Tuesday, January 1, 2013

ရခိုင်ပြည်မှ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် ယနေ့  ကွယ်လွန်သွားရှာပြီ

Posted on 6:14 PM by tun tun

Khaing Aung Kyaw


ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ကရာတေးဆရာကြီးဦးထွန်းရွှေမောင်မှာ ရန်ကုန်မြို့  ဗဟိုစည်အထူးကု ဆေးရုံတွင် တက်ရောက်ကုသခံနေရာမှ ယနေ့  ဇန္န၀ါရီလ-၂-ရက် -မနက်-၂-နာရီ-၃၀မိနစ်တွင် ဘ၀တပါးသို့  ကူးပြောင်းသွားခဲ့ ပြီဖြစ်ပါသည် ။ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင်မှာ လွန်ခဲ့ သော နှစ်ပေါင်း( ၄၀ ) လောက်ကပင် ရခိုင်ပြည်နယ်တွင် ကရာတေးကိုယ်ခံပညာကို ရခိုင်ပြည်နယ်အနှံ့ သင်ကြားပြသခဲ့ သူဖြစ်ပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ သူဖြစ်သည် ။ ရခိုင်လူငယ်များအား ကိုယ်ကျင့်စာရိတ္တများ ကောင်းမွန်စေရေးနှင့် အမျိုးဂုဏ် ဇါတိဂုဏ်မြင့်မားရေးအတွက် နည်းပေးလမ်းပြ သင်ကြားခဲ့ သူဖြစ်သလို ကွယ်လွန်သည့်အချိန်အထိ မြို့ ဂုဏ်ထူးဆောင် လူကြီးတဦး အနေဖြင့် လူအများ လေးစားချစ်ခင်ကြည်ညိုခြင်း ခံရသူဖြစ်ပါသည် ။ ကွယ်လွန်ချိန်တွင် အသက်( ၆၄ ) နှစ် ရှိပြီဖြစ်ပါသည် ။ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် အား မည်သည့်နေ့ တွင် သဂြိုလ်မည့် နေ့ ရက်ကို မကြေညာနိုင်သေးပါ ။ facebook

No Response to "ရခိုင်ပြည်မှ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် ယနေ့  ကွယ်လွန်သွားရှာပြီ "

Leave A Reply