင့် ရလဒ်ကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံရေးပါတီ၊ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်၊ လူထုအခြေပြု အဖွဲ့အစည်းနှင့် ကုလသမဂ္ဂတွေကို ကိုယ်စားပြုတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ်ကို " အရေးပေါ်ဖွဲ့စည်းပေးဖို့ " အတိုက်ခံ CNRP က တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က လွတ်တော်အမတ်နေရာ စုစုပေါင်း ၁၂၃ နေရာထဲမှ ထက်ဝက်ကျော်ဖြစ်တဲ့ အမတ်နေရာ ၆၈ နေရာ ရနေပြီးဖြစ်တာကြောင်း သူတို့ပါတီ အနိုင်ရပြီး ဖြစ်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
အတိုက်ခံ CNRP ပါတီက မနေ့ကပြုလုပ်တဲ့ နိုင်ငံ၏ ငါးကြိမ်မြောက် အထွေထွေရွေးကော်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုးရွားဆုံး ရွေးကောက်ပွဲ တခုအဖြစ် ဖော်ပြခဲ့ပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ တချို့သူတွေရဲ့အမည် မဲစရင်းတွင်မပါဘူး။ တခါထက်ပိုပြီး မဲမပေးရအောင် မဲလာပေးသူရဲ့ လက်မကို အမှတ်အသားပြုရာ၌ အသုံးပြုတဲ့ "မှင်ဆီ" ဟာ အလွယ်တကူ ပေဖျက်နိုင်တာကြောင်း လူတွေ တခါထက်ပိုပြီး မဲပေးခဲ့တာတွေ ရှိနိုင်တယ်။
Transparency Intentional Cambodia အမှုဆောင် ဒါရိုက်တာက " ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဖို့တော်တော်ကို ခက်ပါတယ် " လို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ မီဒီယာအားလုံးနီးပါးကို အစိုးရက ထိန်းချုပ်ထားတာကြောင်း လက်ရှိအာဏာရ ပါတီကဲ့သို့ အတိုက်ခံပါတီမှ မီဒီယာ အခွင့်အလမ်းတမ်းတူ မရရှိခဲ့ပေ။ ဒါပေမယ့် အတိုက်ခံ ပါတီ CNRP ရဲ့ ခေါင်းဆောင် ဆမ်ရမ်ဆီ ရွေးကောက်ပွဲ ပါဝင်နိုင်ခြင်းမရှိခဲ့ဟု သူကဆက်ပြောပါတယ်။
အရွယ်ရောက် မဲပေးပိုင်ခွင့် ရှိသူ ၁.၂၅ သန်းထိ မဲထည့်ခွင့်စရင်း၌ မပါရှိတာကြောင်း ရွေးကောက်ပွဲတွင် ပါဝင်မဲပေး နှိင်ခြင်းမရှိခဲ့ဟု ပြည်သူ့ အခြေပြု ရွေးကော်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုကလည်း စွပ်စွဲထားသည်။
ဒါပေမဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မီတီ (NEC) က " မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲချက်တွေ "ကို ငြင်းဆန်ထားပါတယ်။  ARAKANTIMES

No Response to "ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အတိုက်ခံပါတီ လက်မခံ"

Leave A Reply