Tuesday, February 12, 2013
ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအား ကျေနပ်မှုမရှိပါက အချိန်ပြည့် တိုင်ကြားနိုင်ပြီ
Posted on 5:45 PM by tun tun
|
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုအား ကျေနပ်မှုမရှိပါက တိုင်ကြားရန် တယ်လီဖုန်းများ တပ်ဆင်ထားကြောင်း Myanmar Police Force Website စာမျက်နှာတွင် ဖေါ်ပြထားသည်။
" မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်းအမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ။ " ဟု Website တွင် ဖော်ပြချက်အရ သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင်လည်း တိုင်ကြားရန်အတွက် တယ်လီဖုန်းများ တပ်ဆင်လျက်ရှိပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၌ တယ်လီဖုန်းအမှတ် ဝ၆၇-၅၅ဝ၃၃၃ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်းကို အဆိုပါ Website စာမျက်နှင့်တွင် ဆက်လက်ဖေါ်ပြထားသည်။
Website စာမျက်နှာကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ ARAKAN TIMES
Subscribe to:
Post Comments (Atom)
No Response to "ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအား ကျေနပ်မှုမရှိပါက အချိန်ပြည့် တိုင်ကြားနိုင်ပြီ "
Leave A Reply