Friday, February 22, 2013

ဒေသငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ…

Posted on 6:18 PM by tun tun

ကယား(ကရင်နီ)ပြည်နယ်မှာ ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရန်အတွက် အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအကြား ပြီးခဲ့တဲ့နှစ်ကတည်းက အပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမဲ့ လူမှုအခြေပြုအသင်းအဖွဲ့များမှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယနေ့ထိ လွတ်လပ်စွာအဖွဲ့စည်းဖွဲ့ပြီး စောင့်ကြည့်လေ့လာမှု မပြုလုပ်နိုင်ဘဲရှိနေပါတယ်။
အစိုးရနဲ့ KNPPအကြားအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအပေါ် လူထုဘက်က အပြည့်အ၀အယုံအကြည်မရှိသေးတဲ့အတွက် လူမှုအခြေပြုအဖွဲ့အစည်းတို့အနေဖြင့် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ဖို့ခက်ခဲကြောင်း ကရင်နီလူငယ်အစည်းအရုံး (KNYO) အဖွဲ့ကပြောပါတယ်။

"ငြိမ်းချမ်းရေး ပြန်ပျက်သွားလို့ ရှိရင် ဒီပြည်ပအဖွဲ အစည်းနဲအဆက်အသွယ် လုပ်တယ်ဆိုတဲ့ဟာမျိုးတွေ သူတို့ ကြောက်တာတွေရှိတယ်
အဲလိုမျိုးကြောက်တဲ့အခါကျတော့ ဒီပြည်ပအဖွဲ့ အစည်းတွေလည်းပဲ သူတို အထဲမှာဝင်သွားတဲ့အချိန်မှာ သူတို့ သိသာ သိတယ် ဒါပေမဲ့ သူတို
့ရှေ့ဆက်လုပ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီရှေ့ဆက်လုပ်ရမယ့်ဟာ သိပ်ပြီးတော့မှ အကောင်အထည်ဖော်နိုင်တဲ့ဟာ မရှိဘူး"လို့ KNYO မှ
နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။

KNPP နဲ့ အစိုးတို့ဟာ ၂၀၁၂ခုနှစ် မတ်လ ၇ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးထားကြပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာပြုလုပ်ကာ KNPPမှတင်ပြဆွေးနွေးထားတဲ့ အချက် ၂၀ထဲမှ
၁၄ချက်ကိုနှစ်ဘက်သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ကယားပြည်နယ်အတွင်း အစိုးရတပ်မှဆောက်လုပ်နေတဲ့ စစ်ရေးလေ့ကျင့်ရေးကျောင်းကိစ္စနဲ့အတူ ပြည်နယ်တွင်းလှုပ်ရှားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပါတ်သက်ပြီး သဘောတူညီမှုတွေမချမှတ်နိုင်သေးတဲ့အတွက် ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ သဘောတူထားကြပါတယ်။

ပြီးခဲ့တဲ့ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် ၃ အရ အစိုးရနဲ့ KNPP အကြားအပစ်ခတ်ရပ်စဲရေး ခိုင်မာအောင်တည်ဆောက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင် အထည်ဖေါ်ဆောင်ရွက်သွားနိုင်ရေး ကိစ္စမှာ စောင့်ကြည့်လေ့လာမှုပြုလုပ်နိုင်ဖို့ ဒေသ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရန် သဘောတူထားကြပါတယ်။

ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ထားရှိမည့် လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန်ညှိနိုင်းရန် သဘောတူသည်ဆိုတဲ့ အချက်မှာ အစိုးရနဲ့KNPP သြဇာအာဏာ လွမ်းမိုးမှုမရှိပဲ လူထုတွေဆီက အမှန်တကယ် ကိုယ်စားပြုမည့် လူပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုအပ်နေကြောင်း KNYO နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။

"ဒီKNPPနဲ အစိုးရကြားထဲမှာ သူတို့ က လွတ်လပ်စွာ peace monitoring လုပ်နိုင်တဲ့အဖွဲ့ တွေကို ပေးဖို့ လိုတယ် တဖက်မှ ဘက်မလိုက်ဘဲနဲပေါ့နော် သူတို့ က လွတ်လတ်စွာသွားလာပြီးတော့မှ လှုပ်ရှားပိုင်ခွင့်ပေးဖို့ လိုတယ် အခုက အဲလိုမျိုး သူ့ ဖက်ကိုယ့်ဖက့် ဖြစ်လာတဲ့အခါကျတော့ လွတ်လပ်စွာ peace monitoring လုပ်လို့ မရဘူး"

