Thursday, March 14, 2013

အမျိုးသားသူရဲကောင်းဆိုတာ အမျိုးသားတွေက သတ်မှတ်တာဖြစ်တယ်

Posted on 6:41 PM by tun tun

အမျိုးသားသူရဲကောင်းဆိုတာ အမျိုးသားတွေက သတ်မှတ်တာဖြစ်တယ်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း သမိုင်းအထောက်အထားများဖြင့် Kanda University မှ ပါမောက္ခ ဒေါက်တာအေးချမ်းပြော

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြတယ်ဆိုတာဟာ မင်္ဂလာတပါးမည်တယ်လို့  ဗုဒ္ဒမြတ်စွာဘုရားရဲ့ ပါဋ္ဌိတွေထဲ
ထင်ထင်ရှားရှား ဖေါ်ကျူးထားတယ် ။ သာသနာတော်ကို မညိုးနွမ်းရအောင် မပျောက်ကွယ်ရအောင် အသက်ပေးကာကွယ်တဲ့  ရဟန်းသင်္ဃာတော်တွေကို သာသနာ့အာဇါနည်လို့  ဂုဏ်ပြုချီးမွမ်းကြတယ် ။ လူမှုရေးလောကမှာ လူမှုရေးလောကကို လူ့ တန်ဖိုးနဲ့ အညီ ထိမ်းသိမ်းလိုက်နာစေဖို့  လူ့ စည်းကမ်း ကလနားတွေကို ညွှန်ပြစောင့်ရှောက် ပေးသူများကို လူမှုထူးချွန်ဆုတွေနဲ့  ချီးကြူးထောပနာ ပြုတတ်ကြတယ် ။ နိုင်ငံရေးနဲ့  ပါတ်သက်လို့  နိုင်ငံအရေးကို အသက်ကို ပဓါနမထားဘဲ ပြည်သူလူထု တရပ်လုံးနဲ့  ကြောချင်းကပ် ရင်ချင်းထပ်ပြီး လူသားများအကျိုးကို ဆောင်ရွက်တဲ့  နိုင်ငံရေးသမားကိုဆိုရင် မျိုးချစ် နိုင်ငံရေးခေါင်းဆောင်များအဖြစ် ဂုဏ်ပြုချီးမွမ်းကြ ထောပနာပြုကြလေ့ရှိကြတယ် ။
ခုလဲဘဲ ကျွန်တော်တို့ ရဲ့  မျက်စေ့ရှေ့မှောက်မှာတင် အမျိုးသားသူရဲကောင်းတဦးကို ဂုဏ်ပြုချီးမွမ်းဖို့  အချိန်အခါ ကျရောက်နေပြီဖြစ်တယ် ။ နိုင်ငံနဲ့ လူမျိုးအတွက် ဘ၀ကို ထောင်နန်းစံခဲ့ ရင်း နောက်ဆုံးမှာ မိမိတို့  နိုင်ငံ-မိမိတို့  ဗုဒ္ဒဘာသာ သာသနာတော်- မိမိတို့  အချုပ်အချာ မြေတလက်မ- မိမိတို့  ဆွေမျိုးသားချင်း ချက်မြုပ်မြေ- မိမိတို့ ရဲ့  တိုင်းရင်းသား လူပေါင်းစုံနေထိုင်တဲ့  မြန်မာနိုင်ငံတော်ကို အမျိုးသားသူရဲကောင်းအဖြစ် သူဟာ ရပ်တည်နေခဲ့ တယ် ။ ဒီတော့ သူ့ ကို မချီးမွမ်းရင် ဂုဏ်မပြုရင် ကျွန်တော်တို့ ဟာ ကျွန်တော်တို့ လောက် ညံ့တဲ့  လူ ဒီခေတ်မှာ မရှိတော့ဘူးလို့  ပြောရတော့မှာဖြစ်တယ် ။ 
