Tuesday, February 12, 2013

ကချင်လူမျိုးများ၏ စိတ်ဓါတ်နှင့် ရည်မှန်းချက်ပန်းတိုင်

Posted on 5:50 PM by tun tun


၁။ သမ္မတဦးသိန်းစိန်နှင့် စစ်ခေါင်းဆောင်ပေါက်စ မင်းအောင်လှိုင်တို့ ဦးဆောင်ပြီး ကချင်လူမျိုးများကို အပြီးသတ်ချေမှုန်းနိုင်ရန် မီးကုန်ယမ်းကုန် လူအင်အားမျိုးစုံအသုံးချပြီး တိုက်ခိုက်လျှက်ရှိနေပါသည်။
၂။ သမ္မတဦးသိန်းစိန်နှင့် မင်းအောင်လှိုင်တို့နှစ်ဦးသည် အာဏာရှင်နေ၀င်းနှင့် သန်းရွှေတို့နှစ်ဦး၏ တပည့်ရင်းပီပီ အာဏာရှင်စနစ်အမွေဆိုးကို ထိန်းသိမ်းရင်းအားဖြင့် ရုရှားစစ်တိုက်လေယဉ်များ၊ မြောက်ကိုးရီးယား လက်နက်ကြီးမျိုးစုံနှင့် လူအင်အားရှိသမျှ သိမ်းကြုံးအသုံးချပြီး ကေအိုင်အေကို ဖိတိုက်နေခြင်း။
၃။ ကချင်လူမျိုးအမျိုးသမီးများ အဖွားအိုများပါမကျန် မုဒိန်းကျင့်သတ်ဖျက်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများအားလုံးကို မီးတင်ရှို့ဖျက်ဆီးပစ်ခြင်း၊ ရာဇ၀တ်မှုမှန်သမျှကျူးလွန်ပြီး စစ်ပြေးဒုက္ခသည် စခန်းထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေခြင်းများကို အဆုံးသတ်စေရန်။
၎။ ဒီမိုကရေစီအရေခြုံ ဦးသိန်းစိန်နှင့် စစ်အာရှင်ပေါက်စ မင်းအောင်လှိုင်တို့သည် အာဏာရှင် သန်းရွှေ၏ စေခိုင်းမှုဖြင့် တရုတ်ပြည်သို့သွားရောက်ပြီး 
- ကိုးကန့်အဖွဲ့အား (၃) ရက်အတွင်းချေမှုန်းပစ်နိုင်ကြောင်း၊
- ကေအိုင်အေကိုလည်း (၁၀) ရက်အတွင်းအပြီးအပိုင်ချေမှုန်းပစ်နိုင်မည်ဖြစ်ကြောင်း၊
တရုတ်ခေါင်းဆောင်တွေကို ကတိပေးဝန်ခံခဲ့ခြင်း။
၅။ ကေအိုင်အေတပ်မတော်နှင့် ကျောင်းသားတပ်မတော်များသည် အာဏာရှင်သန်းရွှေ၏ လက်ပါးစေ တွေကို ရဲရင့်ပြတ်သားခိုင်မာသောစိတ်ဓါတ်ဖြင့် ခုခံတိုက်ခိုက်လျှက်ရှိပါသည်။ စစ်တိုက်လေယဉ်များသာ မပါဝင်ခဲ့သော် အပြီးသတ်ချေမှုန်းနိုင်မည်ဟု တွက်ဆထားပြီးဖြစ်ပါသည်။
၆။ ကေအိုင်အို၊ ကေအိုင်အေနှင့် ကချင်လူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်မှာ အာဏာရှင် သန်းရွှေနှင့်အတူ စစ်အုပ်ချုပ်ရေးယန္တယား တစ်ခုလုံးကို မြန်မာ့မြေပေါ်မှ ချေမှုန်းရှင်းလင်းပစ်ပြီး ၎င်း၏ နေရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အစားထိုးတည်ထောင်နိုင်ရန်ဖြစ်ပါကြောင်း အသိအလင်း ကြေငြာအပ်ပါသည်။ 
၇။ သို့ဖြစ်ပါ၍ ယခုအချိန်မှစ၍ စစ်အစိုးရကိုမုန်းတီးရွံ့ရှာနေသည့် တိုင်းရင်းသားများအားလုံးနှင့် အဖိအနှိပ်ခံဗမာလူမျိုးများအားလုံး UNFC တပ်ပေါင်းစုနှင့် ပူးပေါင်းလက်တွဲပြီး သန်းရွှေကြိုးကိုင်ထားသော အစိုးရကို တိုက်ခိုက်ခြေမှုန်းပစ်ကြပါစို့။ 
တင်ပြဖိတ်ခေါ်သူ
ကချင်ဝင်ရိုးတန်းစစ်မဟာမိတ်အဖွဲ့
ကချင်ပြည်နယ်
ယူနန်ပြည်နယ်
အိန္ဒိယကချင်လူမျိုးများ

No Response to "ကချင်လူမျိုးများ၏ စိတ်ဓါတ်နှင့် ရည်မှန်းချက်ပန်းတိုင်"

Leave A Reply