Wednesday, February 13, 2013

ဦးဘတင် အာရုဏ်ကြောစိုးရိမ်ရ၍ ရန်ကုန်ပြည်သူ့ဆေးရုံ၌ ကုသခံယူ

Posted on 5:33 PM by tun tun

Written by မိုးဇော်    Wednesday, 13 February 2013 11:14    PDF Print E-mail
U Ba Tin 0077777ဖေဖော်ဝါရီလ(၁၀)ရက်နေ့က နစကဟန်ဆောင်၍ ခိုးဝင်လာသော အကြမ်းဖက်ဘင်္ဂလီများ သတ်ပုတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသော ဦးဘတင်ကို အာရုဏ်ကြောစိုးရိမ်ရသည်ဟုဆိုကာ ယနေ့ နံနက်(၆း၃၀)တွင် စစ်တွေမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် လေယဉ်ဖြင့် ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။
ဦးဘတင်အစ်ကိုဖြစ်သူ ဦးဘသိန်းက " ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ကုသဖို့စီစဉ်ထားပါတယ်။ အဲဒီမှာ ခွဲဖို့စီစဉ်ထားပါတယ်။ လူနာကကတော့ လန်းလန်းဆန်းဆန်းပါပဲ။ ဒါပေမယ့် အာရုံကြောကနည်းနည်းစိုးရိမ်ရတယ်။ ညာဖက်ခြေထောက်က လှုပ်လို့မရဘူး။ သူ့မှာဒဏ်ရာကတော့ လက်မှာ ဒဏ်ရာနှစ်ခု၊ ခေါင်းမှာ ဒဏ်ရာတစ်ခု၊ တင်သားမှာကျည်ဆံကျတာတစ်ခု ဒဏ်ရာတွေရထားပါတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတဲ့အခြေအနေမျိုးတော့ မရှိပါဘူး။ " ဟု ယခုလက်ရှိ လူနာအခြေအနေကို ပြောပြသွားသည်။
ထို့သို့ သတ်ပုတ်ခံရမှုနှင့်ပတ်သက်၍ မောင်တောမြို့နယ် န.စ.က နယ်မြေ(၅)သို့ အကြမ်းဖက်ဘင်္ဂလီများကို အရေးယူရန် တိုင်ကြားထားပြီး ၄င်းတို့ကလည်း တရားခံဘင်္ဂလီတချို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
" အဓိကဦးဆောင်တဲ့ တရားခံဘင်္ဂလီ(၄)ယောက်ကို ဖမ်းဆီးရထားပါတယ်။ သူတို့က ဘင်္ဂလာကနေလာတာပါ။ ဘင်္ဂလာကနေ ၅ ယောက်လာပြီးတော့ ဒီမှာရှိနေကြတဲ့ ဘင်္ဂလီတွေနဲ့ပေါင်းပြီး ကျနော်တို့ မိသားစုကို သတ်ဖို့လာကြတာဖြစ်တယ်။ ဘာပစ္စည်းမှလည်း မယူဘဲ တမင်ကို သတ်ဖို့လာတာဖြစ်ပါတယ်။ အဲဒီ ၅ ယောက်က ဒီမှာနေထိုင်ကြတဲ့ အထက်ကောမ အောက်ကောမ ကျေးရွာနဲ့ ဒိုးတန်းကျေးရွာတွေက ဘင်္ဂလီတွေနဲ့ပေါင်းပြီတော့ ကျနော်တို့မိသားစု သေသတ်ဖို့လာကြတာဖြစ်ပါတယ်။ သူတို့(၅)ယောက်က ဘင်္ဂလီတွေနေထိုင်တဲ့ သရက်အုပ်ကျေးရွာကနေ ဝင်လာဖြစ်ပါတယ်။ " ဟု ဦးဘသိန်းက ဆက်လက်ပြောကြားခဲ့သည်။
အကြမ်းဖက်ဘင်္ဂလီများ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ပြင်ထန်စွာရရှိထားသော ဦးဘတင်အပြင် အခြားရခိုင်အမျိုးသား နှစ်ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး စစ်တွေဇာတိ ဦးမောင်အေးဆိုသူတစ်ဦးလည်း သေဆုံးသွားခဲ့ရသည်။                       ARAKANTIMES

No Response to "ဦးဘတင် အာရုဏ်ကြောစိုးရိမ်ရ၍ ရန်ကုန်ပြည်သူ့ဆေးရုံ၌ ကုသခံယူ"

Leave A Reply