Sunday, September 22, 2013

၁၉၅၀ ခုနှစ်ကို မကျော်လွန် တိုင်းရင်းသားဖြစ်ချင်သည့် လူမျိုးသမိုင်းကြောင်း -

Posted on 6:47 PM by tun tun




လူမျိုးတစ်မျိုးရဲ့ သမိုင်းကို ရေးဆွဲတဲ့အခါ နှစ်ပေါင်း (၁၀၀)တောင် မပြည့်သေးဘဲနဲ့ သမိုင်းလို့ ပြောလို့ရပါမလား။ ၁၉၄၇ ခုနှစ်မှာ ရေးဆွဲခဲ့တ ဥပဒေကို ၁၉၄၈ ခုနှစ်မှာ အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေမှာ ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မတွေ့ရသလို၊ အင်္ဂလိပ်ခေတ် တစ်ခေတ်လုံး လ၀က စာရင်းတွေအရ ရိုဟင်ဂျာဆိုတာကိုလည်း တစ်လုံးမှ မတွေ့ခဲ့ရပါ။ ဒီအပြင် ရခိုင်သမိုင်း တစ်ခုလုံးမှာလည်း မတွေ့ရှိခဲ့ရဘူး။ လူမျိုးတစ်မျိုးဟာ ဒီဖက်နိုင်ငံမှာ ရှိသလို ဟိုဖက်နိုင်ငံမှာလည်း ရှိသင့်ပါတယ်။ ဒါပေမယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီရိုဟင်ဂျာလူမျိုးနဲ့ ပတ်သတ်ပြီး ဒုက္ခသည် စာရင်းလောက်သာရှိပါတယ်။ စစ်တကောင်းဒေသ လူမျိုးစုစာရင်းကို ရှာဖတ်ကြည့်လိုက်ပါ။ ဒီလူမျိုးအကြောင်းကို တစ်လုံး တစ်ပါဒမှ မတွေ့ရှိရပါ။
ဒါကြောင့် ဒီဟာ သမိုင်းအတင်းလုပ် လုပ်ဇာတ်သွင်းခဲ့တယ်ဆိုတာကို ပညာရှင်တိုင်း၊ သမိုင်းကို လေ့လာသူတိုင်း သိခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၄၇ ဥပဒေမှာ အားနည်းချက်တွေထဲက တစ်ခုဖြစ်တဲ့ “ဗြိတိသျှ ဘုရင်မင်းမြတ်အာဏာပျံ့နှံ့ရာ နယ်မြေတစ်ခုခုတွ် မွေးဖွားခဲ့သော ဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်သည့် ၄.၁.၁၉၄၈ မတိုင်းမှီ ပြည်ထောင်စု မြန်မာနိုင်ငံတွင် အနည်းဆုံး (၈)နှစ် နေထုင်ခဲ့ဖူးပြီး ပြည်ထောင်စု မြန်မာနိုင်ငံတွင် ထာဝဉ်နေထိုင်ရန် ရည်ရွယ်ောကာင်း ထုတ်ဖော်သတ်မှတ်သော နည်းလမ်းနှင့် အညီ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်သူသည် နိုင်ငံသားအဖြစ်သည်ဟု ပြဌာန်းခဲ့သည်” ဒါဆိုရင် နေမ၀င်အင်ပါယာ နိုင်ငံမှာ နေခဲ့သူဟူသမျှ မြန်မာနိုင်ငံသား ဖြစ်မသွားဘူးလား။ ဒါက နိုင်ငံသားအဆင့်ပဲ ရှိပါသေးတယ်။ တိုင်းရင်းသား စာရင်းကို မ၀င်သေးပါ။ ဒီအားနည်းချက်တွေ ရှိတာကြောင်း ၁၉၇၆ ခုနှစ်မှာ ပြန်လည်း ဆန်းစစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်ဌာန်းခဲ့တယ်။
