Wednesday, June 5, 2013

မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

Posted on 7:31 PM by tun tun

Photo

မောင်တောခရိုင်အတွင်း ဘင်္ဂလီများအား လွန်ခဲ့သည့် မေလက ရခိုင်ပြည် အစိုးရမှ ထုတ်ပြန်ထားသော ကလေးနှစ်ယောက်သာ မွေးရမည်ဆိုသည့် ဒေသန္တရ အမိန့်ဥပဒေကို ထောက်ခံကြိုဆိုကြောင်း မင်းပြားမြို့တွင် လူပေါင်း ထောင်ကျော် ပါဝင်သည့် ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မှ ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ မင်းပြားမြို့ပေါ်ရှိ လူငယ်များမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် အပါး(၅၀၀)ရာကျော်နှင့် မြို့လူထု (၁၀၀၀)ကျော်ပါဝင်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်သူများ၏ တောင်းဆိုချက်များမှာ ဇွန်လ (၄)ရက်နေ့က စစ်တွေမြို့၌ ဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုခဲ့သော အချက်များနှင့် အတူတူပင်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုညီပုက ပြောသည်။ “ (လူ့အခွင့်အရေး) (အညီအမျှပေး)၊ (လူ့အခွင့်အရေး) (ဥပဒေကိုလေးစားပါ)၊ လူ့အခွင့်ရေးဆိုသူများ (ရခိုင်သားကိုအားနာပါ)၊ လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၊ နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၊ နယ်ချဲ့မျိုးဖျက်ထောက်ခံသူ (ဒို့ရန်သူ)၊ နယ်စပ်လူဦးရေ ကန့်သတ်ရေး (ဒို့အရေး)၊ တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၊ အမျိုးဘာသာ သာသနာ (ကာကွယ်ကြ)၊ ဒေသအရေးကို ၀င်မစွက်ဖက်နဲ့ (မှားလိမ့်မယ်)၊ ပြည်တွင်းရေးကို ၀င်စွက်ဖက်သူ (ဒို့ရန်သူ)၊ နယ်စပ်ဒေ သန္တရဥပဒေ (ထောက်ခံတယ်)၊ ရခိုင်ပြည်ကြီး တည်တံ့ရေး (ဒို့အရေး)။ ” ဟု ပြောသည်။ ရခိုင်ပြည်အစိုးရက ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို မောင်ခရိုင်တစ်ခုတည်း၌ မဟုတ်ဘဲ ရခိုင်ပြည်အနှံ့ ဘင်္ဂလီများရှိရာ မြို့များတွင် မောင်တောခရိုင်ကဲ့သို့ ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သူကဆိုသည်။ “ ကျနော်တို့ ဒီအချက်ကိုတောင်းဆိုတာက ရခိုင်ပြည်အနှံ့မှာရှိတဲ့ ဘင်္ဂလီတွေ ဒီဒေသန္တရ အမိန့်ကို သိသွားစေချင်တယ်။ ဒါမှလည်း သူတို့ရဲ့ ကလေးသားဖွားနှုန်းကို ကန့်သတ်လို့ရမှာပေါ့။ မောင်ခရိုင်တခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ဒီလိုသာ ရခိုင်ပြည်အနှံ့ အမိန့်ထုတ်ပြန် မပေးဘူးဆိုရင် ဘင်္ဂလီတွေ ကလေးမွေးဖွားတာနဲ့ ဘင်္ဂလီလူဦးရေးက ထပ်ပြီးတော့ တိုးလာမှာပဲ။ ” ဟု ပြောသည်။ ဒေသန္တရ အမိန့်ထောက်ခံသူများမှာ မြို့နယ် ဓမ္မာရုံတွင် လူစုကြဝေးပြီး နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ဆန္ဒဖော်ထုတ်မှုကို စတင်ခဲ့ကာ ၂ နာရီခွဲကျော်မှာ ပြန်လည် မြို့နယ် ဓမ္မရုံ၌ ဆန္ဒဖော်ထုတ်မှု အဆုံးသတ်ခဲ့ကြောင်းနှင့် ယနေ့တွင် ဆန္ဒဖော်ထုတ်မည့်အကြောင့်ကို မြို့နယ်တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့သည်ဟု သိရသည်။ ဒေသန္တရအမိန့်သည် အသက် ၁၈ နှစ်ပြည့်မှသာ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလျက် အိမ်ထောင်တစ်ခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တစ်နှစ်တစ်ကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/434-2013-06-05-12-21-47

No Response to "မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်"

Leave A Reply