Friday, June 7, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံနှင့်လူမျိုး အတွက် လိုအပ်ပါက ဒေသန္တာရ အမိန့်ထုန်ပြန်နိုင်

Posted on 7:37 PM by tun tun


==========================
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ဘင်္ဂလီ လူမျိုးများ တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက်သာ ယူခွင့်ရှိရင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများစွာ ထွက်ပေါ်လာခြင်း အပေါ် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် က ၎င်းအမြင်ကို ၂.၆.၂၀၁၃ ရက်တွင် ပြည်မြန်မာ ဂျာနယ်သို့ ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားလုံခြုံရေး အရ လိုအပ်သည်ဟု ဆိုကာ ဒေသန္တာရ အမိန့်ထုတ်ပြန်ခဲ့ခြင်း နှင့် ပတ်သက်၍ ဦးသိန်းညွှန့်က “ အကြမ်းဖျင်း ပြောမယ်ဆိုရင် အချက်နှစ်ချက်ရှိပြီး ပထမ အချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၆၀ နဲ့ ညီညွှတ်တဲ့ အတွက် လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီ ပုဒ်မမှာ ဖော်ပြထားတာမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ဘာသာရေးနဲ့ တစ်ခြားအကြောင်းပြချက်များကို ပြပြီး ဥပဒေကို ပြဌာန်းလို့ မရဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် လူအခွင့်အရေးလို့ ပြောတဲ့ အခါမှာလည်း ယေဘုယအားဖြင့် လူ့အဖွဲ့အစည်းကို ပြောမှာလား၊ လူမျိုးစု တစ်စုကိုပြောမှာလား ဆိုတာ မေးစရာဖြစ်တယ်။

နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးကြီးရင်ကြီးသလို တားမြစ်တာကို လူ့အခွင့်အရေးထိခိုက်တယ်လို့ ပြောလို့ မရဘူး။ နောက်တစ်ချက်က နယ်မြေဒေသအပေါ်မူတည်ပြီး လိုအပ်လို့ ချမှတ်လိုက်တဲ့ အမိန့်ဖြစိတယ်။ ဒီလိုပဲ အမျိုးသမီး သားဖွားနှုန်း မြင့်မားလာတာနဲ့ ပတ်သက်လို့ ၁၉၉၄ ခုနှစ် ကိုင်ရိုညီလာခံစာတမ်းရဲ့ ပြဌာန်းချက်အရ အမျိုးသမီးတွေအနေနဲ့ ကလေးမွေးဖွားနှုန်းများရင် ကျန်းမာရေးထိခိုက်မယ်။ အမျိုးသမီးတွေအနေနဲ့ ကလေးငယ်တွေကို ကျန်းမာရေး အရအများကြီးမွေးစရာ မလိုဘူး။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ရဲ့ ဒေသန္တာရ ထူးခြားချက်အပေါ်မှုတည်ပြီး ဒီပြည်နယ်တစ်ခုထဲကို အမျိုးသားလုံခြုံရေးအတွက် ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့ အတွက် လူအခွင့်အရေးချိုးဖောက်တယ်လို့ ပြောလို့မရသလို အမျိုးသားရေး ပြဿနာကို လူ့အခွင့်အရေး ပြဿနာလို့ပြောပြီး ကဗျာမဆန်စေလိုပါဘူး။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာကို လွှတ်တော်အတွင်းမှာ တရားဝင်တင်ပြဆွေးနွေးခြင်းအားဖြင့် ထွက်ပေါ်လာမဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတစ်ကာက အသိအမှတ်ပြုနိုင်တယ် ” ဟု ပြောကြားခဲ့သည်။
ကဲ ဒီလိုလူမျိုှးရှိလို့ တော်သေးတယ် လေးစားပါတယ် ဦးသိန်းညွှန့်
ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်မြန်မာ ဂျာနယ်လေး ၀ယ်ပေးလိုက်ကြပါဦး ။ ဖတ်စေချင်လို့

No Response to "ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံနှင့်လူမျိုး အတွက် လိုအပ်ပါက ဒေသန္တာရ အမိန့်ထုန်ပြန်နိုင်"

Leave A Reply