Wednesday, February 20, 2013

ရခိုင့်တော်လှန်ရေးကို ဘယ်သူဦးဆောင်မှာလဲ Written by ကိုယ့်မင်းခိုင် Sunday, 17 February 2013 11:17 PDF Print E-mail ရခိုင်ပြည်ကြီး ထီးကျိုးစည်ပေါက် သူ့ကျွန်သဘောက်ဖြစ်ခဲ့ရတာ ရာစုနှစ်နှစ်စု တောင်ကျော်လာခဲ့ပါပြီ၊ လွတ်လပ်ရေးအတွက် နည်းဗျူဟာတွေ အမျိုးမျိုးနဲ့ ကြိုးစားလာခဲ့ကြပေမယ့် ဒီနေ့အထိ အရာမပေါ်သေး။ တော်လှန်ရေးခရီး ကြာလာတာနဲ့အမျှ အချင်းချင်း စုစည်းညီညွတ်ရမယ့်အစား ဖောင်ပျက်ဝါးလို သူတလူငါတမင်းနဲ့ စိတ်ပျက်စရာတွေသာ ပြည့်နှက်လာခဲ့တယ်၊ ရလဒ်အဖြစ် ရခိုင်သမိုင်းမှာ သင်္ခန်းစာယူစရာတွေ များပြားစွာ တွေ့လာရခဲ့တယ်။ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတ ရာဇာကိုမကျေနပ်တဲ့အတွက် ဗမာဘုရင်ကိုယူကာ တိုင်းပြည်ကို ၀ကွက်အပ်ခဲ့တာ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူတဲ့အခါလည်း နိုင်ငံရေးအရ စုစည်းခိုင်မာတဲ့ ဆောင်ရွက်ချက်တွေမလုပ်နိုင်ခဲ့တာ၊ လက်နက်ကိုင်တော်လှန်ရေးခရီးတလျှောက် အင်အားစုတွေ ဖရိုဖရဲပြိုကွဲနေခဲ့တာတွေကို အမျိုးသားလွတ်မြောက်ရေးလမ်းမထက်မှာ မမြင်ချင်အဆုံး တွေ့ခဲ့ရတယ်။ ယနေ့အထိ အဖရခိုင်ပြည်မှာ ပြည်ပအခြေစိုက် လက်နက်ကိုင်အုပ်စုတွေ ညီညွတ်မှု မရှိသေးသလို၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ မှာလည်း စုစည်းမရ။ ဒါတွေထက် ပိုဆိုးတာက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ လူမှုရေးကွန်ယက်တွေကြားမှာပင် အုပ်စုဖွဲ့ဗိုလ်လုရင်း အချိန်ကုန်နေတာကို အော့နှလုံးနာဖို့ ကောင်းတဲ့အထိမြင်တွေ့လာခဲ့ရတယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးလို့ ပြောတာထက် အနာဂတ်ရခိုင်ပြည်တော်လှန်ရေးကို ဘယ်သူ(၀ါ) ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလဲဆိုတဲ့ ပြဿနာက အဓိကကျနေပြီလို့ မြင်ပါတယ်၊ ဦးဆောင်မှုမရှိရင် ပန်းတိုင်ပျောက်ပြီး အချင်းချင်းအပြန်အလှန် တွန်းတိုက်ရင်းလိုတဲ့ ခရီးကိုမရောက်နိုင်၊ အားစိုက်သမျှ သဲထဲရေသွန်ဖြစ်ရပါတော့မယ်၊ အိတ်ပေါက်နဲ့ ဖားကောက်သလို လုပ်သမျှအရာမထင်ဘဲ နိဂုံးကမ္ပတ်အဆုံးသတ်ရတော့မှာလား။ ပြည်တွင်းမှာ ရခိုင်ပါတီ နှစ်ခုပူးပေါင်းရေးလို့ အော်နေတာနဲ့ ဒီပြဿနာတွေပြီးသွားမှ မဟုတ်။ အခြားပြည်တွင်း၊ ပြည်ပ အုပ်စုတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ စုစည်းညီညွတ်ရေးဆိုတဲ့ အသံကောင်းဟစ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အများကြီးလိုပါတယ်၊ ငါကဦးဆောင်ပါတီ၊ သူကလူနည်းတဲ့ပါတီလို့ တစ်မျိုး။ ငါက၀ါရင့်ပါတီ၊ သူက ၀ါနုပါတီဆိုပြီး တစ်ဖုံ။ အရှက်အသရေမဟိ အမျိုးသားရေးမှာ မာန်တက်ပြီး ပြည်သူကိုမျက်ကွယ်ပြုရင်း တဖွဲ့နဲ့တဖွဲ့အပြန်အလှန်အပုပ်ချနေကြလို့တော့ စုစည်းမှုဘယ်ခါမျှ ရနိုင်လိမ့်မည်မဟုတ်။ ဒီလိုဆိုရင် ဘယ်အဖွဲ့က အင်အားကောင်းကောင်း၊ မကောင်းကောင်း အားလုံးသမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ရခိုင်အမျိုးသားပါတီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုဟာ ရပ်တည်နေရုံ၊ ပေးသလောက် ယူနေရုံအဆင့်သာဆိုရင် မဟာဗျူဟာ ဘယ်လောက်ပင် ကောင်းကောင်း တဖက်သား ကြိုးဆွဲရာက နေရတဲ့ "ရုပ်သေးရုပ်"အဆင့်၊ နဖားကြိုး တပ်ခံထားရတဲ့ "နွား"အဆင့်သာ ဖြစ်တယ်။ ဗမာအစိုးရ " အလိုတော်ရိ " ဆိုရင်လည်း မမှား။ ရခိုင်ပြည်၏ နိုင်ငံရေးဦးဆောင်မှုဆိုစော် လက်နက်ကိုင်ရပ်တည်ရုံ၊ အင်အားများရုံ၊ ရွေးကောက်ပွဲ အနိုင်ရရုံနဲ့ ဖြစ်လာမှာမဟုတ်။ အင်အားစုအားလုံး အမျိုးသားဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ တော်လှန်ရေးခရီးအတွက် အဆင့်ဆင့်ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ အားလုံးတစ်စုတစည်းတည်း မဖြစ်နိုင်သေးရင် လုပ်ငန်းပူးပေါင်းမှုအဆင့် အနည်းဆုံးရှိဖို့လိုပါတယ်။ " သူပါယင်ငါမလုပ်၊ သူလုပ်ရင် ငါမပါ။ " ဆိုတဲ့ညအတ္တမာနကို ရှေ့တန်းတင်နေကြမယ်ဆိုရင်၊ ငါတို့ကပေါင်းချင်တယ် သူတို့ကြောင့် ပူးပေါင်းမရတာလို့ နိုင်ငံရေးအရ အပုပ်ချနေကြလို့ကတော့ အဲဒီလုပ်ရပ်တွေကို ပြည်သူက ကျွန်သက်ရှည်စေတဲ့ လုပ်ရပ်လို့ မြင်လာကြပြီ။ ဗမာပြည်နိုင်ငံရေးသမားတွေလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပုပ်ချစည်းရုံးနေလို့ အလုပ် မဖြစ်ပါ။ အမျိုးသား ရည်မှန်းချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့်ချမှတ်လို့ မလုပ်ဆောင်နိုင်ဘဲနဲ့၊ လွှတ်တော်ထဲမှာ စကားလုံး အလှပတွေနဲ့ အသံကောင်းဟစ်ရုံလောက်၊ မီဒီယာတွေမှာ လူကြားကောင်းအောင် ပြောနီရုံလောက်နဲ့ ရခိုင်တို့၏ အန္တိမ ရည်မှန်းချက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့မဟုတ်၊ " လူပြိန်းကြိုက်နိုင်ငံရေးသမား " အဆင့်နဲ့ရာ သမိုင်းမှာ တင်ကျန်ခဲ့ပါလိမ့်မယ်။ ရခိုင်ပြည်ဖြတ်သန်းလာရေ သမိုင်းအရ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ လူမှုအဖွဲ့ အစည်းအချင်းချင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှု အဆင့်နဲ့ စတင်သင့်ပါတယ်။ တူညီရေ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို ပုံဖော်သင့်ပါတယ်။ ယင်းကတဆင့်ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ မာန်မာန၊ အာဃာတတွေကို ခြေချပြီး လက်နက်ကိုင်၊ ပါတီ၊ လူမှုရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှု အဆင့်ထိတဖြည်းဖြည်း တိုးမြှင့်လားဖို့လိုပါတယ်၊ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူကောင်းတယ်၊ ငါကောင်းတယ် စနစ်နဲ့ ဆက်လားနေဖို့အစား အားလုံးညှိနှိုင်း ဆောင်ရွက်မှုလမ်းကြောင်း ကတဆင့် အမျိုးသားညီညွတ်ရေး အဆင့်ကိုလားဖို့ယခုကပင် ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ထားပြီး လူအဖွဲ့အစည်းကို ပုံသေမထားဘဲ တူညီတဲ့လုပ်ငန်းတွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး "ရခိုင့်တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ" ကို ဖော်ဆောင်သွားဖို့ အပြုသဘောနဲ့ အကြံပြုရေးသားလိုက်ရတယ်။

Posted on 5:06 PM by tun tun

Written by ကိုယ့်မင်းခိုင်    Sunday, 17 February 2013 11:17    PDF Print E-mail
ရခိုင်ပြည်ကြီး ထီးကျိုးစည်ပေါက် သူ့ကျွန်သဘောက်ဖြစ်ခဲ့ရတာ ရာစုနှစ်နှစ်စု တောင်ကျော်လာခဲ့ပါပြီ၊ လွတ်လပ်ရေးအတွက် နည်းဗျူဟာတွေ အမျိုးမျိုးနဲ့ ကြိုးစားလာခဲ့ကြပေမယ့် ဒီနေ့အထိ အရာမပေါ်သေး။ တော်လှန်ရေးခရီး ကြာလာတာနဲ့အမျှ အချင်းချင်း စုစည်းညီညွတ်ရမယ့်အစား ဖောင်ပျက်ဝါးလို သူတလူငါတမင်းနဲ့ စိတ်ပျက်စရာတွေသာ ပြည့်နှက်လာခဲ့တယ်၊ ရလဒ်အဖြစ် ရခိုင်သမိုင်းမှာ သင်္ခန်းစာယူစရာတွေ များပြားစွာ တွေ့လာရခဲ့တယ်။
လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတ ရာဇာကိုမကျေနပ်တဲ့အတွက် ဗမာဘုရင်ကိုယူကာ တိုင်းပြည်ကို ၀ကွက်အပ်ခဲ့တာ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူတဲ့အခါလည်း နိုင်ငံရေးအရ စုစည်းခိုင်မာတဲ့ ဆောင်ရွက်ချက်တွေမလုပ်နိုင်ခဲ့တာ၊ လက်နက်ကိုင်တော်လှန်ရေးခရီးတလျှောက် အင်အားစုတွေ ဖရိုဖရဲပြိုကွဲနေခဲ့တာတွေကို အမျိုးသားလွတ်မြောက်ရေးလမ်းမထက်မှာ မမြင်ချင်အဆုံး တွေ့ခဲ့ရတယ်။
ယနေ့အထိ အဖရခိုင်ပြည်မှာ ပြည်ပအခြေစိုက် လက်နက်ကိုင်အုပ်စုတွေ ညီညွတ်မှု မရှိသေးသလို၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ မှာလည်း စုစည်းမရ။ ဒါတွေထက် ပိုဆိုးတာက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ လူမှုရေးကွန်ယက်တွေကြားမှာပင် အုပ်စုဖွဲ့ဗိုလ်လုရင်း အချိန်ကုန်နေတာကို အော့နှလုံးနာဖို့ ကောင်းတဲ့အထိမြင်တွေ့လာခဲ့ရတယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးလို့ ပြောတာထက် အနာဂတ်ရခိုင်ပြည်တော်လှန်ရေးကို ဘယ်သူ(၀ါ) ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလဲဆိုတဲ့ ပြဿနာက အဓိကကျနေပြီလို့ မြင်ပါတယ်၊ ဦးဆောင်မှုမရှိရင် ပန်းတိုင်ပျောက်ပြီး အချင်းချင်းအပြန်အလှန် တွန်းတိုက်ရင်းလိုတဲ့ ခရီးကိုမရောက်နိုင်၊ အားစိုက်သမျှ သဲထဲရေသွန်ဖြစ်ရပါတော့မယ်၊ အိတ်ပေါက်နဲ့ ဖားကောက်သလို လုပ်သမျှအရာမထင်ဘဲ နိဂုံးကမ္ပတ်အဆုံးသတ်ရတော့မှာလား။