ဒီအပြင် ၁၈၂၄ ခုနှစ် ရှေ့ပိုင်းမှာ နေထိုင်ခဲ့ကြသူတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီရှေ့မှာ မဟုတ်တဲ့ လူမျိုးတွေကိုတော့ တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ခဲ့ပါတယ်။ အခုအောက်မှာ ဖော်ပြထားတာက ရိုဟင်ဂျာတွေရဲ့ သမိုင်းအထောက်အထားပါ။ တစ်ခုမှ (၁၉၅၀) ခုနှစ်ကို မကျော်လွန်ခဲ့ပါ။ ဒီလောက်နဲ့ သမိုင်းဆိုရင် ကျနော်အမေ အသက် (၇၅)နှစ်ကို ဒီကုလားတွေအကုန်လုံး ထိုင်ကန်တော့သင့်ပါတယ်။ ဘာဖြစ်လို့ဆိုရင် သူတို့သမိုင်းဟာ နှစ်ပေါင်း (၆၀)လောက်ပဲရှိသေးတဲ့အတွက် တော်တော်ကို သနားဖို့ကောင်းပါတယ်။
ဝန်ကြီးချုပ် ဦးနုဟာ ရခိုင်သားတိုင်းအတွက်တော့ သမိုင်းတရားခံလို့ ပြောရပါလိမ်မယ်။ ဦးနုဟာ အဲဒီအချိန်အခါတုန်းက ရောင်စုံသူပုန်တွေ ပုန်ကန်မှုကို အကြိုက်အနယ် ခုခံနေရတဲ့အချိန်ပါ။ တစ်ဖက်က အရှေ့ရန်၊ နောက်တစ်ဖက်က အနောက်ဖက်က ခွဲထွက်ရေးသမား မူဂျာဟစ် သောင်းကျန်မှုက ကာကွယ်နိုင်ဖို့ ရခိုင်ကို လာရောက်ပြီးတော့ မူဂျာဟစ်တွေကို ပျားရည်နဲ့ ၀မ်းလျောသွားခဲ့တာပါ။ မူဂျာဟစ်တွေကလည်း ပါကစ္စတန်နဲ့ ပေါင်းပြီး လွတ်လပ်ရေးအကြံအစဉ်ကို အလီဂျင်နားက လက်မခံခဲ့တာကြောင်း မြန်မာဘက်ကို မျက်နှာချိုသွေးရတဲ့အချိန် ဦးနုလည်း လာရောက် ညှိုနှိုင်းချိန်မှာ သူက ယာယီပြသာနာကို ဖြေရှင်းဖို့အတွက် ဒီအကြံအစဉ်ကို လုပ်သွားခဲ့တာဖြစ်ပါတယ်။ ဦးနု၏ အားနည်းချက်ကြောင်းပင်လျှင် ဖဆပလ ပါတီ (၃၃)ခု ကွဲပြဲသွားခဲ့ရပြီး နောက်ဆုံး ဦးနေ၀င်း အာဏာသိမ်းပြီး မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် သံသရာထဲကို ပေးထည့်လိုက်ရတာမဟုတ်လား။
ဒါကြောင်း ဒီထက်မက သက်သေပြချင်တယ်ဆိုရင် ရခိုင်ပြည်နယ် တနံတလျားမှာ ရခိုင်ကျောက်စွာတွေထဲမှာ ရိုဟင်ဂျာလို့ ပါတဲ့ စာတစ်ချုပ် ပီးတစ်ချပ်ကို သက်သေပြကြည့်ပါ။ ရခိုင်မှာ အစ္စလာမ်ဘာသာဝင်ကို ကိုးကွယ်ပြီး ရခိုင်ဘုရင်တွေ လှည်သည်တော်တွေကိုတော့ ယခု ကမန်လို့ တိုင်းရင်းသားအဖြစ် လက်ခံပြီးသားရှိပါတယ်။ ရောကြိတ်ဖို့တော့ မကြိုးစားသင့်ပါ။ ပြည်ပကိုရောက် အင်တာနက် မတောက်တခေါက် သုံးတတ်ရုံနဲ့တော့ သမိုင်းလိမ်ဖို့မကြိုးသင်ပါ။ Primary resource နဲ့ Secondary resouce ကို ခွဲလိုတောင် ကွဲသေးဘဲနဲ့ သမိုင်းနဲ့ ချီမပြောသင့်ပါ။ သမိုင်းပြောချင်တယ်ဆိုရင် (၁) အာဂမယုတ္တိ = ကျမ်းဂန်အကိုးအကားနှင့် ညီညွတ်ရမည် (၂) သဘာဝ ယုတ္တိ = သိပ္ပံ လက်တွေ့နှင့်လည်း ညီညွတ်ရမည် (၃) သာဓက ယုတ္တိ = ထင်ရှားသော သက်သေပြချက်များ၊ အထောက်အထားများရှိရမည် (၄) ကာရဏ ယုတ္တိ = အကြောင်း အကျိုး၊ ဆက်စပ်မှန်ကန်ရမည်။ ဒီ(၄)ခုနဲ့ ကိုက်ညီအောင် ညှိပြီးမှ သမိုင်းကို ချပြောသင့်ပါတယ်။
အောက်မှာ ရိုဟင်ဂျာတွေရဲ့ သမိုင်းမှတ်စုပါ။ (၁၉၅၀)ခုနှစ် ရှေ့ကို တစ်ခုမှ မကျော်လွန်တာကို သတိထားမိအောင်..

