Monday, December 31, 2012
အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံအချုပ်အခြာအာဏာကျဆုံးသည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကျင်းပ
Posted on 8:25 PM by tun tun
|
အမေရိကန်ပြည်ထောင်စု IOWA, Des Moines မြို့
ရခိုင်အမျိုးသားရေအသင်းမှ ကြီးမှူးပြီး (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံတော်
အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာ
(၃၀)ရက် နံနက် (၁၀) နာရီမှ ညနေ (၄)နာရီအထိ အောင်မြင်စွာ
ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် လွန်ခဲ့သည် နှစ်ပေါင်း
(၂၂၈)နှစ် ရခိုင်နိုင်ငံတော်အား ခုခံကာကွယ်ကျဆုံးခဲ့သော အာဇာနည်များနှင့်
ယနေ့ ၂၀၁၂ အရေးအခင်းအထိ ရခိုင်ပြည်အားကာကွယ်ရင်း ကျဆုံးခဲ့ရသော
ရခိုင်အာဇာနည်သူရဲကောင်း အပေါင်းအား တစ်မိနစ်ခန့် ငြိမ်သက်စွာ
ဂါရ၀ပြုခဲ့သည်ကို သိရသည်။
သမာပတိမှ အဖွင့်အမှာစကားပြောကြားပြီးနောက်
အခမ်းအနားတက်ရောက်လာသူများက ၁၇၈၄ ဒီဇင်ဘာ လ ၃၁ ရက်နေ့တွင်
ရခိုင်အမျိုးသားများ၏ အချုပ်အချာအာဏာကျဆုံးခဲ့ရပုံများအား
ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသင်းဥက္ကဌ ဦးအေးလွင်က "
ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးပြီးသည့်အချိန်မှစပြီး
ရခိုင်လူမျိုးများလုံခြုံမှုဘ၀မှာ တစ်နှစ်ထက်တစ်နှစ်
ဆိုးရွက်သထက်ဆိုးရွားလာနေပါတယ်။ ရခိုင်လူမျိုးတို့၏ အကျပ်အတည်းမှုကြီးမှာ
burmeselization နဲ့ isalimization ကြားတွင် ရင်ဆိုင်နေရပြီးတော့
တိုင်းပြည်နှင့်လူမျိုးပါ ပျက်စီးပျောက်ကွယ်သွားမယ့် အခြေအနေသို့
ရောက်ရှိနေပါပြီ။ အဲဒီတော့ မိမိတို့အနေနဲ့လည်း ညီညွတ်ကြရန်
အထူးလိုအပ်နေပါတယ်။" ဟုပြောသည်။
" ၁၇၈၄ခု
ရခိုင်အချုပ်အခြာအာဏာကျဆုံးရသည့် အထိမ်းအမှတ် ကျင်းပရခြင်းဟာ
တင်းဝါးပန်းခိုင်တစ်မြိုင်မြိုင်ဆိုတဲ့ သမိုင်းမှတ်တမ်းအရစစ်အတွင်း
ကျဆုံးသွားခဲတဲ့ ရခိုင်အမျိုးသားပေါင်း (၇) သန်းကျော်နှင့် ၂၀၁၂
အရေးအခင်းမှ ကျဆုံးကွယ်လွန်သွားသည့် ရခိုင့်သူရဲကောင်းအပေါင်းအား
အောက်မိဝမ်းနည်းစွာနဲ့ ကျင်းပပြုလုပ်ရတာဖြစ်တယ်။ ဒီလိုဖြစ်ရပ်ဆိုးတွေကို
ကျွန်တော်တို့တထွေအနေနဲ့ ဘယ်တောမှ မေ့မှာမဟုတ်ပါဘူး။ သင်္ခန်းစာယူရပါလိမ်မယ်။
တစ်မျိုးသားလုံးညီညွတ်ကြဖို့လည်း အခုအချိန်မှာအရေးတကြီးလိုအပ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ကံကြမ္မာကိုကိုယ်ဖန်တီးပိုင်ခွင့်ဟာ
ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ " ဟု အသင်း၏ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးထွန်းသာက ဆွေးနွေးတင်ပြတိုက်တွန်းခဲ့ဟု ဆိုသည်။

တက်ရောက်လာသူများက
ရခိုင်နိုင်ငံကျဆုံးရခြင်းနဲ့ ဆက်စပ်လို့ မိမိတို့၏အမြင်များကို
တစ်ဦးချင်းအလိုက် ဆွေးနွေးဟောပြောခဲ့ကြပြီး အခမ်းနားကို
ပြည်နယ်ကိုယ်စားလှယ်များအပါအ၀င် လူပေါင်း(၆၀)ကျော် တက်ရောက်ပြီး
ကျဆုံးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအား
ဆွမ်းကျွေးရေစက်ချအမျှပေးဝေကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်ကို
သိရသည်။ arakan time
Subscribe to:
Post Comments (Atom)
No Response to "အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံအချုပ်အခြာအာဏာကျဆုံးသည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကျင်းပ "
Leave A Reply