Monday, September 30, 2013

ရခိုင်လူမျိုး တွေ စိုးရိမ်နေကြတယ်-ဘယ်သူ့ မှာ တာဝန်ရှိသလဲ

Posted on 6:40 PM by tun tun





( မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေကနေ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ စိစစ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက တင်ပြခဲ့ပါတယ်။

" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ White Card နဲ့ ပတ်သက်ပြီးတော့ လုံးဝမတွေ့ပါဘူး၊ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း မပါရှိခဲ့ပါဘူး၊ မောင်တော၊ ဘူးသီးတောင်နယ်ဘက်က လွှတ်တော်မှာ အရွေးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၅ မှာ နိုင်ငံသားမဖြစ်ခဲ့သော မိဘတစ်ပါးပါးက သော်လည်းကောင်း၊ မိဘနှစ်ပါးမှသော်လည်းကောင်းမွေးဖွားလာသူသည် ရွေးချယ်ခွင့်မရှိပါလို့ အတိအကျပြဌာန်းထားတဲ့အတွက် အခုလက်ရှိအခြေအနေမှာ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွေးကောက်ပွဲ ဥပဒေ ၁၅ နဲ့ ညီ၊ မညီ စီစစ်ပေးပါလို့ တောင်းဆိုအပ်ပါတယ်" )


ဤသည်မှာ ကျွန်တော် ကောက်ချက်ဆွဲကြည့်ထားသော သတင်းတိုတစ်ခုဖြစ်သည် ။ ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ဥက္ကဋ္ဌလည်းဖြစ်သူ-ပြည်သူ့ လွှတ်တော်နာယက လည်းဖြစ်သူ သူရဦးရွှေမန်းကို ရခိုင်ပြည်နယ်ဖွ့ံဖြိုးရေးနှင့် ပတ်သက်၍ ရခိုင်မြို့ မိမြို့ ဖများနှင့် တွေ့ ဆုံပွဲတွင် တင်ပြလိုက်ခြင်းဖြစ်သည် ။ ထို့ ကြောင့် ဤတင်ပြချက်ကို မည်သို့ တာဝန်ယူဖြေရှင်းမည်နည်းဆိုသည်မှာ အဓိကဖြစ်လာသည် ။ ရိုးစင်းစွာ ပြောဆိုပါမည် ။ ကျွန်တော်တို့ သည် နိုင်ငံရေးသမားဖြစ်၍ နိုင်ငံရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရေးသားရာ၌၄င်း ၊ ပြောဆိုရာ၌၄င်း ၊ စီမံခန့် ခွဲရာ၌၄င်း အမှားအယွင်းမျိုး ရှိခဲ့ လျှင် ၄င်းအမှားအယွင်းကို စေတနာအမှားအယွင်းဆိုကာ တောင်းပန်ရတတ်ပါသည် ။ ကြားသိ တွေ့ ကြုံသူများကလည်း စေတနာအမှားအယွင်းပေဘဲ ဆိုက ခွှင့်လွှတ်ပေးကြသည်ချည်း ။


ယခုရခိုင်မျိုးချစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးဘိုမင်းဖြူ၏ တင်ပြချက်သည် စင်စစ်အားဖြင့် ကြံ့ဖံွံ့ ပါတီ၏ မရိုးမသား ဆောင်ရွက်ချက်များကို တိကျစွာ တင်ပြထောက်ပြထားသောအချက်များဖြစ်သည် ။ မောင်တော-ဘူးသီးတောင်မြို့ နယ်များတွင် -White card-ကိုထုတ်ပေးထားပြီး ရွေးကောက်ပွဲကိုဝင်ခိုင်း-လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်တက်ရောက်ခွင့် ပေးထားသည်မှာ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်ဖြစ်သည် ။ ၄င်းမှ စေတနာအမှား မဖြစ်နိုင် ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါနမှ ၀န်ကြီးဦးခင်ရီသည် လူဝင်မှုကြီးကြပ်ရေးဋ္ဌါန၏ ဥပဒေအတိုင်း စာရင်းကောက်ခံ ပြီးစီးပြီးဖြစ်သည် ။ မည်သူက နိုင်ငံသား မည်သူက တိုင်းရင်းသား ဟူ၍ ပြုစု ကောက်ခံပြီးစီးပြီဖြစ်သည် ။ မည်သည့်နိုင်ငံသား -မည်သည့်တိုင်းရင်းသား-မဟုတ်သူများကိ -အဖြူရောင်ကဒ် -White card-ထုတ်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည် ။ ၄င်းသူတို့ ကို ကျောင်းနေခွင့်ပေးထားပါသည်ဟု လည်း ကျွန်တော်နှင့် အမေရိကပြည်ထောင်စု နယူးယောက်မြို့ တွင် လူထုတွေ့ ဆုံပွဲ၌ တွေ့ ဆုံစဉ်က မေးမြန်းရာတွင် ဖြေကြားပြောဆိုခဲ့ ပြီးဖြစ်သည် ။


