Wednesday, September 25, 2013

" ဒီအချက်ကြောင့်ဘဲ တိုင်းရင်းသားများ လက်နက်ကိုင်ပြီး တိုက်ခိုက်နေ ကြတာဘဲ "

Posted on 7:22 PM by tun tun




အောင်မြကျော် (ရခိုင်ပြည်နယ် လွှတ်တော်အမတ်)

ဥရောပနိုင်ငံများမှ ဥပဒေပညာရှင်များဖြင့်ဖွဲ့စည်းထားသော IDLO အဖွဲ့မှ အီတလီနိုင်ငံသား Mr.JASPER PAUW နှင့် လွန်ခရေ တစ်ပတ်လောက်က ၂ နာရီကျော်လောက် ကြာအောင် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြပါ သည်။

ဆွေးနွေးမူ ကတော တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖြစ်ကြပါ သည်။ နောက်ဆုံး သူက ခင်ဗျားဟာ ရခိုင်ပြည်နယ်၏ ဥပဒေပြုရေးအာဏာ ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ရခိုင်ပြည်နယ်အတွက် အဓိကအရေးအကြီးဆုံးလိုအပ်မည့် ဥပဒေ ၃ ခုလောက်ကို ပြောပါလို့ သူကပြောတဲ့အတွက် ကျွန်တော်က ပထမအနေဖြင့်

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၂)အား လုံးဝဖျက်သိမ်းပြီး ပြည်နယ်များ အတွက် အသစ်ပြန်လည်ရေးဆွဲပေးသင့်သည်ဟု ပြောရာ သူက ဘာဖြစ်လို့လဲ လို့ပြန်မေးမြန်းပါတယ်။

ကျွန်တော်က မင်းလဲဥပဒေသမားတယောက်ဘဲ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်ရေ ပြည်နယ်များ၏ ဥပဒေရေးဆွဲပိုင်ခွင့်ဟာ ဇယား(၂)မှာ ပါကြောင်း ထိုဇယား(၂)တွင် ပြည်နယ်များ၏ လုပ်ပိုင် ခွင့်နှင့်ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်ဟာ မိုးနှင့်မြေလိုကွာခြားပါကြောင်း၊ ဥပမာ တစ်ခုပြောပြမယ် သစ်တောနှင့်ပတ်သတ်တဲ့ ဥပဒေကို ပြည်ထောင်စုက စိတ်ကြိုက်ရေးဆွဲနိုင်သော်လည်း ပြည်နယ်အဆင့်တွင် ထင်းစိုက်ခင်း အဆင့်ကိုသာရေးဆွဲနိုင်ကြောင်း၊ သစ်တောထွက်ပစ္စည်းများ တွင် ပြည်နယ် အဆင့်က ထင်း၊မီးသွေး အဆင့်ကိုသာ အခွန်ကောက်ပိုင်ခွင့် ရှိပါကြောင်း၊ အိမ်ခြံမြေအခွန်တွင်လဲ ပြည်နယ်အဆင့်သည် စည်ပင် သာယာ အခွန် အဆင့်ကိုသာကောက်ခံနိုင်ကြောင်း၊ ရေထွက်ပစ္စည်းတွင်လဲ ကမ်းနီး အဆင့် သာ ပြည်နယ်က ခံစားခွင့်ရှိပါကြောင်း၊ သယံဇာတ ပစ္စည်းဟူ သမျှအားလုံး ကို ဗဟိုက မောင်ပိုင်သိမ်းသွားပါကြောင်း၊ သယံဇာတထွက်သော ပြည်နယ် များက လက်ဝါးဖြန့်ပြီး ပြန်လည်တောင်းရပါကြောင်း၊ ထိုအကြောင်း အရာများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ ရေးဆွဲထားသော ဇယား ၂ နှင့် ၅ တွင် အားလုံးသတ်မှတ် ထားပြီးသားဖြစ်သည့်အတွက် ငါတို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မည်သို့မှ မလုပ်နိုင် ကြောင်း လုပ်လျင် ဖွဲ့စည်းပုံကို ဆန့်ကျင်သည်ဟု အပြောခံရကြောင်း ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ငါတို့တောင်းဆိုနေကြခြင်းဖြစ်ပါကြောင်း။

