Saturday, June 8, 2013

ယနေ့ရရှိသော မလေးရှားသတင်း .

Posted on 7:00 PM by tun tun

.

၇ -၆-၂၀၁၃ ရက် ယနေ့ နံနက်ကြီး ၃း၃၀ နာရီ တွင်အိုဟောင်းနေသော အိမ်တွင် လူခြောက်ယောက်အိပ်နေစဉ်လူတစ်စုသည်အိမ်နံရံ လေဝင်ပေါက်များမှစပရေးများဖြင့်ဖြန်းပက်ရာအိပ်နေသော(ခင်မောင်ဝင်း)တို့လူခြောက်ယောက်သည်မျက်လုံးများဘာမှမမြင်နိုင်ဖြစ်ပြီးဘာမှလည်းမမြင်ရဟိုစမ်းဒီစမ်းရှောက်သွားနေစဉ်အပြင်မှတံခါးကိုရိုက်ဖျက်ပြီးဝင်ရောက်ခါဓါးဖြင့်ခုတ်ပါတယ်၊တစ်ယောက်မှာ ခင်မောင်ဝင်း အသက်(၂၃)နှစ် ရခိုင်လူမျိုးဓါးဒဏ်ရာပြင်းထန်စွာဖြင့် အရေးပေါ်ဌာနကွာလာလန်ပူဆေးရုံကြီး တွင်ဆေးကုသမှုခံယူနေရပါသည်။
နှစ်ယောက်မှာပျောက်ဆုံးနေပါသည်ကျန်သုံးယောက်မှာလွတ်မြောက်သွားကြောင်းဖုန်းဖြင့်ဆက်သွယ်ပြောကြားပါသည်။ယခုမလေးရှား၏အခြေအနေသည် မြန်မာနိုင်ငံသားများအတွက်လုံခြုံမှု မရှိတော့ပါ။မလေးရှားရဲတပ်ဖွဲ့မှ မြို့နယ်များတွင် အော်ပရာစီများပြုလုပ်ခြင်းသည်နိုင်ငံခြားသားများအတွက်အနိုင်ကျင့်ခံရသလိုဖြစ်နေပါသည်။ဖမ်းစီးခံရသူများထဲမှခေါ်ယူစစ်ဆေးခံရသူများအားမလေးရှားရဲများမှငွေကြေးတောင်းခံခြင်းများတယ်လီဖုန်းများသိမ်းယူခြင်းများနှင့်ကြုံတွေ့ရပါသည်။

မလေးရှားရှိ ကပ်ပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းမှ ပေးပို့လာခြင်းဖြစ်ပါသည်  FACEBOOK

No Response to "ယနေ့ရရှိသော မလေးရှားသတင်း ."

Leave A Reply