(၁) ၁၉၅၄ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် - နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွှင့်မိန့်ခွန်းတွင် မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များတွင် နေထိုင်လျက်ရှိသော ပြည်ထောင်စုသားများသည် များသောအားဖြင့် ရိုဟင်ဂျာ အမျိုးသားဖြစ်ကြသည် ပြောကြားခဲ့သည်။

(၂) နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်းအဝေးများတွင် ရိုဟင်ဂျာများသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်းသားကဲ့သို့ တိုင်းရင်းသားလူမျိုးစု တခုဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

(၃) နိုင်ငံတော်ဝန်ကြီးချုပ်ရုံး လက်အောက် နယ်ခြားဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ - ၂၀.၁၁.၆၁)တွင် မေယုဒေသ အတွင်းနေထိုင်ကြသူများသည်တိုင်းရင်းသားရိုဟင်ဂျာလူမျိုးများ ဖြစ်ကြောင်းပါရှိသည်။ (မေယုဒေသ = ယခု မောင်းတောခရိုင်)

(၄) ၁၉၆၁ မေလ(၁၅)ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသားလူမျိုးများ ဘာသာစကား အစီအစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာဘာသာစကားဖြင့် အသံလွှင့်ပေးခဲ့ပါသည်။ (နှစ်သုံးဆယ် မြန်မာ့အသံ - ဦးကျော်ငြိမ်း မာတလိ)

(၅) စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ (၈၉-၉၀)မှာ ၁၉၆၄ ခုနှစ်တွင် ရခိုင်တိုင်းမြောက်ပိုင်း မေယုခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့်ရှိပြီး ၇၅%သည် ရိုဟင်ဂျာလူမျိုးများဖြစ်သည်ဟူ၍ အကျယ်တ၀န့် ရေးသားဖော်ပြထားသည်။

(၆) ကာကွယ်ရေးဌာနမှ ထုတ်ဝေသော တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁)နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင် မေယုခရိုင်၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် အနောက်မြောက် မြို့နယ်များတွင် အများစုအားဖြင့် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီစသော လူနည်းစုများစွာ ပါဝင်နေထိုင်သည့် ခရိုင်ဒေသတခုဖြစ်ပါသည်ဟူ၍ ဖော်ပြပါရှိပါသည်။

(၇) ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈.၇.၆၁) ပြောကြားသောမိန့်ခွန်းပြောသွားခဲ့ပါတယ်။

(၈) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ ၁၉၇၈ ခုနှစ်ထုတ် မြန်မာနိုင်ငံ အထက်တန်း ပထ၀ီဝင်ဖတ်စာအုပ်၊ စာမျက်နှာ (၈၆) တွင်တိုင်းရင်းသားလူမျိုးများပြန့်နှံ့နေထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာများ နေထိုင်ရာဒေသအဖြစ် ပြသထားပါသည်။

(၉) ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူအသင်းအဖွဲ့လည်း ထူထောင်ခွင့် လျှောက်ထားခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။