မည်သည့်နိုင်ငံသား-မည်သည့်တိုင်းရင်းသားဟု မသတ်မှတ်နိုင်သော သူများကို ကြံ့ဖွံ့ပါတီသည် မည်သည့်အတွက်ကြောင့် ပါတီဝင်အဖြစ် လက်သင့်ခံရမည်နည်း ။ ပါတီဝင်အဖြစ် လက်ခံထားသောကြောင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ပြည်နယ်ရွေးကောက်မရှင်ထံတွင် တင်ပြခဲ့ သည် ။ ဤတင်ပြချက်ကို ပြည်နယ်ရွေးကောက်မရှင်က လက်ခံပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခြင်းကို လက်မခံပယ်ချခဲ့ ပြီးဖြစ်သည် ။ သို့ သော် ဗဟိုရွေးကောက်ပွဲကော်မရှင်ကမူ အောက်ခြေအဖွဲ့ အစည်းက လက်မခံ ပယ်ချထားသည်ကို အသိအမှတ်မပြုဘဲ ၄င်းကဲ့ သို့  မည်သည့်နိုင်ငံသား-မည်သည့်တိုင်းရင်းသားလူမျိုးဟု အသိအမှတ် မပြုသော သူများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်စေတော့သည် ။ ထို့ ကြောင့် ကြံ့ဖွံ့ပါတီနှင့် ဗဟိုရွေးကောက်ပွဲ ကော်မရှင်သည် တစ်ကြိတ်ထဲ တစ်ညဏ်ထဲ ပုလင်းတူ ဘူးဆို့ များဖြစ်သည် ။


တော်ပါသေးသည် ။ ၂၀၁၀-ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကသာ မဖွဲ့ စည်းခဲ့ ဘဲ-ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် မယှဉ်ပြိုင်ခဲ့ ပါက -White card-နှင့် ၀င်ရောက်မည့် သူတို့ တွေသည် ယခုလောက်ဆိုလျှင် ရခိုင်ပြည်နယ်အစိုးရထဲတွင်၎င်း- ပြည်သူ့ လွှတ်တော်ထဲတွင်၎င်း လူစုံတက်စုံ ရှိနေလောက်ပြီဖြစ်သည် ။ ကံကောင်းသည်ဟု ဆိုရပါမည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ မျိုးခေါင်းဆောင်များသည် အနာဂါတ်၏ ရခိုင်ပြည်နယ်အရေးကို စိုးရိမ်ကြောင့်ကြစွာဖြင့် တင်ကြိုသိမြင်ခဲ့ မှုများကြောင့် နိုင်ငံရေးပါတီဖွဲ့ စည်းခဲ့ ပြီး ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည် ။


ယခုအချိန်တွင် ၀န်ကြီးဦးခင်ရီက ဤပြသနာသည် ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် သာ ပတ်သက်သည် ။ ဤတိုင်ကြားချက်များကို အစိုးရထံသို့ တင်ပြလိုက်ပြီးဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ပြီးဖြစ်သည် ။ ထို့ ကြောင့် ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ဤပြသနာကို အမြန်ဆုံးရှင်းလင်းရန်လိုသည် ။ အစိုးရကလည်း ပြသနာကို မီးမွှေးသလို မွှေးနေသည်မှာ အရုပ်ဆိုးလွန်းသည် ။ မဆုံးဖြတ်-မရှင်းလင်း ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရခိုင်မျိုးချစ် မြို့ မိမြို ဖများနှင့် တွေ့ ဆုံခဲ့ သည့် လွှတ်တော် နာယက - သူရဦးရွှေမန်းသည် ဤတင်ပြချက်ကို နားနှင့် ဆတ်ဆတ်ကြားရသည်မှာ အခါမလပ်ဖြစ်သည် ။ သို့ သော် မည်သည့်အတွက်ကြောင့်နုတ်ဆိတ်နေရသနည်း ။ ဤကဲ့ သို့ မတွေ့ ဆုံမှီ ရခိုင်လူငယ်များ၏ တင်ပြရေးသားချက်များကို ကြားသိ ဖတ်ရှုရသည် ။