အရာခပ်သိမ်းမှာ ကျွန်တော်တို့ ဟာ ညံ့ချင်ညံ့ခဲ့ ကြပေလိမ့်မယ် ။ အရာခပ်သိမ်းမှာ ကျွန်တော်တို့  တော်ချင်တော်ခဲ့ ပေလိမ့်မယ် ။ ဒါပေမဲ့  ကျွန်တော်တို့ ထက် မညံပါဘဲ တော်ခဲ့ တဲ့  သူ့ လို လူသားတယောက်ကို ကျွန်တော်တို့  ပိုင်ဆိုင်ခဲ့ ရတယ် ။ ဒါဟာလောကကောင်းကျိုးကို သူ့ အနေနဲ့  မည်မျှစွမ်းဆောင်ခဲ့ သလဲဆိုတာ သိသာနိုင်တဲ့ အချက်အလက်တွေကြောင့်ဖြစ်တယ် ။ သူသာဒီလောကမှာ မရှိခဲ့ ရင် ဒီကနေ့ ကျွန်တော်တို့ ဟာ မျက်စေ့သူငယ် နားသူငယ်နဲ့  ဖြစ်နေကြပေလိမ့်မယ် ။ ဒီ့ နောက်မှာ အင်မတန်မတွေးရဲတဲ့  ကာလဘ၀များကို ရင်ဆိုင်ဖြတ်သန်းခွင့် ကြုံကြိုက်သွားရလိမ့်မယ် ။ ဆိုးဝါးလှတဲ့  အနာဂါတ်ဟာ မှောင်မည်းမည်းနဲ့  လွင်တီးခေါင်ကန္တရလို အကျည်းတန်စွာ အရုပ်ဆိုးပြီး ရှိနေစေလိမ့်မယ်။ ဒီလိုအဖြစ်အပျက်ဆိုးကို သူဟာ ကြံ့ကြံ့ခံ တိုက်ဖျက်နိုင်ခဲ့ တယ် ။
ခုတော့ ကျွန်တော်တို့ အတွက် အင်အားတွေဟာ အားကောင်းမောင်းသန်နဲ့  ခွန်အားတွေဖြစ်ပေါ်စေခဲ့ ပြီ ။ အညံ့မခံတဲ့  စိတ်ဓါတ်တွေနဲ့  ကျွန်တော်တို့ ဟာ အမှန်တရားအတွက် တိုက်ပွဲကို စိတ်ခေါ်ရဲပြီး သေရဲကြတဲ့  အမျိုးသားသူရဲကောင်းများရဲ့  မျိုးဆက်တွေကို မွေးဖွါးစေနိုင်ခဲ့ ကြပြီ ။ ခေါင်းဆောင်ကောင်း ရှိနေတာကြောင့် ကျွန်တော်တို့ ဟာ နောက်လိုက်ကောင်းများအနေနဲ့  ရပ်တည်ကြတဲ့ အခါ ကျွန်တော်တို့ ရဲ့  အနာဂါတ်ဟာ သာယာလှပစေလိမ့်မယ် ။ ခေါင်းဆောင်ကောင်းရဲ့  ခြေဦးတည့်ရာ နောက်ကို ဖ၀ါးထပ်မျှ လိုက်ပါရဲတာဟာ နောက်လိုက်ကောင်းများရဲ့ သဘာဝဆိုသလို အနာဂါတ်အတွက် ခေါင်းဆောင်ကောင်းက ဖန်တီးတာကို လက်ခံယူရဲတာဖြစ်တယ် ။ 
ကျွန်တော်တို့ မှာ အနာဂါတ်ဆိုတာ ရှိနေတယ် ။ အတိတ်ဆိုတာ မနေ့ က လို့  ပြောကြသလို ဟိုလွန်ခဲ့ တဲ့  ကာလများတွေကိုလဲ အတိတ်လို့ ခေါ်တယ် ။ ဒီကနေ့ ဆိုတဲ့  ပစ္စုပန်ကာလကို ကျွန်တော်တို့  ဖြတ်သန်းရင်း မနက်ဖန်ဆိုတဲ့  အနာဂါတ်ဟာ ကျွန်တော်တို့ အတွက် မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေတာဖြစ်တယ် ။ ဒီလို မဖိတ်ခေါ်ဘဲ ရောက်ရှိလာတဲ့  အနာဂါတ်ဧည့်သည်ကို ကျွန်တော်တို့ မှာ ထွေးပိုက်ချော့သိပ်နိုင်ဖို့  အမျိုးကိုချစ်စိတ် ဆိုတဲ့ စိတ်နေသဘောထားတွေ- သာသနာကို ကာကွယ်စောင့်ရှောက်စေဖို့  စိတ်ဓါတ်တွေ- မွေးမြူကိန်းအောင်းမဲ့  သဘောထားတွေကို သူ့ လို လူက ကျွန်တော်တို့ အတွက် သင်ပေးနေတယ် ။ လမ်းညွှန်ပြနေတယ် ။ ဒါတွေဟာ ကျွန်တော်တို့ အတွက် မင်္ဂလာတပါးဘဲ ဖြစ်တယ် ။ ဒီလို မင်္ဂလာတပါးဖြစ်ခွင့် ရတဲ့  ကျွန်တော်တို့ အဖို့  အမျိုးသားသူရဲကောင်းတဦးကို ချီးကြူးဂုဏ်ပြု ထောပနာ ပြုဖို့  လူတိုင်းလူတိုင်းဟာ ဦးညွတ်ပေးပြီးသား ဖြစ်နေရမယ် ။
