Saturday, January 5, 2013

ကချင်ဒုက္ခသည် အတွက် အစိုးရ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်

Posted on 6:45 PM by tun tun

User Rating: / 2
PoorBest 
သတင်း - ပြည်တွင်း
Kachin refyge 04မြို့ပေါ်ရှိသော ကချင်စစ်ပြေး ဒုက္ခသည်စခန်း များအား အစိုးရဘက်မှ တာဝန်ယူ ဖွင့်လှစ်ပေးထားရသည်ဟု နေပြည်တော်၏ ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာ ကဆိုပါသည်။
“အစိုးရဘက်က တာဝန်ယူ ကိုယ်တိုင်ဖွင့်ထားတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုလို့ မရှိပါဘူး။ မြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခ သည်စခန်းတွေဟာ အများစုဟာ ဘာသာရေးအသင်းတော်တွေ၊ ဆရာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ စခန်းပါ။ အစိုးရအသိအမှတ်ပြုတဲ့ စခန်းတော့ရှိပါတယ်။ သိပ်မများပါဘူး။ ကျန်တဲ့ စခန်းတွေကိုတော့ လုံးဝတာဝန်မယူ ပါဘူး။” ဟု ဆိုပါသည်။
http://www.president-office.gov.mm/briefing-room/news/2013/01/04/id-2290
ကချင်စစ်ပြေး ဒုက္ခသည် (၅) မျိုး ရှိပါသည်။ KIO ထိန်းချုပ်နယ်မြေ အတွင်း နေထိုင်သည့် ဒုက္ခသည်၊ တောထဲကို ထွက် ပြေးနေထိုင်သည့် ဒုက္ခသည်၊ တရုတ်ပြည်တွင်းရှိ နီးစပ်ရာ ဆွေမျိုး အသိုင်းဝိုင်းမှာ နေထိုင်နေသည့် ဒုက္ခသည်၊ အစိုးရ မဟုတ်သည် ပြည်ပအဖွဲ့အစည်းများ ဖွင့်လှစ်ထားသော စခန်း၌ နေထိုင်သည့် ဒုက္ခသည်၊ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည် တို့ ဖြစ်ကြပါသည်။
“မြို့ပေါ် စစ်ပြေးဒုက္ခသည်တွေ အတွက် အစိုးရဘက်က အားလုံး တာဝန်မယူနိုင်ဘူး။ အဓိကကတော့ အသင်းတော် တွေကဘဲ အသင်းတော်ဝင်းထဲမှာ၊ အသင်းတော်ရဲ့ ဘုရားကျောင်းတွင်းမှာ၊ အသင်းတော်ရဲ့ ပိုင်တဲ့မြေနေရာမှာ ဖွင့်ထား ပြီးတော့ အနီးကပ် စောင့်ရှောက်ထားပေးပါတယ်။” ဟု ကချင် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦခက်ထိန်နန် ကဆိုသွား ပါသည်။
အစိုးရဘက်မှ အကူအညီတချို့သာ ပေးပါသည်။ ကျန်ရှိသည့် အကူအညီများမှာ အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပါတီများ၊ လုပ်ငန်းရှင်များက လာရောက်လှူဒါန်း ခဲ့ပါသည်။
1
မိုးမောက်မြို့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း (ဓါတ်ပုံ ဂျိမ်လန်)
တိုက်ပွဲများ ဖြစ်ပွားလာပါက မြို့အနီးဝန်းကျင် ၁၅ မိုင်ခန့်ရှိ ကချင်ပြည်သူများသည် ပေါ်တာဖမ်းဆီးခြင်း မခံရရန် မြို့ပေါ်သို့ ထွက်ပြေး ရှောင်တိန်း နေကြရပါသည်။
မြို့ပေါ်ရှိ ဒုက္ခသည်များသည် နိုင်ငံတကာအပါဝင် မီဒီယာများက တွေ့ဆုံနိုင်သောကြောင့် အစိုးရသည် ထိုစခန်းရှိ ဒုက္ခသည် များကို “စစ်ပွဲများ မရှိတော့သည့် အတွက်ကြောင့် နေရပ်သို့ ပြန်ကြပါရန်” အစိုးရဘက်မှ အမြဲတိုက်တွန်းပြောဆို လေ့ရှိ ကြောင်း ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့သည့် ကချင်လူငယ်အဖွဲ့ခေါင်းဆောင် နော်စန့် က ပြောပါသည်။
၎င်းအပြင် နေရပ်စွန့်ပြီး တောတောင်အတွင်းသို့ ထွက်ပြေးနေရသော ဒုက္ခသည်များတို့၏ အခြေအနေသည် အကူအညီမဲ့ လျှက်ရှိပြီး အခြေအနေ ဆိုးဝါးနေကြောင်း ပြောပါသည်။
KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်းပေါင်း (၃၀) ကျော်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀၀၀၀) ဝန်းကျင်ခန့် ရှိ ပါသည်။ မြို့ပေါ်တွင် ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း ၃၃၀၀၀ ခန့်ရှိသည်ဟု ဦးဒွဲဗီဇာက ဆိုပါသည်။

No Response to "ကချင်ဒုက္ခသည် အတွက် အစိုးရ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်"

Leave A Reply