Thursday, February 14, 2013
ကျောင်းဆရာဆိုတာ လက်ဝေခံတွေလား(ဘူးသီးတောင်မြို့မှ ဆရာတစ်ဦး၏ရင်ဖွင့်စာ)
Posted on 6:01 PM by tun tun
သတင်း — February 14, 2013 at 11:07 pm
ဒါပေ့မယ့် ရုံးဖြတ်ငွေကို ကျွန်တော့်တို့ တွက်ကြည့်မယ်ဆိုရင် -
ဘူးသီးတောင်တမြို့နယ်လုံး ပညာရေးဝန်ထမ်း(ဆရာ/မ) အင်အားက ၁၀၀၀ ကျော်။ တွက်ရကောင်းအောင် ၁၀၀၀ ပဲထားလိုက်ပါ။ ရုံးဖြတ်ငွေက ပုံမှန် ၃၀၀၀ ဆိုတော့
၁၀၀၀×၃၀၀၀= ၃၀၀၀၀၀၀ ကျပ်(သိန်း ၃၀)
ဘူးသီးတောင်ပညာရေး ရုံးက ရုံးဖြတ်ဖြတ်ငွေ တလကို သိန်း(၃၀) ရနေပါတယ်။ စာစောင်အတွက် ပြက္ခဒိန်အတွက် ကို ၆ သိန်း(၀န်ထမ်းတစ်ယောက်ဖြတ်ငွေကေ
အဆင်ပြေတဲ့လူတွေအတွက်တော့ ၃၀၀၀ ဆိုတဲ့ပိုက်ဆံ ဟာ ဘာမှလုပ်လို့ မရပေမယ့်၊ တချို့ ၀န်ထမ်းတွေအတွက် ၃၀၀၀ ဆိုတဲ့ ငွေဟာ ၂ ရက်စာ ထမင်းဖိုး ပါ။ဝန်ထမ်း တဦးရဲ့ လစာကို ဖြတ်ချင်သလိုဖြတ်(ခေါင်းစီးအမျိ
တချိန်က အကြောက်တရားတွေနဲ့ စိုးမိုးနေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ဘူးသီးတောင်က ကျောင်းဆရာ တွေရဲ့ ဘ၀ဟာလဲ အကြောက်တရားတွေနဲ့ လွမ်းမိုးနေဆဲ၊စိုးမိုးနေဆဲပါ။ တစ်ခုခု ပြောလို့ အပေါ်က ဖိလာမှာ ကို ကြောက်ရ ၊ ဟိုဟာကြောက်ရ ဒိဟာ ကြောက်ရနဲ့ အများစုသော ကျောင်းဆရာ/မ တွေက အံကြိတ်ပြီး ခံနေခဲ့ကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဘုသွားပြောလို့ ကျောင်းပြောင်းလိုက်ရင်လဲ ဒုက္ခတွေ့မလား။ ဂွင်ဝင်လာတော့ ရိုက်စားနေကြတော့ ၊ သူတို့ ဂွင်ထဲရောက်တိုင်း အရိုက်ခံ၊ အညစ်ခံနေတာ လဲ မနည်းတော့ပါဘူး။ကိုယ့်ဂွင်နဲ့ ကိုယ်ကိုး။
အထက်အကြီးတွေတောင် ဒီလို ဂွင်လို့ မှတ်နေတဲ့ စိတ်ရှိနေတာ လက်အောက်ဝန်ထမ်းတွေလဲ ဒိစိတ်မျိုး မွေးလာမှာ ပါပဲ။ အဲ့လိုစိတ်ဓါတ်မျိုးရှိတဲ့လူတွေ
နောက်ပြီး ကျောင်းဆရာ/မတွေ တော်တော်များများ ကြုံရတဲ့ အဖြစ်ပါ။ လုပ်သက်(၂) နှစ်ပြည်ရင် နှစ်တိုး (၁၀၀၀) ရပါတယ်။ လုပ်သက်(၂) နှစ်ပြည့်တာ သာ လအတော်ကြာသွားတယ် နှစ်တိုး (၁၀၀၀) က ပါမလာဘူး။ မြို့နယ် ပညာရေးမှူးရုံးက စီမံ ကို သွားပြောတော့ လုပ်ပေးမယ်ပေါ့။ အတော်ကြာမှ နှစ်တိုးလေး ၁၀၀၀ ကို မျက်နှာမြင်ရတယ်။ ၆ လလောက်ကြာသွားပြီ၊ ၆ လဆိုတော့ ၆ ထောင်ပေါ့ နစ်နာသွားပြီ။ ဒီလိုမျိုး အဖြစ်တွေက မနည်းပါဘူး။ ဆရာ/မ တွေ ခမျှာ အကြောင်းသိလေတော့ ရှေ့ လ နှစ်တိုး ဆို ဒိလ စကတည်းက ခခယယ နဲ့ သွားသွား ပြောနေရတယ်။ဒါတောင် လကျော်သွားတာက ရှိပါသေးတယ်။
ရုံးတရုံး အနေနဲ့ ဒိလိုမျိုးတွေကို အတိအကျ လုပ်ပေးသင့်ပါတယ်။ရုံးတရုံးမှာ ဖွဲ့စည်းပုံဆိုတာရှိပြီးသားပါ။ ငွေစာရင်းက ဘာလုပ်၊ စီမံက ဘာလုပ် စသည်ဖြင့်ပေါ့။ ကိုယ့် တာဝန်လေးတော့ ကျေပွန်အောင် လုပ်ပေးသင့် တာပေါ့။ ခုဟာက ဒိကလူကပဲ ကိုယ့်အတွက် မို့လို့ လာပြောနေသလို၊ သူတို့ကပဲ ကိုယ့်အတွက် သီးသန့် ကူညီ ပေးရသလိုလို။ကိုယ့် တာဝန်တော့ ကိုယ်သိသင့်တယ်ပေါ့။ ဒါက ပါးစပ်က ပြောစရာမလိုတဲ့ကိစ္စပါ။ ဘူးသီးတောင် ပညာရေး ရုံးနဲ့ ပညာရေး ၀န်ထမ်းတွေကြားမှာ ဒိလို အဆင်မပြေမှုတွေ အများကြီးရှိနေပါတယ်။
ဒိစာကို ကျွန်တော်ရေးသားဒါဟာ ရင်ဖွင့်ရုံသက်သက်ပါ၊ သက်ဆိုင်တဲ့လူတွေ ကျွန်တော့်စာကို ဖတ်မိပြီး သတိ သံဝေဂ အသိတရားရ ရုံပါ။ ကျွန်တော် မတိုင်ချင် မတော့ ချင်ပါဘူး၊ တစုံတယောက်ကို ဒုက္ခ ရောက်စေချင်တဲ့ စိတ်မရှိပါဘူး။ အားလုံးကို အဆင်ပြေ စေချင်ပါတယ်။ ဒါပေမယ့် ကျောင်းဆရာဆို တာ လက်ဝေခံ မဟုတ်ဘူး ဆိုတာကိုတော သိစေချင်ပါတယ်။
လေးစားလျှက်
အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့မှကျောင်းဆရာ တစ်ဦး NARINJARA
Subscribe to:
Post Comments (Atom)
No Response to "ကျောင်းဆရာဆိုတာ လက်ဝေခံတွေလား(ဘူးသီးတောင်မြို့မှ ဆရာတစ်ဦး၏ရင်ဖွင့်စာ)"
Leave A Reply