နှစ်ဘက်သဘောတူထားချက်တွေ အပြန်အလှန်ထိန်းသိမ်းလိုက်နာမှုများကို စောင့်ကြည့်နိုင်ဖို့ လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့
ဒေသအတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုအစိုးရ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ KNPPတို့ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့က ပဏာမတွေ့ဆုံဆွေးနွေး ကြစဉ်မှာသဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ တတိုင်းတပြည်လုံးအပစ်ခတ်ရပ်စဲရေးမပြုလုပ်နိုင်သေးတဲ့ အခြေအနေအောက်မှာ စောင့်ကြည့်လေ့လာရေး ကိစ္စနဲ့ပါတ်သက်ပြီး
ပြည်တွင်းမှလူထုအခြေပြုအဖွဲ့အစည်းကိုယ်စားလှယ်တွေအနေနဲ့ နယ်စပ်ရှိကရင်နီလူထုအခြေပြု အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့
ခက်ခဲမှုရှိနေသေးကြောင်း ကယားပြည်နယ်မှ ဒေသခံတဦးဖြစ်တဲ့ ဆရာပလူးရယ်ကပြောပါတယ်။
"ကချင်ပြည်နယ်မှာလဲ တိုက်နေတယ် သူများလဲ တောင်ပြောမြောက်ပြောပြောနေတယ် ဒီမှာက ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အစိုးရနဲ့ပြောနေတဲ့အချိန်မှာ ဟိုကလဲ တကယ်တိုက်နေတော့ ဘယ်လိုလုပ်မှာတုန်း အဲဒါကိုကြည့်ပြီးမှ တကယ်လို့ ဒီဖက်က ဖွဲ့ရင်လဲ သူတို့ ဘယ်လိုစဉ်းစားမလဲ ကိုယ်မှမသိတာ" ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဖြစ်ပေါ်လာဖို့လက်ရှိ လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပါတ်သက်ပြီး ဆရာပလူးရယ်ကယခုလိုရှင်းပြပါတယ်။

" Monitoring ဆိုတာ တရားဝင်ဖြစ်မှဘဲ လုပ်လို့အဆင်ပြေမဲ့အမျိုးတွေ ဘာလို့လဲဆိုတော့ ဘယ်သူမှကိုယ့်ကိုအာမခံချက်ပေးတာ မဟုတ်ဘူးလေ
တရားဝင်ဖြစ်တယ် ဆိုတာတောင်မှ ဒီကြားထဲမှာ အခက်အခဲတွေ အဟန့်အတားတွေ အများကြီးရှိဦးမှာ ဒါကြောင့် ဒီMonitoring ဆိုတဲ့ ကိစ္စကလဲ တရားဝင်ဖြစ်ဖို့လိုတာ တချက် နောက်ပီး ဒီMonitoring မှာ ပါမဲ့ လူတွေက ဘယ်လိုလူတွေလဲ တကယ်ဘဲ မယိမ်းမယိုင် ဘယ်ဖက်ကိုမှ မယိမ်းမယိုင်ဘဲနဲ့ စစ်စစ်မှန်မှန်နဲ့ လုပ်မဲ့လူတွေလား တကယ်စေတနာမှန်မှန်နဲ့လုပ်မယ့် လူတွေလား အဲလိုလူတွေလဲ ဖြစ်ဖို့လိုတယ် မဖြစ်ဘူးဆိုရင် ဒီမောနီးတိုးရီးက လဲ အလုပ်ဖြစ်မှာမဟုတ်ဘူး"

အစိုးရနဲ့ KNPP အကြားပြုလုပ်ထားတဲ့ အပစ်ခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုအပြည့်အ၀မရှိသေးဘူးဆိုတဲ့ကိစ္စဟာ ဒေသကြီးကြပ်စောင့်ရေးအဖွဲ့
ဖွဲ့စည်းဖို့နဲ့ လုပ်ငန်းစဉ်များအကောင်အထည်ဖေါ်ဆောင်ရွက်ရေးကိုသွားရောက်ထိခိုက်နေတဲ့အတွက် ယခုအချိန်မှာ စောင့်နေဖို့မလိုဘဲ ကရင်နီလူမှုအသင်းအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရာကိစ္စမှာ မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ယခုကစပြီးပါဝင်လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ပြောလာသူကတော့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် (KSCN) မှ ပြောရေးဆိုခွင့်ရှိသူ
ခူးတော်ရယ်ပဲဖြစ်ပါတယ်။

သူက.. "ဒီအခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်လေ့လာတဲ့နေရာမှာ သူ့ဟာသူ လုပ်နိုင်တဲ့အနေထားနဲ့သူ
လုပ်ပေါ့နော် ကျနော်တို့လည်း…လုပ်နိုင်တဲ့ အနေထားနဲ့ကျနော်တို့ လုပ်မယ်… နောက် အခြားအစုအဖွဲ့တွေရှိအုံးမယ်ဆိုရင်လည်း အခြားအစုအဖွဲ့တွေက သူတို့လုပ်နိုင်မယ့် အနေအထားနဲ့ သူတို့လုပ်ကြမယ် အဲ့လိုပေါ့ သူလည်းပြော ကိုယ်လည်းပြော ဒီကိစ္စတွေကို အားလုံးကတော့ ပိုပြီးတော့ကောင်းလာအောင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးတော့မှ ခို်င်ခိုင်မာမာဖြစ်သွားအောင် အဲ့ဒီရည်ရွယ်ချက်တွေနဲ့ တူတူဘဲ ရှိတယ်ဆိုတာ အဲ့လိုဘဲနားလည်တယ်။

ဒီလုပ်ပုံကိုင်ပုံတွေကတော့ မတူတာလေးတွေ အဲ့လိုဘဲပေါ့နော် ..နောက်ဆုံးကျနော်တို့ သွားချင်တဲ့ခရီးကတော့ ဘူတာတနေရာတည်းဘဲပေါ့
အဲ့လိုဘဲဖြစ်မှာပါ"  

No Response to "ဒေသငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ…"

Leave A Reply