Sunday, September 1, 2013

ရခိုင်အမျိုးသားညီလာခံ (အမေရိကန်)အား အောင်မြင်စွာ ကျင်းပပြီးစီး

Posted on 6:37 PM by tun tun




၃၁.၈.၂၀၁၃နှင့် ၁.၉.၂၀၁၃ ရက်နေ့များတွင် အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ်၊ Nashville မြို့၊ Marriott Hotel ၌ကျင်းပပြုလုပ်သော အမေရိကန်နိုင်ငံအခြေစိုက် ရခိုင်တိုင်းရင်းသားများ၏ ပထမဆုံးအကြိမ် အမျိုးသားညီလာခံအား ၁.၉.၂၀၁၃(တနင်္ဂနွေနေ့) ညနေ ၅နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အမျိုးသားညီလာခံသို့ အထူးဧည့်သည်တော်အဖြစ် မြန်မာနိုင်ငံမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်တက်ရောက်ပြီး အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များစွာ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါညီလာခံတွင် အထူးဧည့်သည်တော် ဒေါက်တာအေးမောင်မှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလားအလာများအား အမေရိကန်ရှိ ရခိုင်တိုင်းရင်းသားများအား အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့ပြီး အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားများမှလည်း သက်ဆိုင်ရာပြည်နယ် အသီးသီးမှ လူမှုရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခြင်း အခြေအနေများကို တင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ညီလာခံကိုယ်စားလှယ်အားလုံး၏ သဘောတူညီချက်ဖြင့် အမေရိကန်ပြည်လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း All American Arakan Society (AAAS) အား အလုပ်အမှုဆောင်များ ရွေးကောက်တင်မြှောက်ပြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ အမေရိကန်ပြည်လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်းအနေဖြင့် စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့ရန် အစီအစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ရခိုင်တိုင်းရင်းသားများ၏ All American Arakan Society (AAAS) အား အောင်မြင်စွာဖွဲ့စည်းနိုင်ခြင်းအတွက် ၀ံသာနုမီဒီယာမှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။


မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

ဝံသာနု  facebook

No Response to "ရခိုင်အမျိုးသားညီလာခံ (အမေရိကန်)အား အောင်မြင်စွာ ကျင်းပပြီးစီး"

Leave A Reply