Monday, October 7, 2013

ပဋိပက္ခ မဖြစ်မှီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး သို့ သံတွဲမြို့နယ် ကိုယ်စ...ားလှယ်များ တင်ပြသည့် စာတမ်း

Posted on 8:10 PM by tun tun

 
ပဋိပက္ခ မဖြစ်မှီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး သို့ သံတွဲမြို့နယ် ကိုယ်စ...ားလှယ်များ တင်ပြသည့် စာတမ်း ( ထုတ်နှုတ် စာပိုဒ် အချို့ ) ------------------------------------------------ နိုင်ငံသား နှင့် နိုင်ငံသားမဟုတ်သူတို့ တစ်တန်းစားတည်းထား၍ စိုးမိုးအုပ်ချုပ်ခံနေရသည်ကို ကျွန်ုတို့ တိုင်းရင်းသားများအနေနှင့် လုံးဝလက်မခံနိုင်ပါ ။ ပို၍ဆိုးဝါးစေသည်မှာ ခေတ်အဆက်ဆက်တွင် လုပ်ပိုင်ခွင့်ရှိသူများကို နည်းလမ်းမျိုးစုံဖြင့်ချည်းကပ်၍ ပြင်ပမှဘင်္ဂလီများခိုးဝင်နေမှုကို တားဆီးမပေးပါ ။ ဥပမာ….( အခြားနေရာမှ…ကျောက်နီမော် … သံတွဲမြို့သို့ ခိုးဝင်ဘင်္ဂလီကုလားများအား လက်ခံ၍ ဗမာစကားသင်ပေးပြီး ပြည်မသို့ ခိုးသွင်းနေကြသည် ) ။ ရခိုင်တိုင်းရင်းသားတို့၏ မျက်နှာကို မထောက်ထားဘဲ ၎င်းဘင်္ဂလီများကို ကမန်အဖြစ်သို့ ပြောင်းလဲပေးခြင်း ၊ ကမန်အဖြစ်မှ ရခိုင်မူဆလင်အဖြစ်သို့ ပြောင်းလဲပေးခြင်းများကို ပူးပေါင်းကျူးလွန်နေကြဆဲ ဖြစ်ပါသည် ။ ထိုရခိုင်မူဆလင်ဆိုသည့် အသုံးအနှုံးကို ရခိုင်တိုင်းရင်းသားတို့ လုံးဝလက်မခံနိုင်ပါ ။ ၎င်းဘင်္ဂလီတို့သည် ဒေသခံရခိုင်တိုင်းရင်းသားတို့ထက် အခွင့်အရေးပိုမို၍ ရရှိနေခဲ့ကြပါသည် ။ မြေယာပိုင်ဆိုင်မှု ( ဥပမာ.. ရွှေနံတော်ဘုရား ၀တ္တကမြေပေါ်တွင် အိုးအိမ်ထူထောင်ခွင့် ရရှိခြင်း )၊ လွတ်လပ်စွာထိမ်းမြားခွင့်ပြုခြင်း ၊ ထိမ်းမြားခံတိုင်းရင်းသူများအား ၎င်းတို့အစ္စလာမ်ဘာသာသို့သွတ်သွင်းခြင်း တို့ကို ထင်သလိုပြုလုပ်နေကြပါသည် ။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ဒေသခံရခိုင်တိုင်းရင်းသားတို့ ယနေ့အချိန်ထိ တုန့်ပြန်ဖြေရှင်းခွင့် လုံးဝမရခဲ့ကြပါ ။ ရခိုင်တို့သည် ဗုဒ္ဓဘာသာဝင်များပီပီ ခေတ်အဆက်ဆက်တွင် တည်ဆဲဥပဒေများ နှင့် အုပ်ချုပ်သူတို့အလိုကျ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပါသည် ။ သို့သော် မြို့နယ်လူဦးရေ၏ ၅% မျှသာရှိသော ကမန် တဖြစ်လဲ ဘင်္ဂလီများသည် ရခိုင်အပါအ၀င် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ၉၅% အပေါ် ဘာသာရေး ရန်စကျူးကျော်မှု ၊ လူမှုရေး အကြမ်းဖက်စော်ကားမှု များကို ( ၂၀၁၂ / ၁၃ ) အချိန်တိုအတွင်း ဆင့်ကာဆင့်ကာ ကျူးလွန်လာနေကြသည်ကို ကျွန်ုပ်တို့ များစွာသံသယ၀င်မိပါသည် ။ ခိုးဝင်ဘင်္ဂလီအနွယ်များနှင့် မိမိတို့တိုင်းရင်းသားများကို ယခုကဲ့သို့ တစ်တန်းတည်းထား၍ အုပ်ချုပ်နေခြင်းသည် နောက်ထပ် ပဋိပက္ခများကို လက်ယပ်ခေါ်သလိုဖြစ်နေပါသည် ။ လူ့အခွင့်အရေး ဆိုသော စကားလုံးကို ခိုးဝင်ဘင်္ဂလီများအတွက်သာ သုံးစွဲနေကြပြီး နယ်မြေ နှင့် လူမျိုးဘာသာသာသနာ နှစ်ခု အပေါ် ကျူးကျော်စော်ကားနေမှုကို မျက်ကွယ်ပြုနေကြပါသည် ။ ထိုကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်လိုပါက ကျွန်ုပ်တို့ ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ ကာကွယ်ပိုင်ခွင့် နှင့် ရပိုင်ခွင့်များကို ဦးစားပေးဆောင်ရွက်ပေးမှသာ ရရှိနိုင်မည်ဟုကျွန်ုပ်တို့ လေးနက်စွာယုံကြည်ပါသည် ။ ( ဦးစိန်ချစ် ) ( ဦးမြင့်မိုး ) ( ဦးမောင်မောင်ဖြူ ) Than Tun Than

No Response to "ပဋိပက္ခ မဖြစ်မှီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး သို့ သံတွဲမြို့နယ် ကိုယ်စ...ားလှယ်များ တင်ပြသည့် စာတမ်း"

Leave A Reply