Sunday, March 10, 2013

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ရသေ့တောင်တွင် ဆန္ဒပြ တောင်းဆို

Posted on 4:51 PM by tun tun


မောင်ရမ္မာ
၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ရသေ့တောင်မြို့တွင်  မတ်လ ၁၀  ရက် ယနေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
Rtd ၎င်းဆန္ဒပြ တောင်းဆိုပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့သည်။
ဆန္ဒပြတောင်းဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဆိုင်ရာ ဥပဒေဆိုင်ရာတွေကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးဖို့ အဓိကထားပြီးတော့ တောင်းဆိုတယ်။ တခြား  အချက်အလက်တွေကတော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထား မပါဘဲနဲ့ ဒေသ အရေးကို မဆုံးဖြတ်ပါနဲ့။  နောက်ပြီး နိုင်ငံသား မဟုတ်သူတွေကို နိုင်ငံသား အခွင့်အရေး မပေးပါနဲ့၊  ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးပါ၊ တရားမ၀င် နေထိုင်သူတွေကို ဥပဒေကြောင်းအရ အမြန်ဆုံးအရေး ယူပေးပါနဲ့ ဘင်္ဂါလီ အရေး ပွင့်လင်း မြင်သာမှု ရှိပါစေ ဆိုတဲ့ အချက်အလက်တွေ ပါတယ်” ဟု ဆိုသည်။
ရသေ့တောင်မြို့ ဓည၀တီ ဆရာတော်ကြီးက ယခုလ ၇ ရက်နေ့က ဆန္ဒပြခွင့် လျှောက် တင်ရာတွင် မြို့နယ် တာဝန်ရှိသူများက ၁၀ ရက်နေ့ နေ့စွဲဖြင့် ခွင့်ပြုခဲ့သော်လည်း ၉ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြပွဲကို ခွင့်မပြုဟု ဆိုကာ တဖန်  တားမြစ်ခဲ့သည်ဟု ဆိုသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန် တောင်းဆို ဆန္ဒပြသည့် အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် အမတ် ဦးလှမောင်သိန်းက သူ၏ အမြင် ကို နိရဉ္စရာသို့ ပြောသည်။
Rtd-3“ ၁၉၈၂ ခု ဥပဒေကို သမ္မတက အခုလို အတိုင်းအတာ တစ်ခု အရ ကိုင်တွယ်ရမယ်လို့ ကြေငြာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကိုင်တွယ် ဖြေရှင်းမှု မရှိတဲ့ အတွက် ရခိုင်သူ ရခိုင်သားတွေက နောက်တကြိမ် လူမျိုးရေး  ပဋိပက္ခကို ဖြစ်ပေါ် လာမှာကို စိုးရိမ် ပူပန်မှုတွေ ရှိနေကြတဲ့ အတွက် ခုလို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးဖို့ တောင်းဆိုကြတာ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဆိုသည်။
ဆန္ဒပြ တောင်းဆိုပွဲတွင် ရဟန်းတော် ၂၀၀ နှင့် အမျိုးသား အမျိုးသမီး ၃၀၀ ခန့်၊  စုစုပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည် ဟု သိရသည်။
နေ့လည် ၂ နာရီတွင် စေတီတောင်ကွင်းမှ စတင်ကာ မြို့ကို တပတ် ပတ်ပြီး ၃ နာရီတွင် စေတီတောင်ကွင်းကို ပြန်လည်ရောက်ရှိလာကာ ဆန္ဒပြပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။         NARINJARA

No Response to "၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ရသေ့တောင်တွင် ဆန္ဒပြ တောင်းဆို"

Leave A Reply