Monday, October 7, 2013

ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့ တဖြည်းဖြည်းဆိတ်သုဉ်းလာရခြင်း အကြောင်းအရင်းများ

Posted on 8:44 AM by tun tun


==============================
=================== ကျွန်တော်တို့ ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့သည် ရေကြောင်းဆိပ်ကမ်းကောင်းမွန်သော မြို့တစ်မြို့ဖြစ်ပြီး ရေလုပ်ငန်းဖြင့် စီးပွါးရေးကောင်းမွန်ပြီး အသင့်အတင့်စည်ကားသောမြို့တစ် မြို့ဖြစ်ပါသည်။ လူချမ်းသာများလည်း ပေါများသောမြို့တစ်မြို့ဖြစ်ပါသည်။ ထိုအချိန်ကဆိုလျင် မြို့ပေါ်လမ်းများ ၊ ဘုတ်ဆိပ် ၊ လှေဆိပ် ၊ ဈေးဆိုင်များတွင် လူများကြိတ်ကြိတ်တိုးစည်ကားသော မြို့တစ်မြို့လည်းဖြစ်ပါသည် ။ ယခုအချိန်တွင် ပေါက်တောမြို့တွင် မြို့ပေါ်လမ်းများ ၊ ဘုတ်ဆိပ် ၊ လှေဆိပ် ၊ ဈေးဆိုင်များ တွင် လူရောက်အလွန်နည်းပါးလာခြင်း ၊ ငွေကြေးတတ်နိုင်သူများ ရန်ကုန် ၊ စစ်တွေမြို့များသို့ ပြောင်းရွေ့သွားကြခြင်း ၊ ရေလုပ်ငန်းများလည်းအဆင်မပြေခြင်း ၊ အဆင်ပြေသောလုပ်ငန်းဟူ သည်ပင် မရှိခြင်းစသည်ဖြင့် တစ်နေ့ထက်တစ်နေ့ သုဿာန် တစပြင်ကဲ့သို့ တိတ်ဆိတ်လာရခြင်း ၏ အဓိအကြောင်းအရင်းများ ရှာဖွေစီစစ်ကြည့်သော့့်  (၁) ပေါက်တောမြို့တွင် ကမ်းကပ်ခွန်များ နှင့် ဈေးကောက်ခွန်များ တစ်ခြားမြို့များထက် အလွန်ကြီးမြင့်နေခြင်း။ (ဥပမာ - ကင်စွန်း (၁၀၀ိ)ဖိုးလောက်ရှိတဲ့ အထုပ်ကိုဈေးကောက်မှ (၂၀၀ိ)တောင်းခံခြင်း ။ (၂) လေလံ (လိုင်စင်-c) ဈေးများ အဆမတန်မြင့်မားခြင်း ။ (၃) အထက်ပါကြီးမြင့်မှုများကြောင့် နယ်ကျေးရွာများမှနီးစပ်ရာ စစ်တွေ ၊ မင်းပြား ၊ ပုဏ္ဏကျွန်း မြို့များသို့သာ ခရီးသွား ခရီးလာများပြုလာကြခြင်း။ ( ဖေါ်ပြပါမြို့များသို့ ခရီးသွားခြင်းသည် ပေါက်တောမြို့သို့ ခရီးသွားခြင်းထက် ကုန်ကျစရိတ်များအလွန်သက်သာခြင်း) (၄) မြို့ပေါ်သို့ ရောက်ရှိလာကြသည့် ဌာနဆိုင်ရာလူကြီးများ မြို့အပေါ်တွင်စိတ်ဝင်စားမှုအလွန် နည်းပါးပြီး မိမိကိုယ်ကျိုးအတွက်သာ သိုက်တူးသွားတတ်ကြခြင်း ။ (၅) မြို့ပေါ် တွင် စံရီဖွေ များပြားခြင်း။ (ဥပမာ - ဌာနဆိုင်ရာလူကြီး အကောင်း ရောက်လာကြ သော်လည်း စံရီဖွေ တို့၏လမ်းပြမှုကြောင့် လဒ်စားတတ်သွားခြင်း ၊ မြို့ပေါ်ပြည်သူများအား ဂရုမစိုက်ခြင်းများဖြစ်သွားခြင်း) (၆) လူချမ်းသာများ အခြားမြို့များသို့ပြောင်းရွေ့သွားကြသဖြင့် အောက်ခြေလူတမ်းစားများအလုပ် ရှားပါးလာခြင်း။ (၇) အဆိုပါအလုပ်ရှားပါးမှုကြောင့် အလုပ်သမားများမှာ ကချင်နှင့်နိုင်ငံခြားအသီးသီးသို့အလုပ်ရှာ ထွက်ခွါကြခြင်း။ ( ပေါက်တောမြို့မှ နိုင်ငံခြားနှင့်ကချင်ဖားကန့်သို့ ထွက်ခွါသူ သင်္ဘောတစ် ပါတ်လျှင် ခန့်မှန်းခြေ လူ (၁၀၀)ခန့်ရှိ) (၈) အစိုးရမှလည်း ပေါက်တောမြို့အတွက်ဆိုလျင် မည်သည့်အခါမှ ဦးစားပေးဆောင်ရွက် ပေးခြင်းမရှိခြင်း (ဥပမာ - မဟာဓါတ်အားလိုင်းကိစ္စကိုပဲကြည့်ပါ) အထက်ပါအချက်များကြောင့် ပေါက်တောမြို့မှာ တစ်နေ့ထက်တစ်နေ့ မြို့နှင့်မတူတော့ပဲ လူမနေရပ်ကွက်တစ်ခုလိုဖြစ်လာကာ ဆိတ်သုဉ်းလာရခြင်းဖြစ်ပါသည်။ ထိုအချက်များကိုတွန်းလှန် ရန် ကျွန်တော့်တို့မှာ ဘာအင်အားမှလည်းမရှိပါ ။ ယခုကဲ့သို့ သက်ဆိုင်ရာ အစိုးရအဖွဲ့များသိစေ ရန် အွန်လိုင်းမှ အော်ဟစ် ရုံသာရှိပါသည် ။ ထို့ကြောင့် ယနေ့မှစကာ ဒီအွန်လိုင်းကပဲ ကြော်ငြာလိုက်မယ့့်  (၁) ပေါက်တောမြို့ပေါ်က ဌာနဆိုင်ရာ ဘယ်ဌာနဆိုင်ရာလူကြီးပဲဖြစ်ဖြစ် မြို့အတွက်မဟုတ်တာ လုပ်ရင် သေး သေး ကြီးကြီး အော် မှာပဲ ။ (၂) မြို့ပေါ် စံရီဖွေ ဘယ်ကောင်ပဲဖြစ်ဖြစ် အော် မှာပဲ ဒီအကြောင်းအရာတွေဟာ ကျွန်တော့်စီးပွါးတစ်ခုမှ မပါတာကြောင့် မခံချင်ရင် ပြုပြင်ပေးကြပါ ။

No Response to "ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့ တဖြည်းဖြည်းဆိတ်သုဉ်းလာရခြင်း အကြောင်းအရင်းများ "

Leave A Reply