၂။ ဒုတိယတစ်ခုအနေဖြင့် တခြား ပြည်နယ်တွေကတော သဘောတူ လိုမှ တူလိမ့်မယ်လို့ ကျွန်တော်တို့ပြည်နယ်မှာ အရေးတကြီးလိုအပ်နေ တာကတော့ သားဆက်ခြား ဥပဒေဖြစ်သည့် တစ်အိမ်ထောင် သားသမီး ၂ ဦးနှုန်း မွေးဖွါးရေးဥပဒေ ဖြစ်ပါတေလို့ပြောတော့ သူက ဘာဖြစ်လို့ လဲမေးတော့ ကျွန်တော်က မင်းတို့လို NGO တွေကတော ငါတို့ ရခိုင်တွေ ကို အမြင်ကျဉ်းတယ်၊ လူ့အခွင့်အရေးကိုချိုးဖေါက်တယ် လို့စွပ်စွဲကြမယ်လို့ ဒါပေမဲ့ငါတို့ရခိုင်ပြည်မှာ ယခုလက်ရှိဖြစ်နေတဲ့ အခြေအနေက တဘက်နိုင်ငံ က ခိုးဝင်ပြီးအခြေချနေတဲ့ ဘင်္ဂလီတွေမှာ ခင်ဗျား အသက်အရွယ်လောက်ဘဲ ရှိ အုန်းမယ် အသက် ၅၉ နှစ်ရှိသော ဘင်္ဂလီအဘိုးကြီးတစ်ယောက်မှာ ယခုအခါ မိသားစု ၈၃ ယောက်ရှိနေပြီဆိုလျင် ခင်ဗျားယုံချင်မှ ယုံမှာလို့ အခုကတော ငါတို့ရခိုင်ပြည်မှာအဲဒီအဖိုးကြီးလို ဘင်္ဂလီမိသားစုပေါင်း ၁၀၀ ကျောက် ခန့်ရှိတယ်လို့ အဲဒီလိုဖြစ်နေတဲ့ လူဦးရေပေါက်ကွဲမူကို ခင်ဗျားတို့ နိုင်ငံကြီးသားတွေအနေနှင့် ဘယ်လိုဖြေရှင်းမလဲလို့ ကျွန်တော်ကပြန်မေးတော့ သူက မင်းပြောသလို သားဆက်ခြားဥပဒေ တစ်ခုကို အမြန်ဆွဲဖို့လိုပြီဆိုတာကို ငါလက်ခံတယ်ဟုပြန်ပြောကြားခဲ့ပါသည်။

၃။ တတိယတစ်ခုအနေဖြင့် အဲဒါကတော ငါတို့ရခိုင်ပြည်နယ်တစ်ခုတည်း အနေနှင့် မဟုတ်ဘူး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတိုင်း တောင်း ဆိုနေတဲ့ အချက်ဘဲလို့၊ ဒီအချက်ကြောင့်ဘဲ တိုင်းရင်းသားများ လက်နက် ကိုင်ပြီးတိုက်ခိုက်နေကြတာဘဲလို့၊ သူကဘာအချက်လဲလို့မေးတော ကျွန်တော်က တိုင်ရင်းသားဒေသတွေက ထွက်ရှိတဲ့ သဘာဝသယံဇာတ ကိုခွဲဝေခံစားပိုင်ခွင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်သတ်မှတ်မှတ် ခွဲဝေပေးရေးအတွက် အခန်းတစ်ခုအသစ်ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ဥပမာ တချို့နိုင်ငံတွေ မှာ ပြည်နယ်အစိုးရနှင့်ဗဟိုအစိုးရတွေဟာ ၅၀း၅၀ တချို့မှာ ၆၀း၄၀ တချို့မှာ ၂၅း၇၅ ခွဲဝေသတ်မှတ်ထားတာတွေ ဖွဲ့စည်းပုံမှာ အသေ အချာကို ပြဋ္ဌါန်းပြီး ရှိပါကြောင်း ငါတို့နိုင်ငံမှာကတော ရှိတဲ့ဟာအားလုံးကို ဗဟိုအစိုးရက သိမ်းကျုံးယူသွား ပြီး ပြည်နယ်အစိုးရ ကတော့ သူတို့ဆီက လက်ဝါးဖြန့်ပြီးပြန်တောင်းရပါကြောင်း။ အဲဒီလိုတောင်းစရာမလိုအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌါန်းသင့်ပါကြောင်း။

အဲဒီအချက် ၃ ချက်ကို အဓိကပြောလိုပါကြောင်း ခင်ဗျားတို့အနေဖြင့် လဲ နိုင်ငံတော်အကြီးအကဲ များနှင့် ဆွေးနွေး အကြံပြုကျတဲ့အချိန်မှာ အခုပြောပြခဲ့သော အကြောင်းအရာများကို မလွဲမသွေ ပြောပြပေးပါကြောင်း၊ သူကလဲ ကျေးဇူးတင်ပါကြောင်း၊ အခုမှ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့် ဗဟို အစိုးရ၏ လုပ်ပိုင်ခွင့် များကွာခြားနေမူများကို ခင်ဗျားပြောပြပြီးမှ အသေးစိတ် သိရသည့်အတွက် ၀မ်းမြောက်ပါကြောင်း နောင်လဲ အမြဲတမ်းရောက်ရှိ မည်ဖြစ်သောကြောင့် ခင်ဗျားနှင့် အများကြီးဆွေးနွေးလိုပါကြောင်း၊ ယနေ့ဆွေးနွေးသော အချိန် ၂ နာရီသည် အလွန်ပင် တိုတောင်း ပါကြောင်း ပြောခြင်းဖြင့် ကျွန်တော်နှင့်လမ်းခွဲခဲ့ကြပါသည်။

စာရှည်သွားပါ၍သည်းခံပြီးဖတ်ပေးစေလိုပါတယ်။ အကြံပေးလိုသူများ အကြံပြုမှတ်ချက်များ ရေးသားပေးကြပါ။

No Response to "" ဒီအချက်ကြောင့်ဘဲ တိုင်းရင်းသားများ လက်နက်ကိုင်ပြီး တိုက်ခိုက်နေ ကြတာဘဲ ""

Leave A Reply