ဤမြို့ မိမြို ဖများနှင့် ခေါ်ယူတွေ့ ဆုံခြင်းကို တိကျသော တွေ့ ဆုံခြင်းမျိုးဖြင့် ပြုလုပ်ရန်အတွက် လိုလားသည် ။ ပြောရဲဆိုရဲ ရှိသော မြို့ မိမြို ဖများနှင့် တွေ့ ဆုံစေလိုသည်ဟု ရေးသားတင်ပြကြသည် ။ တွေ့ ဆုံပြီး တင်ပြချက်များကို အရေးမယူတတ်သောကြောင့် ငွေကုန်ကြေးကျသာဖြစ်ပြီး အရာရာ အဖတ်မတင်ဟု ပြစ်တင်ဆိုသော ဝေဖန်ချက်များကို ထုတ်ပြန်သည် ။ ဤသည်မှာ လက်တွေ့ ကျသော ဝေဖန်ထောက်ပြချက်များဖြစ်သည် ။ အစိုးရနှင့် တာဝန်ရှိသူများသည် မိမိတို့ အတွက် နိုင်ငံရေးအမြတ်ထုတ်ရန် တွေ့ ဆုံခဲ့ ပြီး ပြည်သူများ၏ လိုလားချက်များကို အစွမ်းကုန်ဖြည့်ဆည်းပေးတတ်သူများ မဟုတ်ကြ ။ သို့ သော် ပြည်သူလူထုများ၏ စိုးရိမ်ကြောက်ရံ့မှုများကိုမူ အရေးတယူ ဆောင်ရွက်ပေးကြရန်တော့လိုသည် ။ အစိုးရကော တာဝန်ရှိသူများက ပြောဆိုချက်များကို အားလုံးကောင်းပါသည်ခင်ဗျားဟု ပြောကြားခဲ့ သော ဖြစ်ရပ်ကား ဒဏ္ဍာရီမှာ ကျန်ရစ်ခဲ့ ပြီ ။

ပြည်သူ့ လွှတ်တော် နာယက-သူရဦးရွှေမန်းနှင့် တွေ့ ဆုံသော ရခိုင်လူကြီးလူကောင်းများသည် ရခိုင်ပြည်နယ်မှ အိမ်ရှင်များဖြစ်သည် ။ ယခုမူ အိမ်ရှင်များက အိပ်ကောင်းခြင်း မအိပ်ရ -စားကောင်းခြင်း မစားရ-ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးရသော ဘ၀မျိုးဖြင့် ကျီးလန့် စာ စားနေနေကြရသည် ။ ၄င်းကဲ့ သို့ နေ့ တဓူဝဖြစ်ပျက်နေသည်များကို ရခိုင့်ခေါင်းပေါင်း တလူလူ ပေါင်းကာ လွှတ်တော်နာယက- သူရဦးရွှေမန်းအား အသနားခံပြီး စိုးရိမ်သံများကို တင်ပြနေကြရသည် ။ ရခိုင်လူမျိုးတို့ သည် သူတို့ ၏ ရခိုင်ရိုးရာ သီချင်းထဲကလို ( မျက်ရည်ကိုသုတ်-ဒါးကိုနုတ်လို့  ) ဆိုသော သီချင်းစာသားလို အားမန်အပြည့်နှင့်  ရှိကြသော မျိုးချစ်လူမျိုးများဖြစ်သည် ။ မည်သည့်အခါမျှ ငိုကြွေးပြီး ကူပါ ကယ်ပါ တစာစာ အော်ပြီး ပြောဆိုအသနားခံကြမည့် သူများမဟုတ် ။ ရခိုင်လူမျိုးများသည် အနောက်ဖက်တံတိုင်းကို မျိုးချစ် စိတ်များဖြင့် ကာကွယ်ထားသည်ကို သူရဦးရွှေမန်းကိုယ်တိုင် ယခုတွေ့ ဆုံပွဲမှာ တိကျစွာ အာမခံ ကြေညာပြောဆိုမိန့် ကြားသွားခဲ့ သည်ကို မြင်တွေ့ ရသည် ။

