Saturday, October 12, 2013

အမျိုးသားရေးစိတ်ဓာတ်ကို ရိုက်ချိုးခြင်း

Posted on 4:24 AM by tun tun


အမျိုးသားရေးစိတ်ဓာတ်ကို ရိုက်ချိုးခြင်း သံတွဲမြို့ နယ်တွင် 2012 ဇွန်မှ ယခု 2013 ထိ တစ်နှစ်ကျော်ကာလအတွင်းတွင် အမျိုးသားရေး နိုးကြားမှုမှာ ဒီရေအလား တရိပ်ရိပ်တိုးတက်မြင့်မား လာခဲ့ရာ ယခုရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသားရေး လှုပ်ရှားသုအများစုကို အစုလိုက်အဝေးလိုက် မည်သည့် အကြောင်းမှန်းမသိရဘဲ ဖမ်းဆီးနေမှုမှာ အမျိုးသားရေး စိတ်ဓာတ်မြင့်မားလာမှုကို ရိုက်ချိုးမှု အဖြစ် လူထုက မြင်နေကြကြောင်း သိရသည်။ စစ်အုပ်ချုပ်ရေးတုန်းကတော့ ဒို့တာဝန်အရေးသုံးပါးမှာ "မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး" ဆိုပြီး ပါခဲ့ပါတယ်။ အခု ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေတဲ့ကာလမှာတော့ "မျိုးချစ်စိတ်ဓာတ်မြင့်မားတိုးတက်လာတာ" "တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ်မြင့်မားလာတာ" "ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ဘာသာကို ကာကွယ်ချင်စိတ်မြင့်မားလာတာ" ဒါတွေဟာ အပြစ်တစ်ခုဖြစ်နေပြီလား။ ဥပဒေကို ကျုးလွန်ရာရောက်သလား။ ဥပဒေနဲ့ငြိစွမ်းတယ်လို့ အထောက်အထားခိုင်လုံရင် တရားဥပဒေနည်းကျ တရားစွဲဆိုလို့ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးသင့်တယ်မဟုတ်ပါလား။ ဒါကြောင့် ခုလိုဖမ်းဆီးမှုတွေအပေါ် လူထုက "အမျိုးသားရေးစိတ်ဓာတ်ကို ရိုက်ချိုးမှုအဖြစ်" ယူဆနေကြပါတယ်။ သံတွဲကမ်းခြေ ရခိုင်လူမှုကွန်ရက်

No Response to "အမျိုးသားရေးစိတ်ဓာတ်ကို ရိုက်ချိုးခြင်း "

Leave A Reply