Saturday, March 16, 2013

ဆရာတော် ဥာဏစက္က ရခိုင်ပြည် ကြွမည်

Posted on 6:44 PM by tun tun


ဘာသာရေး ဆိုင်ရာ အငြင်းပွားမူကြောင့် ရခိုင်ပြည်နယ်ကို စွန့်ခွာပြီး နှစ်ပေါင်း (၃၀) ကျော် အထိ ရန်ကုန်မြို့တွင် သီတင်းသုံးနေထိုင်ခဲ့သော ဆရာတော် အရှင် ဥာဏစက္ကသည် ယခုလ ၂၀ ရက်နေ့တွင် ရခိုင်သို့ ပြန်လည် ကြွရောက်မည်ဟု သတင်း ရရှိသည်။
Saradaw Nyana Sikaသက်တော် ၉၀ ရှိပြီ ဖြစ်သော ဆရာတော် ဘဒ္ဒန္တ ဥာဏ စက္ကသည် တပည့်တကာများ ခြံရံ လိုက်ပါလျှက် စင်းလုံးဌား လေယာဉ်ဖြင့် မတ်လ ၂၀ ရက်နေ့တွင် စစ်တွေသို့ ကြွရောက်မည် ဖြစ်ကြောင်း  Lay Mro ၀က်ဆိုက်တွင် ဖေါ်ပြထားသည်။
ဆရာတော် အရှင် ဥာဏ စက္ကနှင့် ဒေသအတွင်းက ဆရာတော်များ အကြား  ရဟန္တာ ဖြစ်သည် မဖြစ်သည်ဆိုသော ဘာသာရေးဆိုင်ရာ အငြင်းပွားမူ အပါအ၀င် တစ်ခြား အငြင်းပွားမူများ  ပေါ်ပေါက်ပြီးနောက် ရခိုင်ပြည်နယ်ကို စွန့်ခွာသွားခဲ့ရသည်။
ရခိုင်ပြည်နယ်ကို စွန့်ခွာပြီးနောက် ဆရာတော်သည် ရန်ကုန်တိုင်း ပုလဲမြို့သစ် ဥာဏရွာရှိ သီရိ မင်္ဂလာ သတိပဌာန် ကျောင်းတိုက်တွင် ရခိုင်သို့ မပြန်ဘဲ နှစ်ပေါင်း ၃၀ ကျော် သီတင်းသုံး နေထိုင်တော်မူခဲ့သည်။
ဆရာတော် ဥာဏစက္က၏ အကျင့် သီလ သိက္ခာ သမာဓိကြောင့် ကြည်ညိုသူပေါများပြီ ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများ အထူး အောင်မြင်သဖြင့် မနာလိုသူများက မဟုတ်မမှန် အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆရာတော်ကို ကြည်ညိုသူများက ပြောသည်။
ဆရာတော် ဥာဏစက္က ရခိုင်တွင် သတင်း သုံးနေစဉ် တည်ဆောက်ထားသော ကျောင်းပေါင်း ၄၀ ခန့်ရှိပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများမှာ အထူး အောင်မြင်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဆရာတော် ဥာဏစက္က၏ သာသနာပြု လုပ်ငန်းများနှင့် ပတ်သက်ပြီး အမြင် သဘောထား ကွဲလွဲမူများနှင့် အတူ ကြည်ညိုသူနှင့် မကြည်ညိုသူများ အကြားတွင် ပဋိပက္ခများလည်း  အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ ကျေးရွာ တချို့တွင်မူ တုတ်ဆွဲ၊ ဓါးဆွဲ အဆင့်ထိ ရောက်ရှိခဲ့ရသည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင်  ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် အစိုးရ အဆက်ဆက်၏ ဖိနှိပ်ခွဲခြား အုပ်ချုပ်မူများကြောင့် ရခိုင်အမျိုးသားများ အကြား အထူး ညီညွှတ်မူ ရရှိနေသော အချိန် ဖြစ်ရာ  ဆရာတော်ကြီး ဥာဏစက္က ခရီးစဉ်ကြောင့် စည်းလုံး ညီညွှတ်မူ ထပ်မံ ပြိုကွဲမည်ကို အများက စိုးရိမ်လျှက် ရှိကြောင်း သတင်း ရရှိသည်။
(ဓါတ်ပုံ- လေးမြို့)                  NARINJARA

No Response to "ဆရာတော် ဥာဏစက္က ရခိုင်ပြည် ကြွမည်"

Leave A Reply