အကယ်၍ ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုခဲ့ ရင် လေးစားထိုက်သူကို မလေးစားခဲ့ ရင် မိမိကိုလဲ လူတွေဟာ ဂုဏ်ပြုကြမှာ မဟုတ်သလို လေးစားကြမှာလဲ မဟုတ်ချေဘူး ။ လူတွေကို မပြုံးပြနိုင်တဲ့ သူဟာ မိမိကို မပြုံးပြတဲ့  လူတွေနဲ့ ဘဲ အချိန်ကာလတိုင်းကို ဖြတ်သန်းသွားနေပေလိမ့်မယ် ။ လောကမှာ လူသားတွေဟာ သူတို့ ရဲ့  ဘ၀တွေကို တန်ဖိုးကြီးမားစွာ ပေးဆပ်ပြီး လျှောက်လှမ်းနေကြတယ် ။ ဒီလိုလျှောက်လှမ်းနေတဲ့  အခိုက်အတန့် ကာလမှာ ပြည်သူလူထု ရဟန်းရှင်လူ မှန်သမျှ လေးစားချစ်ခင်ပြီး အပြစ်အနာအဆာမရှိ ချီးကြူးဂုဏ်ပြုခြင်းဆိုတဲ့  ၀ိသေသထူးခြားမှုဆိုတဲ့ အဖြစ်တခုဟာ ဒီကနေ့  ကျွန်တော်တို့ မျက်စေ့ရှေ့မှာတင် ပေါက်ဖွါးလာခဲ့ ပြီ ။ ဒါ့ကြောင့်မို့ လို့  ကျွန်တော်တို့ မှာ သူချမှတ်နေတဲ့  လမ်းစဉ်-သူပြောနေတဲ့  အရာခပ်သိမ်း- သူညွှန်ပြနေတဲ့  သစ္စာတရားတွေကို လိုက်နာကြဖို့ လိုတယ် ။ ဒီလိုလိုက်နာခြင်းဟာ ဗုဒ္ဒဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်တယ် ။ ဒီလိုလိုက်နာခြင်းဟာ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်တယ် ။ ဒီလိုလိုက်နာခြင်းဟာ မြန်မာနိုင်ငံတော်ကို အမျိုးဘာသာ သာသနာမပျောက်ပျက်ရအောင် ကာကွယ်စောင့်ရှောက်ခြင်းးဖြစ်တယ် ။ ဒီလိုလူမျိုးကို ကျွန်တော်တို့ က အမျိုးသားသူရဲကောင်းတဦးအဖြစ် မော်ကွန်းထိုးခွင့်ရတာဟာ ကျွန်တော်တို့ အတွက် သမိုင်းကို ထုဆစ်ခြင်းဖြစ်တယ် ။ ဒါ့ကြောင့် အမျိုးသားသူရဲကောင်း ဒေါက်တာအေးချမ်းကို ရခိုင်လူထုတရပ်လုံးက ဂုဏ်ပြုချီးကြူးတာကို အသိအမှတ် ပြုယင်း ဒီမော်ကွန်းစာကို ရေးထိုးပေးလိုက်ခြင်းဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )
အမေရိကပြည်ထောင်စု
၃-၁၃-၂၀၁၃- ( အမေရိကနိုင်ငံ ရက်စွဲ )
MTHN(UNIM) ref; by U Khaing Aung Kyaw

No Response to "အမျိုးသားသူရဲကောင်းဆိုတာ အမျိုးသားတွေက သတ်မှတ်တာဖြစ်တယ်"

Leave A Reply