Friday, June 7, 2013
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့  ပေါင်းစည်းရေးအတွက် သဘောထားကြေညာချက်
Posted on 6:46 PM by tun tun
***********************
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့  ပေါင်းစည်းရေးအတွက် သဘောထားကြေညာချက်
၁----------။ ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ
အဖွဲ့ ချုပ်တို့ သည် လမည့်-ဇွန်လ-၁၅-၂၀၁၃-ခုနှစ်တွင် ထိပ်တန်းခေါင်းဆောင်များမှ ပါတီပေါင်းစည်း
ရေးကို တွေ့ ဆုံဆွေးနွေးကြမည်ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏
ထုတ်ပြန်ချက်များကို
ကြားသိရပါသည် ။ ထို့ ကြောင့် ရခိုင်နိုင်ငံရေးနှစ်ပါတီ၏ တွေ့ ဆုံဆွေးနွေးရေးမှသည် တစ်ပါတီ
ဖြစ်မြောက်စေရန်အထိ ဆောင်ရွက်နိုင်ကြပါရန် အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက
အထူးလိုလားကြောင်း သိစေအပ်ပါသည် ။
၂----------။ ။ ရခိုင်ပြည်နယ်က ရခိုင်နိုင်ငံရေးပါတီများသည် လူထုဦးဆောင် နိုင်ငံရေးပါတီအဖြစ်
ရပ်တည်နေကြသည်ကို အကြွင်းမဲ့ ယုံကြည်ပါသည် ။ ရခိုင်လူမျိုးများ၏ နေ့ တဓူဝ အခြင်းအရာ
အဖြစ်အပျက်များကို ရင်ဆိုင်ဖြတ်သန်း ကြုံတွေ့ ကာ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပြီး မိမိတို့ 
၏ အနာဂါတ်ရခိုင်ပြည်နယ်အရေးအတွက်ကိုလည်း စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြလိမ့်မည်
ဟု အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက ယုံကြည်ထင်မှတ်ထားကြပြီးဖြစ်ပါသ ည် ။
၃-----------။ ။ ယခုမျက်မှောက်ကာလတွင် ရခိုင်လူမျိုးများအဖို့  အနာဂါတ်ရခိုင်လူမျိုး မပျောက်ပျက်
ဘဲ အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ကျားကုပ်ကျားခဲ အသက်နှင့်ရင်းကာ ဆောင်ရွက်ကာကွယ်နေကြရ
သည့် ကာလဖြစ်ပါသည် ။ ဤကဲ့ သို့ အချိန်ကာလမှာ တစုတစည်းဖြင့် ညီညီညွတ်ညွတ်နှင့်
အမျိုးသီလ နှစ်ဋ္ဌါနကို စောင့်ရှောက်နိုင်ရန် လူထုဦးဆောင် လမ်းပြနိုင်မည့် ရခိုင်နိုင်ငံရေးပါတီ
များက တစိတ်တစ်ဝမ်းတည်း ရှိနေရမည့်အချိန်ဖြစ်သင့်ပါသည် ။
၎-----------။ ။ ရခိုင်ပြည်နယ်၏ လက်ရှိပကတိ အခြေအနေအရ မိမိတို့ အချင်းချင်း ပြိုင်ဘက်သဘွယ်
နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းသည် ညီညွတ်ရေးဆိုသော မဟာဗျူဟာ ဆိုသည့် နိုင်ငံရေး
ပေါ်လီစီတရပ်ကို ဖျက်လိုဖျက်ဆီး ပြုမူခြင်းသာဖြစ်ပါသည် ။ နိုင်ငံရေးပါတီတခု၏ ညီညွတ်ရေး
ဥပဒေသမှာ မိမိတို့ ပါတီအကျိုးထက် -မိမိတို့  လူမျိုးအကျိုးကို ကြည့်ခြင်းမှသာလျှင်
အမျိုးသားကိုယ်ကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် ဆောင်ပုဒ်ဖြစ်ပါသည် ။
၅----------။ ။ ယခုအချိန်၌ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်
တို့ ၏ နှစ်ဖက်ထိပ်တန်းဆောင်များက ရခိုင်ပြည်သူတရပ်လုံး၏ လိုလားတောင့်တသော တစ်ပါတီ
ဖြစ်မြောက်ရေးအတွက် တွေ့ ဆုံဆွေးနွေးမည်ဆိုခြင်းမှာ လွန်စွာမင်္ဂလာရှိသော သတင်းကောင်း
ဖြစ်ပါသည် ။ ဤသို့  တစ်ပါတီဖြစ်မြောက်သွားပြီး မျက်မှောက်ကာလ ရခိုင်ပြည်နယ်၏ နိုင်ငံရေး
ပထ၀ီစာမျက်နှာတွင် မိသားစုစိတ်ဓါတ်များဖြင့် ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဆောင်ရွက်ညှိနိုင်းကြ
ပါရန်လည်း အမေရိကပြည်ထောင်စု ရခိုင်အင်အားစုများမှ အထူးလေးစားစွာဖြင့် မေတ္တာရပ်ခံ
ကြေညာချက်ထုတ်ပြန်လိုက်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
