Thursday, February 14, 2013

ရခိုင်ပြည်နယ်၌ တတိယမြောက် ပဋိပက္ခဖြစ်မည်ကို နှစ်ဘက်စိုးရိမ်

Posted on 6:46 PM by tun tun

ရခိုင်ပြည်နယ်၌ တတိယမြောက် ပဋိပက္ခဖြစ်မည်ကို နှစ်ဘက်စိုးရိမ်

မိုးဝေ

ရခိုင်ပြည်နယ်တွင် ၂၀၁၃ နှစ်ဆန်းမှစ၍ ဖြစ်ပွားခဲ့သည့်နေရာကွက်ကြား အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသည့် ရခိုင်လူထုမှာ အလားတူအဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်။

လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပေါ်ခဲ့သော မောင်တောမြို့နယ်နှင့်မြောက်ဦးမြို့နယ်မှ အကြမ်းဖက်မှု ဖြစ်စဉ် အချို့ကြောင့် ဒေသခံများမှာ စိုးရိမ်နေကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ(၁၀)ရက်နေ့ကလည်း မောင်တောမြို့နယ် ငါးခူးရကျေးရွာအုပ်စု ယောင်ဘွေကျေးရွာတွင် အကြမ်းဖက်မှု တစ်ခုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့၍ သုံးဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

“တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ကို ပို့လိုက်ပါတယ်’’ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

ထို့ကြောင့် မောင်တောမြို့ခံများမှာ စိုးရိမ်မှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး နေရာကွက်ကြားဖြစ်ပေါ်လာသော ပဋိပက္ခဖြစ်စဉ်ငယ်များကြောင့် ရခိုင်လူထုမှာယခင်ထက်ပို၍ စိုးရိမ်မှုတိုးလာခြင်းဖြစ်သည်။

“ အခုအချိန်မှာအကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်ကြတာပါ။ ဘယ်သူမှပြဿနာ မဖြစ်ချင်ဘူး။ အခုဟာက အကြမ်းဖက်လိုတဲ့ လူတစ်ချို့ကြောင့် အဲ့ဒီလိုဖြစ်နေတာ’’ဟု မြေပုံမြို့ ကံသာထွက်ဝ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

လက်ရှိအနေအထားတွင် ပဋိပက္ခဖြစ်စဉ်များကြောင့် ဘေးဒဏ်သင့်ဒုက္ခသည်များအတွက် ပြန်လည် နေရာချထားရေး ကိစ္စဆောင်ရွက်နေရဆဲဖြစ်သည့်အချိန်တွင် တတိယအကြိမ်ဖြစ်လာမှာကို နှစ်ဘက်စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခဖြစ်စဉ်များကြောင်း သေဆုံးသူ ၅၀ ရှိခဲ့ရာ ၊ ထိခိုက်ဒဏ်ရာ ရသူ ၅၄ ဦးနှင့် အဆောက်အဦး ၂၂၃၀ ဆုံးရှုံးခဲ့ရပြီး ဒုတိယ အကျော့ အောက်တိုဘာလတွင်လည်း သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၃၆ ဦး ပျက်စီးသွားသည့် အဆောက်အဦး ၅၃၅၁ လုံးရှိခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။

ထို့အပြင်အရေးအခင်းကာလအတွင်းကလည်း ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့ရာ ရခိုင်တပြည်နယ်လုံးတွင် လူဦးရေ စုစုပေါင်း ၈၃၇ ဦးမှာ တရားစွဲဆို ဖမ်းဆီးခြင်းခံခဲ့ရသည်။

၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၂၉ရက်နေ့ကလည်း ရန်ကုန်မြို့ အမေရိကန် သံရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အချို့ ရခိုင်အရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

လက်ရှိတွင်စစ်တွေမြို့နယ်ရှိ ဒုက္ခသည်များအား ဒုက္ခသည်တန်းလျား ဖြင့်နေထိုင်ခွင့်ပေးထားရာ ၄င်းတို့ အတွက် အိမ်ရာများကိုလဲ ယခုလ အစောပိုင်းမှ စတင်တည်ဆောက်ပေးလျှက်ရှိသည်။

သို့သော် ၂၀၁၂ ခုနှစ်တစ်ကျော့ ပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ဘေးဒဏ်သင့်ဒုက္ခသည်များ အတွက် ဒုက္ခသည်စခန်းတန်းများ ဆောက်လုပ်ရန် စီစဉ်ဆောင် ရွက်နေရဆဲဖြစ်သည်။

ဖေဖော်ဝါရီလ (၁၁)ရက်တွင် စစ်တွေမြို့သို့ နှစ်ရက်တာ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကွင်တားနား ခရီးစဉ်အတွင်း ယမန်နေ့က စစ်တွေဟိုတယ်တွင် ရခိုင်နှင့် ဘင်္ဂါလီနှစ်ဘက် တွေ့ဆုံခဲ့သော်လည်း ရလာဒ်ကောင်းများဖြစ်မလာခဲ့သည်ကို တွေ့ရကြောင်း မြို့ခံအချို့က သုံးသပ်ကြသည်။

အဆိုပါ နှစ်ဘက် ဆွေးနွေးပွဲတင် ရခိုင်လူထုမှာ လက်ရှိဘင်္ဂါလီလူဦးရေထက် အဆမတန်များပြားလာမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။    FACEBOOK

No Response to "ရခိုင်ပြည်နယ်၌ တတိယမြောက် ပဋိပက္ခဖြစ်မည်ကို နှစ်ဘက်စိုးရိမ်"

Leave A Reply