Tuesday, March 12, 2013
အမေရိကန်သံ အမတ် ဦးဆောင်သော အနောက်နိုင်ငံ သံတမန် အဖွဲ့ ရွှေစေတီဆရာတော်နှင့် ရခိုင် အရေး ဆွေးနွေး
Posted on 6:59 PM by tun tun
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒေးရစ်မစ်ရှယ် Derek Mitchell အပါအ၀င် သြစတြေးလျ လက်ထောက် သံအမတ်နှင့် ဗြိတိန် လက်ထောက် သံအမတ် တို့ ၃ ဦးတို့သည် စစ်တွေမြို့ ရွှေစေတီကျောင်း ဆရာတော်နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ဆွေးနွေးကြတာတွေကတော့ အရင်ကလို ဘင်္ဂလီတွေနဲ့ရခိုင်တွေ အတူနေထိုင်ဖို့ ကိစ္စ၊ ပြီးတော့ အခု မိုးရာသီ နီးလာပြီ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ နေရာချထားရေး၊ လုံခြုံရေးကိစ္စ၊ နောက်ပြီး ရခိုင်ပြည် နယ် ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်သုံးခုနဲ့ ဆွေးနွေးကြပါတယ်” ဟု ဆိုသည်။
အတူ နေထိုင်ရေးနှင့် ပတ်သက်ပြီး ဆရာတော် အရိယာဝံသမှ ဘင်္ဂလီများကို ရခိုင် တိုင်းရင်းသား များက ယခင်က မေတ္တာ တရားနှင့် လက်ခံထားပြီး အလုပ်အကိုင် အခွင့်အလန်းများ ပေးခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများကို နည်းမျိုးစုံနှင့် တိုက်ခိုက်လာသည့်အတွက် ယခုအခါ အတူ နေထိုင်ရန် မဖြစ်နိုင်ကြောင်း၊ အတူ နေထိုင်ခြင်းဖြင့် ပြဿနာသာ ပိုမို တိုးပွားလာနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ဆရာတော်က ဆိုသည်။
ယခု တစ်ကြိမ် လာရောက်သည့် အမေရိကန်သံ အမတ် ဦးဆောင်သည့် အနောက်နိုင်ငံ သံအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေး ပြောဆိုကြောင်း ဆရာတော်က ဆိုသည်။
ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီးလည်း ဆရာတော်မှ အနောက်နိုင်ငံ သံတမန် အဖွဲ့ကို ယခုလို ပြောကြားခဲ့သည်ဟု ဆိုသည်။
“ သမ္မတ ဦးသိန်းစိန်ပြောဆိုထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေနဲ့ အညီ ဒီဘင်္ဂလီတွေကို စိစစ်ပြီး မြန်မာနိုင်ငံ အစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းပြီး နိုင်ငံသားဖြစ်သူနဲ့ နိုင်ငံသား မဖြစ်သူတွေကို ခွဲခြားပြီး သီးခြားစီ ထားရန်လိုအပ်တယ်ဆိုပြီး ဆွေးနွေးလိုက်ပါတယ်” ဟု ဆရာတော်က မိန်းကြားသည်။
နောက်ဆုံးခေါင်းစဉ်ဖြစ်သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိ
“ ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေးက အစ အားလုံး အောက်ဆုံးကို ရောက်နေတယ်။ လူတွေ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အတွက် ရခိုင်ပြည်နယ်က ထွက်တဲ့သဘာဝ သယံဇာတတွေနဲ့ ရခိုင်ပြည်မှာ စက်ရုံ အလုပ်ရုံတွေ တည်ထောင်ပေးဖို့လို တယ်။ ဒါမှ အဲဒီ စက်ရုံအလုပ်ရုံတွေမှာ ဒေသခံရခိုင်တွေအလုပ်အကိုင်ရမှာ ဖြစ်တယ်ဆိုပြီး ဆွေးနွေး လိုက်ပါတယ်။”
အဆိုပါ အဖွဲ့မှာ ရခိုင်တိုင်းရင်းသားများတိုးတက်
ယခုလက်ရှိ ရွှေစေတီကျောင်းတွင် ခိုလှုံနေရသည့် ရခိုင်ဒုက္ခသည်မိသားစု ၂၈ စု သာ ကျန်ရှိတော့ကြောင်း သိရသည်။ ယခင် ခိုလုံခဲ့သော မိသားစု ၇၀၀ ခန့်မှာ ဒုက္ခ သည်စခန်း ၄ ခုသို့ ပြောင်းရွေ့သွားကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲကို ယမန်နေ့ညနေ ၅ နာရီခန့်တွင် ရွှေစေတီကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "အမေရိကန်သံ အမတ် ဦးဆောင်သော အနောက်နိုင်ငံ သံတမန် အဖွဲ့ ရွှေစေတီဆရာတော်နှင့် ရခိုင် အရေး ဆွေးနွေး"
Leave A Reply