Wednesday, October 2, 2013

ပြည်ပရောက် ရခိုင်သားများကို အဖမြေမှ အလိုရှိသည်...

Posted on 4:07 PM by tun tun


 ------------------------------
------ (ဒီပို့စ်က အရေးအခင်း တခေါက်ဖြစ်တိုင်း တစ်ခေါက်စီး သတိရမိလို့ ပြန်တင်လိုက်တာပါ။) ဂိရီမုန်တိုင်း တိုက်ခိုက်တုန်းကတော့ အဖမြေကို ပြန်လာဖို့ ခေါ်မိလိမ့်မယ် မဟုတ်ပါ။ ဒီတကြိမ်တော့ ခေါ်ရလိမ်မယ်ထင်ပါတယ်။ အမျိုးသီလကို စောင့်တဲ့ အမျိုးတွေ ပြည်ပကနေ အမျိုးကို ချစ်ပြမနေကြနဲ့တော့။ အိမ်ပြန်လာဖို့ အချိန်တန်ပါပြီ။ ကျနော် .. ကျနော်မွေးရပ်မြေကို သွားတော့ ရွာမှ လူလတ်ပိုင် အမျိုးသား၊ အမျိုးသမီး တစ်ယောက်မှ ရွာမှာ မတွေ့ခဲ့ရဘူး။ ကျနော် အဒေါ်က ပြောပြပါတယ်။ လယ်လုပ်ဖို့၊ ခြံလုပ်ဖို့အတွက် ရွာမှာ လူငှါးလို့ မရလို့ ဒီနှစ် စိုက်ပျိုးရေးကိုတောင် အနိုင်နိုင် လုပ်နေရတယ်တဲ့။ ၂၀၁၂ ခုနှစ် အရေးအခင်းမှာ တချို့ကျေးရွာတွေမှာ အမျိုးသမီးတွေ ကင်းစောင့်နေရတယ်။ အိမ်ခေါင်းမိုး၊ အသုဘချမယ် လူမရှိသလောက် ရှားသွားပြီး။ ဒါဆို ရခိုင်ပြည်ရဲ့ လူဆုတ်ယုတ်မှု လက္ခာဏာကို ကြည့်ပေတော့။ လူဆုတ်ယုတ်မှုရလဒ်က ၂၀၁၂ ခုနှစ် အရေးအခင်းပဲ။ လူမပြောနဲ့ ခွေးတောင် အားမနာတော့ဘူးလို့ ပြသလိုက်တဲ့ ပွဲပဲ။ ပြည်ပမှာ ရခိုင်ရိုးရာပွဲတွေ ကျင်းပတော့ စည်းကားလိုက်တာ။ ပြည်ပကနေ ရိုးရာတွေကို ထိန်းသိမ်းလိုက်ကြတာ။ အဖပြည်ထဲမှာ လူမပြောနဲ့တော့ အဘွားကြီး တအုပ်နဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။ ဒီလောက် အင်အားနဲ့ ဒီပြည်နယ်ကို ဘယ်လို တည်ဆောက်ကြမလဲ။ အဖပြည်မှာ တခုခုဖြစ်တော့ သူတို့ရဲ့ မသာထာရေစာလေးပေးလိုက်ရင် လူတို့ လူမျိုးကို ကယ်တင်သလိုမျိုး ပြောနေလိုက်ကြတာ။ အဲဒီမသထာရေစာလေးကိုပဲ အကြောင်းပြပြီး အကွဲအပြဲ ဇာတ်လမ်းတွေကိုလည်း ကြားနေရတာ ရိုးအီလာပြီး။ မင်းတို့.. ပြည်ပက အမျိုးချစ်တယ်ဆိုတာ ပြည်တွင်းမှာ အိပ်နေတာလောက် ရှိတယ်ဆိုတာကိုကား သတိထားမိကြရဲ့လားမသိ။ ပညာတတ်ကလည်း ပြည်ပကို ထွက်ပြေး။ ပညာမတတ်တဲ့သူကလည်း ပြည်ပကို ထွက်။ အဖပြည်မှာ လူရှားလာပြီး။ ဒီအတိုင်းဆိုရင် နောက် သိပ်မကြာခင်မှာ အမျိုးချစ်တွေ ပြတိုက်ထဲကို ရောက်သွားလိမ်မယ်။ ဒါကြောင်း ၃ နှစ် (သို့) ၄ နှစ် အလုပ်လုပ် ပြီးရင် အိမ်ပြန် ၊ အဲဒီက အတွေ့အကြုံတွေနဲ့ အဖပြည်ကို ရေလောင်းဖို့ စိတ်မကူးကြတော့ဘူးလား။ အဖပြည်မှာ မြက်ခြောက်တွေနဲ့ ရေနောက်တွေကို မြက်သစ်နဲ့ ရေစစ်ဖို့ စိတ်မကူးကြတော့ဘူးလား။ ဒီနေ့ တွေ့လိုက်ရတယ် သူတို့ရဲ့ မသထာရေစာလေးနဲ့ ရခိုင်ပြည်က ဒုက္ခသည်တွေကို လှူလိုက်တယ်တဲ့..။ ကိုယ်မြေမှာနေလို့ ဒုက္ခသည် နာမည်တပ်ပေးလိုက်တယ်ဆိုရင် မင်းတို့ ပြည်ပက လူတွေကိုလည်း ငါတို့ ဘယ်လို့ နာမည် တပ်ပေးရလဲ။ ဒါကြောင်း အိမ်ပြန်ဖို့ အချိန်တန်ပြီးလို့ ပြန်စဉ်စားကြပါ။ ပြည်ပမှာ အလေအလွင့် ဖြစ်နေတာနဲ့ စာရင် ပြည်တွင်းမှာ အလေအလွင့်ဖြစ်နေတာတောင် အမျိုးစောင့်ရာ ရောက်ပါတယ်... အိမ်ပြန်ဖို့ စိတ်စားကြပါတော့.... အသပြာကို အတိုင်းအတာတခု အချိန်တခုမှာရှာ အမျိုးသီလနဲ့ နေရာဒေသကို စောင့်ဖို့လည်း မမေ့နဲ့အုံ။ အမျိုးစောင့်ရဲ့ မရတော့ နေရာကိုလည်း စောင့်ရတော့မယ်... Ref: http://www.waihunoung.blogspot.com/2013/03/blog-post_1446.html ဝေဟင်အောင် ၂၊ ၁၀၊ ၂၀၁၃။ ဓာတ်ပုံက ၂၀၁၂ ခုနှစ် အောက်တိုဘာ အရေးအခင်းက ပေါက်တောမြို့နယ်က ပုံပါ။ ကိုစိန်ဒေါင်းဆီက ယူသုံးထားခြင်း ဖြစ်ပါတယ်။ — with Zaw Aye Mg and 12 others.

No Response to "ပြည်ပရောက် ရခိုင်သားများကို အဖမြေမှ အလိုရှိသည်..."

Leave A Reply