သို့ ဖြစ်၍ အိမ်ရှင်ဖြစ်သော ရခိုင်လူမျိုးများ၏ စိုးရိမ်သံများကို အကောင်အထည် ဖေါ်ဆောင်ပေးရန်မှာ အစိုးရဖြစ်သည် ။ လွှတ်တော် နာယက-ကြီးကလည်း တင်ပြသမျှ အစုစုကို လွှတ်တော်တွင် တင်ပြပြီး အရေးယူဆောင်ရွက်သွားပါမည်ဟု အာမခံ ပြောဆိုသွားသည် ။ ၄င်းကဲ့ သို့ ဂုဏ်သရေရှိသူ လွှတ်တော် နာယက- တစ်ဦးက အာမခံ ပြောဆိုမှုကို ရခိုင်လူမျိုးတို့ က ၀မ်းမြောက်ဝမ်းသာ ရှိနေကြတော့သည် ။ တစ်ချို့ ရခိုင်လူငယ် များ-အဖွဲ့ အစည်းများက သုံးသပ်ပြောဆိုဝေဖန်ထားသလို အဖျားရူးသွားမည်ဆိုပါက မတွေ့ တာဘဲ ကောင်းလေမည်ဟုသာ ပြောချင်သည် ။ မည်သို့ ပင်ဖြစ်စေ ရခိုင်မြို့ မိမြို ဖများသည် ယခုထက်ပို၍ ကျစ်လစ်ခိုင်မာအောင် ရခိုင်ပြည်နယ် အကြံပေးငြိမ်းချမ်းရေးကော်မီတီ အဖွဲ့ အစည်းတစ်ခုကို အမြန်ဆုံးဖွဲ့ စည်းရတော့မည်ဖြစ်သည် ။ တစ်ရေးနိုးပြီး အစည်းအဝေးတက်ရောက်ရန် လာခဲ့ သော ဘ၀မျိုးကို မပျော်မွေ့ စေဘဲ ရခိုင်ပြည်နယ်၏ လူမှုရေး ၊ စီးပွါးရေး ၊ နိုင်ငံရေး ကိစ္စရပ်များကို စာရင်းအင်းနှင့် တကွ တိကျစွာ တင်ပြဖြေရှင်း အကြံပေးညွှန်ကြားနိုင်ရန်အတွက် အကြံပေးကော်မီတီ တစ်ခုကို ဖွဲ့ စည်းကြရန် တိုက်တွန်းလိုသည် ။ သို့ မှသာ ရခိုင်လူမျိုးများ၏ စိုးရိမ်မှုများကို မည်သူ့ မှာ တာဝန်ရှိသလဲ ဟု မေးမြန်းခြင်းထက် တာဝန်ရှိသူများက တိကျစွာ အကောင်အထည် ဆောင်ရွက်ပေးကြရန် ဖြစ်လာပေလိမ့်မည် ။ နိဂုံးချုပ်အနေဖြင့် ကြံ့ဖွံ့ပါတီမှ ဥက္ကလည်းဖြစ်သူ -လွှတ်တော် နာယက-လည်းဖြစ်သူ သူရဦးရွှေမန်းသည် ကြံ့ဖွံပါတီမှ -မည်သည့်နိုင်ငံသားလည်း မသိသော -မည်သည့်တိုင်းရင်းသားလည်း မသိသော လူများကို မိမိတို့  ပါတီမှ ထုတ်ပယ်ရန် ကျိန်းသေမုချ ပြုလုပ်ရမည် ဖြစ်သည်ကို နိုင်ငံရေးပါးဝသူဆိုပါက ချက်ချင်းအကောင်အထည် ဖေါ်ရမည့်သူဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် သူရဦးရွှေမန်းကိုယ်တိုင် ရခိုင်ပြည်နယ်၏ လုံခြုံရေးသည် စိုးရိမ်ရကြောင်း နုတ်မှ့ မြွက်ဟ ပြောဆိုခဲ့ ရာ ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတို့  စိုးရိမ်ရမှုမှာကြံ့ဖွံ့ပါတီ၏ ၄င်းကဲ့ သို့  မည်သည့်နိုင်ငံသား-မည်သည့်တိုင်းရင်းသားဟု အသိအမှတ်မပြုသော လူများကြောင့် ဖြစ်သည်ဟု ပြောမည်ဆိုပါက မှားမည် မဟုတ် ။ ဤအမှားကို သတ္တိရှိရှိ ဖြေရှင်းဆောင်ရွက်မှသာ မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုဖြစ်လာမည်မှာ သေချာသည် ။။။


ခိုင်အောင်ကျော် ( နယူးယောက် )

No Response to "ရခိုင်လူမျိုး တွေ စိုးရိမ်နေကြတယ်-ဘယ်သူ့ မှာ တာဝန်ရှိသလဲ"

Leave A Reply