Tuesday, January 1, 2013
နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျ မှသာ ဖြစ်နိုင်မည်
Posted on 6:01 PM by tun tun
သတင်း -
ပြည်တွင်း
Monday, 31 December 2012 19:07
Written by ရွှေဟင်္သာသတင်းဌာန
0 Comments

“ကျွှန်တော်တို့ မွန်ပြည်သစ် ပါတီ အနေနဲ့ က နိုင်ငံရေး ဆွေးနွေး ပွဲကို ကျွှန်တော်တို့ တပါ တီတည်း သွားရောက် ဆွေးနွေးဖို့ သဘောထား မရှိ ပါဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ကိုလည်း အခု အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အဆင့်သင့် မဖြစ် သေးတဲ့ အနေ အထားတွေ ရှိနေ ပါတယ်၊ ဒါကြောင့် အနည်း ငယ်တော့ အချိန်ယူ ရဦးမှာပါ” ဟု ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
မွန်ပြည်သစ် ပါတီ အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေး မူဘောင် ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ရှိသည် ဟုလည်း ဆိုပါသည်။
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ မော်လမြိုင် မြို့၌ ပြီးခဲ့သည့် ဖော်ဖော်ဝါရီ (၂၅) ရက်နေ့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး စဉ်က ဒီဇင်ဘာလ (၃၁) နောက်ဆုံး ထားကာ အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းကာ ယခု နှစ်ကုန် အမှီ အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် အချက် တစ်ချက်ကို နှစ်ဖက် ကိုယ်စား လှယ်များ လက်မှတ် ရေးထိုးကာ သဘောတူ ထားကြ ပါသည်။
Subscribe to:
Post Comments (Atom)