နှင့်
အမေရိကပြည်ထောင်စုရောက် ရခိုင်အင်အားစုများ
credit:မဟာ FACEBOOK
***********************
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
၁----------။ ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
အဖွဲ့ ချုပ်တို့ သည် လမည့်-ဇွန်လ-၁၅-၂၀၁၃-ခုနှစ်တွင်
ရေးကို တွေ့ ဆုံဆွေးနွေးကြမည်ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
ထုတ်ပြန်ချက်များကို
ကြားသိရပါသည် ။ ထို့ ကြောင့် ရခိုင်နိုင်ငံရေးနှစ်ပါတီ၏ တွေ့ ဆုံဆွေးနွေးရေးမှသည် တစ်ပါတီ
ဖြစ်မြောက်စေရန်အထိ ဆောင်ရွက်နိုင်ကြပါရန် အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက
အထူးလိုလားကြောင်း သိစေအပ်ပါသည် ။
၂----------။ ။ ရခိုင်ပြည်နယ်က ရခိုင်နိုင်ငံရေးပါတီများသည် လူထုဦးဆောင် နိုင်ငံရေးပါတီအဖြစ်
ရပ်တည်နေကြသည်ကို အကြွင်းမဲ့ ယုံကြည်ပါသည် ။ ရခိုင်လူမျိုးများ၏ နေ့ တဓူဝ အခြင်းအရာ
အဖြစ်အပျက်များကို ရင်ဆိုင်ဖြတ်သန်း ကြုံတွေ့ ကာ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပြီး မိမိတို့ 
၏ အနာဂါတ်ရခိုင်ပြည်နယ်အရေးအတွက်က
ဟု အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက ယုံကြည်ထင်မှတ်ထားကြပြီးဖြစ်ပါသ
၃-----------။ ။ ယခုမျက်မှောက်ကာလတွင် ရခိုင်လူမျိုးများအဖို့  အနာဂါတ်ရခိုင်လူမျိုး မပျောက်ပျက်
ဘဲ အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ကျားကုပ်ကျားခဲ အသက်နှင့်ရင်းကာ ဆောင်ရွက်ကာကွယ်နေကြရ
သည့် ကာလဖြစ်ပါသည် ။ ဤကဲ့ သို့ အချိန်ကာလမှာ တစုတစည်းဖြင့် ညီညီညွတ်ညွတ်နှင့်
အမျိုးသီလ နှစ်ဋ္ဌါနကို စောင့်ရှောက်နိုင်ရန် လူထုဦးဆောင် လမ်းပြနိုင်မည့် ရခိုင်နိုင်ငံရေးပါတီ
များက တစိတ်တစ်ဝမ်းတည်း ရှိနေရမည့်အချိန်ဖြစ်သင့်ပါသည် ။
၎-----------။ ။ ရခိုင်ပြည်နယ်၏ လက်ရှိပကတိ အခြေအနေအရ မိမိတို့ အချင်းချင်း ပြိုင်ဘက်သဘွယ်
နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းသည် ညီညွတ်ရေးဆိုသော မဟာဗျူဟာ ဆိုသည့် နိုင်ငံရေး
ပေါ်လီစီတရပ်ကို ဖျက်လိုဖျက်ဆီး ပြုမူခြင်းသာဖြစ်ပါသည် ။ နိုင်ငံရေးပါတီတခု၏ ညီညွတ်ရေး
ဥပဒေသမှာ မိမိတို့ ပါတီအကျိုးထက် -မိမိတို့  လူမျိုးအကျိုးကို ကြည့်ခြင်းမှသာလျှင်
အမျိုးသားကိုယ်ကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် ဆောင်ပုဒ်ဖြစ်ပါသည် ။
၅----------။ ။ ယခုအချိန်၌ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
တို့ ၏ နှစ်ဖက်ထိပ်တန်းဆောင်များက ရခိုင်ပြည်သူတရပ်လုံး၏ လိုလားတောင့်တသော တစ်ပါတီ
ဖြစ်မြောက်ရေးအတွက် တွေ့ ဆုံဆွေးနွေးမည်ဆိုခြင်းမှာ လွန်စွာမင်္ဂလာရှိသော သတင်းကောင်း
ဖြစ်ပါသည် ။ ဤသို့  တစ်ပါတီဖြစ်မြောက်သွားပြီး မျက်မှောက်ကာလ ရခိုင်ပြည်နယ်၏ နိုင်ငံရေး
ပထ၀ီစာမျက်နှာတွင် မိသားစုစိတ်ဓါတ်များဖြင့် ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဆောင်ရွက်ညှိနိုင်းကြ
ပါရန်လည်း အမေရိကပြည်ထောင်စု ရခိုင်အင်အားစုများမှ အထူးလေးစားစွာဖြင့် မေတ္တာရပ်ခံ
ကြေညာချက်ထုတ်ပြန်လိုက်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
နှင့်
အမေရိကပြည်ထောင်စုရောက် ရခိုင်အင်အားစုများ
credit:မဟာ FACEBOOK
Subscribe to:
Post Comments (Atom)
No Response to "ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့  ပေါင်းစည်းရေးအတွက် သဘောထားကြေညာချက်"
Leave A Reply