ပြည်တွင်းမှာ ရခိုင်ပါတီ နှစ်ခုပူးပေါင်းရေးလို့ အော်နေတာနဲ့ ဒီပြဿနာတွေပြီးသွားမှ မဟုတ်။ အခြားပြည်တွင်း၊ ပြည်ပ အုပ်စုတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ စုစည်းညီညွတ်ရေးဆိုတဲ့ အသံကောင်းဟစ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အများကြီးလိုပါတယ်၊ ငါကဦးဆောင်ပါတီ၊ သူကလူနည်းတဲ့ပါတီလို့ တစ်မျိုး။ ငါက၀ါရင့်ပါတီ၊ သူက ၀ါနုပါတီဆိုပြီး တစ်ဖုံ။ အရှက်အသရေမဟိ အမျိုးသားရေးမှာ မာန်တက်ပြီး ပြည်သူကိုမျက်ကွယ်ပြုရင်း တဖွဲ့နဲ့တဖွဲ့အပြန်အလှန်အပုပ်ချနေကြလို့တော့ စုစည်းမှုဘယ်ခါမျှ ရနိုင်လိမ့်မည်မဟုတ်။ ဒီလိုဆိုရင် ဘယ်အဖွဲ့က အင်အားကောင်းကောင်း၊ မကောင်းကောင်း အားလုံးသမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။
ရခိုင်အမျိုးသားပါတီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုဟာ ရပ်တည်နေရုံ၊ ပေးသလောက် ယူနေရုံအဆင့်သာဆိုရင် မဟာဗျူဟာ ဘယ်လောက်ပင် ကောင်းကောင်း တဖက်သား ကြိုးဆွဲရာက နေရတဲ့ "ရုပ်သေးရုပ်"အဆင့်၊ နဖားကြိုး တပ်ခံထားရတဲ့ "နွား"အဆင့်သာ ဖြစ်တယ်။ ဗမာအစိုးရ " အလိုတော်ရိ " ဆိုရင်လည်း မမှား။ ရခိုင်ပြည်၏ နိုင်ငံရေးဦးဆောင်မှုဆိုစော် လက်နက်ကိုင်ရပ်တည်ရုံ၊ အင်အားများရုံ၊ ရွေးကောက်ပွဲ အနိုင်ရရုံနဲ့ ဖြစ်လာမှာမဟုတ်။ အင်အားစုအားလုံး အမျိုးသားဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ တော်လှန်ရေးခရီးအတွက် အဆင့်ဆင့်ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ အားလုံးတစ်စုတစည်းတည်း မဖြစ်နိုင်သေးရင် လုပ်ငန်းပူးပေါင်းမှုအဆင့် အနည်းဆုံးရှိဖို့လိုပါတယ်။
" သူပါယင်ငါမလုပ်၊ သူလုပ်ရင် ငါမပါ။ " ဆိုတဲ့ညအတ္တမာနကို ရှေ့တန်းတင်နေကြမယ်ဆိုရင်၊ ငါတို့ကပေါင်းချင်တယ် သူတို့ကြောင့် ပူးပေါင်းမရတာလို့ နိုင်ငံရေးအရ အပုပ်ချနေကြလို့ကတော့ အဲဒီလုပ်ရပ်တွေကို ပြည်သူက ကျွန်သက်ရှည်စေတဲ့ လုပ်ရပ်လို့ မြင်လာကြပြီ။ ဗမာပြည်နိုင်ငံရေးသမားတွေလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပုပ်ချစည်းရုံးနေလို့ အလုပ် မဖြစ်ပါ။ အမျိုးသား ရည်မှန်းချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့်ချမှတ်လို့ မလုပ်ဆောင်နိုင်ဘဲနဲ့၊ လွှတ်တော်ထဲမှာ စကားလုံး အလှပတွေနဲ့ အသံကောင်းဟစ်ရုံလောက်၊ မီဒီယာတွေမှာ လူကြားကောင်းအောင် ပြောနီရုံလောက်နဲ့ ရခိုင်တို့၏ အန္တိမ ရည်မှန်းချက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့မဟုတ်၊ " လူပြိန်းကြိုက်နိုင်ငံရေးသမား " အဆင့်နဲ့ရာ သမိုင်းမှာ တင်ကျန်ခဲ့ပါလိမ့်မယ်။
ရခိုင်ပြည်ဖြတ်သန်းလာရေ သမိုင်းအရ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ လူမှုအဖွဲ့ အစည်းအချင်းချင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှု အဆင့်နဲ့ စတင်သင့်ပါတယ်။ တူညီရေ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို ပုံဖော်သင့်ပါတယ်။ ယင်းကတဆင့်ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
မာန်မာန၊ အာဃာတတွေကို ခြေချပြီး လက်နက်ကိုင်၊ ပါတီ၊ လူမှုရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှု အဆင့်ထိတဖြည်းဖြည်း တိုးမြှင့်လားဖို့လိုပါတယ်၊ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူကောင်းတယ်၊ ငါကောင်းတယ် စနစ်နဲ့ ဆက်လားနေဖို့အစား အားလုံးညှိနှိုင်း ဆောင်ရွက်မှုလမ်းကြောင်း ကတဆင့် အမျိုးသားညီညွတ်ရေး အဆင့်ကိုလားဖို့ယခုကပင် ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။
အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ထားပြီး လူအဖွဲ့အစည်းကို ပုံသေမထားဘဲ တူညီတဲ့လုပ်ငန်းတွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး "ရခိုင့်တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ" ကို ဖော်ဆောင်သွားဖို့ အပြုသဘောနဲ့ အကြံပြုရေးသားလိုက်ရတယ်။      ARAKAN TIMES

No Response to "ရခိုင့်တော်လှန်ရေးကို ဘယ်သူဦးဆောင်မှာလဲ Written by ကိုယ့်မင်းခိုင် Sunday, 17 February 2013 11:17 PDF Print E-mail ရခိုင်ပြည်ကြီး ထီးကျိုးစည်ပေါက် သူ့ကျွန်သဘောက်ဖြစ်ခဲ့ရတာ ရာစုနှစ်နှစ်စု တောင်ကျော်လာခဲ့ပါပြီ၊ လွတ်လပ်ရေးအတွက် နည်းဗျူဟာတွေ အမျိုးမျိုးနဲ့ ကြိုးစားလာခဲ့ကြပေမယ့် ဒီနေ့အထိ အရာမပေါ်သေး။ တော်လှန်ရေးခရီး ကြာလာတာနဲ့အမျှ အချင်းချင်း စုစည်းညီညွတ်ရမယ့်အစား ဖောင်ပျက်ဝါးလို သူတလူငါတမင်းနဲ့ စိတ်ပျက်စရာတွေသာ ပြည့်နှက်လာခဲ့တယ်၊ ရလဒ်အဖြစ် ရခိုင်သမိုင်းမှာ သင်္ခန်းစာယူစရာတွေ များပြားစွာ တွေ့လာရခဲ့တယ်။ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတ ရာဇာကိုမကျေနပ်တဲ့အတွက် ဗမာဘုရင်ကိုယူကာ တိုင်းပြည်ကို ၀ကွက်အပ်ခဲ့တာ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူတဲ့အခါလည်း နိုင်ငံရေးအရ စုစည်းခိုင်မာတဲ့ ဆောင်ရွက်ချက်တွေမလုပ်နိုင်ခဲ့တာ၊ လက်နက်ကိုင်တော်လှန်ရေးခရီးတလျှောက် အင်အားစုတွေ ဖရိုဖရဲပြိုကွဲနေခဲ့တာတွေကို အမျိုးသားလွတ်မြောက်ရေးလမ်းမထက်မှာ မမြင်ချင်အဆုံး တွေ့ခဲ့ရတယ်။ ယနေ့အထိ အဖရခိုင်ပြည်မှာ ပြည်ပအခြေစိုက် လက်နက်ကိုင်အုပ်စုတွေ ညီညွတ်မှု မရှိသေးသလို၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ မှာလည်း စုစည်းမရ။ ဒါတွေထက် ပိုဆိုးတာက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ လူမှုရေးကွန်ယက်တွေကြားမှာပင် အုပ်စုဖွဲ့ဗိုလ်လုရင်း အချိန်ကုန်နေတာကို အော့နှလုံးနာဖို့ ကောင်းတဲ့အထိမြင်တွေ့လာခဲ့ရတယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးလို့ ပြောတာထက် အနာဂတ်ရခိုင်ပြည်တော်လှန်ရေးကို ဘယ်သူ(၀ါ) ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလဲဆိုတဲ့ ပြဿနာက အဓိကကျနေပြီလို့ မြင်ပါတယ်၊ ဦးဆောင်မှုမရှိရင် ပန်းတိုင်ပျောက်ပြီး အချင်းချင်းအပြန်အလှန် တွန်းတိုက်ရင်းလိုတဲ့ ခရီးကိုမရောက်နိုင်၊ အားစိုက်သမျှ သဲထဲရေသွန်ဖြစ်ရပါတော့မယ်၊ အိတ်ပေါက်နဲ့ ဖားကောက်သလို လုပ်သမျှအရာမထင်ဘဲ နိဂုံးကမ္ပတ်အဆုံးသတ်ရတော့မှာလား။ ပြည်တွင်းမှာ ရခိုင်ပါတီ နှစ်ခုပူးပေါင်းရေးလို့ အော်နေတာနဲ့ ဒီပြဿနာတွေပြီးသွားမှ မဟုတ်။ အခြားပြည်တွင်း၊ ပြည်ပ အုပ်စုတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ စုစည်းညီညွတ်ရေးဆိုတဲ့ အသံကောင်းဟစ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အများကြီးလိုပါတယ်၊ ငါကဦးဆောင်ပါတီ၊ သူကလူနည်းတဲ့ပါတီလို့ တစ်မျိုး။ ငါက၀ါရင့်ပါတီ၊ သူက ၀ါနုပါတီဆိုပြီး တစ်ဖုံ။ အရှက်အသရေမဟိ အမျိုးသားရေးမှာ မာန်တက်ပြီး ပြည်သူကိုမျက်ကွယ်ပြုရင်း တဖွဲ့နဲ့တဖွဲ့အပြန်အလှန်အပုပ်ချနေကြလို့တော့ စုစည်းမှုဘယ်ခါမျှ ရနိုင်လိမ့်မည်မဟုတ်။ ဒီလိုဆိုရင် ဘယ်အဖွဲ့က အင်အားကောင်းကောင်း၊ မကောင်းကောင်း အားလုံးသမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ရခိုင်အမျိုးသားပါတီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုဟာ ရပ်တည်နေရုံ၊ ပေးသလောက် ယူနေရုံအဆင့်သာဆိုရင် မဟာဗျူဟာ ဘယ်လောက်ပင် ကောင်းကောင်း တဖက်သား ကြိုးဆွဲရာက နေရတဲ့ "ရုပ်သေးရုပ်"အဆင့်၊ နဖားကြိုး တပ်ခံထားရတဲ့ "နွား"အဆင့်သာ ဖြစ်တယ်။ ဗမာအစိုးရ " အလိုတော်ရိ " ဆိုရင်လည်း မမှား။ ရခိုင်ပြည်၏ နိုင်ငံရေးဦးဆောင်မှုဆိုစော် လက်နက်ကိုင်ရပ်တည်ရုံ၊ အင်အားများရုံ၊ ရွေးကောက်ပွဲ အနိုင်ရရုံနဲ့ ဖြစ်လာမှာမဟုတ်။ အင်အားစုအားလုံး အမျိုးသားဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ တော်လှန်ရေးခရီးအတွက် အဆင့်ဆင့်ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ အားလုံးတစ်စုတစည်းတည်း မဖြစ်နိုင်သေးရင် လုပ်ငန်းပူးပေါင်းမှုအဆင့် အနည်းဆုံးရှိဖို့လိုပါတယ်။ " သူပါယင်ငါမလုပ်၊ သူလုပ်ရင် ငါမပါ။ " ဆိုတဲ့ညအတ္တမာနကို ရှေ့တန်းတင်နေကြမယ်ဆိုရင်၊ ငါတို့ကပေါင်းချင်တယ် သူတို့ကြောင့် ပူးပေါင်းမရတာလို့ နိုင်ငံရေးအရ အပုပ်ချနေကြလို့ကတော့ အဲဒီလုပ်ရပ်တွေကို ပြည်သူက ကျွန်သက်ရှည်စေတဲ့ လုပ်ရပ်လို့ မြင်လာကြပြီ။ ဗမာပြည်နိုင်ငံရေးသမားတွေလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပုပ်ချစည်းရုံးနေလို့ အလုပ် မဖြစ်ပါ။ အမျိုးသား ရည်မှန်းချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့်ချမှတ်လို့ မလုပ်ဆောင်နိုင်ဘဲနဲ့၊ လွှတ်တော်ထဲမှာ စကားလုံး အလှပတွေနဲ့ အသံကောင်းဟစ်ရုံလောက်၊ မီဒီယာတွေမှာ လူကြားကောင်းအောင် ပြောနီရုံလောက်နဲ့ ရခိုင်တို့၏ အန္တိမ ရည်မှန်းချက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့မဟုတ်၊ " လူပြိန်းကြိုက်နိုင်ငံရေးသမား " အဆင့်နဲ့ရာ သမိုင်းမှာ တင်ကျန်ခဲ့ပါလိမ့်မယ်။ ရခိုင်ပြည်ဖြတ်သန်းလာရေ သမိုင်းအရ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ လူမှုအဖွဲ့ အစည်းအချင်းချင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှု အဆင့်နဲ့ စတင်သင့်ပါတယ်။ တူညီရေ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို ပုံဖော်သင့်ပါတယ်။ ယင်းကတဆင့်ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ မာန်မာန၊ အာဃာတတွေကို ခြေချပြီး လက်နက်ကိုင်၊ ပါတီ၊ လူမှုရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှု အဆင့်ထိတဖြည်းဖြည်း တိုးမြှင့်လားဖို့လိုပါတယ်၊ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူကောင်းတယ်၊ ငါကောင်းတယ် စနစ်နဲ့ ဆက်လားနေဖို့အစား အားလုံးညှိနှိုင်း ဆောင်ရွက်မှုလမ်းကြောင်း ကတဆင့် အမျိုးသားညီညွတ်ရေး အဆင့်ကိုလားဖို့ယခုကပင် ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ထားပြီး လူအဖွဲ့အစည်းကို ပုံသေမထားဘဲ တူညီတဲ့လုပ်ငန်းတွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး "ရခိုင့်တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ" ကို ဖော်ဆောင်သွားဖို့ အပြုသဘောနဲ့ အကြံပြုရေးသားလိုက်ရတယ်။"

Leave A Reply