(၁၀) ၁၉၆၀ပြည့်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုပြပွဲကို သိမ်ဖြူအားကစား ပြိုင်ဝင်းအတွင်း ကျင်းပပေးခဲ့ရာ ရိုဟင်ဂျာယဉ်ကျေးမှု ပြပွဲတခုဖြစ်သော ကျင်ပွဲကို ပြသခွင့်ရရှိခဲ့ပါသည်။

(၁၁) မြန်မာအသံ (၂၅)နှစ်မြောက် ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလတွင် သောတရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ စာမျက်နှာ (၅၅) တွင် ၁၉၅၇ ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာစကားအဖြစ် စတင်အသံလွှင့်ခွင့် ပြုသည့်ရက်စွဲများကို ဖော်ပြရာတွင် ၁၉၅၇တွင် ရှမ်းနှင့် ကချင်ဘာသာ၊ ၁၉၄၉တွင် စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ်တွင် ချင်းဘာသာ၊ ၁၉၆၁တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့် ကယားဘာသာတို့ အသံလွှင့်ခဲ့ကြောင်း ဖော်ပြထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာဘာသာတို့ဖြင့် အသံလွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်းခဲ့သည်။

(၁၂) ၁၉၆၀ခုနှစ် ပြည်ထောင်စုနေ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲကို အောင်ဆန်းအားကစားကွင်းတွင် နိုင်ငံတော်မှ ကျင်းပခဲ့ရာ ရိုဟင်ဂျာရိုးရာ ကျင်ပွဲခေါင်းစဉ်ဖြင့် တခမ်းတနား ကျင်းပခွင့်ပြုခဲ့သည်။

(၁၃) ၂၀.၁၁.၆၀နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြားဒေသအုပ်ချုပ်ရေး အရာရှိ ရခိုင်တိုင်းမင်းကြီးနှင့် အဖွဲ့ဝင်များ မေယုနယ်ခြားခရိုင်သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာများမှလှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိသူများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးလိုလားပြီး သစ္စာရှိသော စိတ်ဝင်စားဖွယ် ပြည်ထောင်စု၏ လူမျိုး တမျိုးဖြစ်ကြောင်း ဖော်ပြခဲ့သည့်အပြင် မြန်မာ့အသံ (ရေဒီယိုအစီအစဉ်)မှလည်း ထိုအကြောင်းအရာကို ထုတ်လွှင့်ခဲ့သည်။

(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော် ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ်မှလေ ဘယ်လို အခြေရှိပါလိမ့်” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ထိုဒေသ၏ လူအများစုသည် ရိုဟင်ဂျာဖြစ်ကြောင်း ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

(၁၅) ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့် စိတ်ဓါတ်ရေးရာ ညွှန်ကြားရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင်ထုတ်ဝေခဲ့သော တပ်မတော် ခေတ်ရေးစာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက်ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူးသီးတောင်၊ မောင်းတောတွင် ရိုဟင်ဂျာလူမျိုး ၉၇% ရှိကြောင်းရေးသားခဲ့သည်။

ဒါကြောင်း ရိုဟင်ဂျာဆိုတာထက် စစ်တကောင်းသား - ခေါတောကုလားတွေပါ ၊ ဘင်္ဂလီတွေပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နေထိုင်လာတာကြာပါပြီ။ ဒါကြောင်း ကျနော်တို့ကို နိုင်ငံသားပေးသင့်ပါတယ်ဆိုရင်တော့ မြန်မာတွေရဲ့ သနားဂရုဏာကို ရရှိပြီး ခင်ဗျားတို့ကို စဉ်စားပေးကြပါလိမ်မယ်။ အခုလို မရှိတာဟာကို အတင်းလုပ် ရိုဟင်ဂျာ တိုင်းရင်းသားပါဆိုရင်တော့ .. ဌာနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်အော်ရုံမှ တပါး အခြားမရှိပါ။

ဝေဟင်အောင်
၂၂၊ ၉၊ ၂၀၁၃။

No Response to "၁၉၅၀ ခုနှစ်ကို မကျော်လွန် တိုင်းရင်းသားဖြစ်ချင်သည့် လူမျိုးသမိုင်းကြောင်း -"

Leave A Reply