Tuesday, September 3, 2013

ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသ ဧည့်နေ ဘဂါင်္လီ အချို့နေရပ်ပြန်ကြမည်

Posted on 6:36 PM by tun tun

 


Post 03 September 2013 By အာရကန်ကိုကို-မောင်တော (မြစ်မခ)

ရခိုင်ပြည်နယ် မောင်တောမြို...့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက် နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါ”ဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။

အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ ဖြစ်သည်ဟု သိရသည်။

“နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီ အချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့် အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။

“ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလို အခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။” ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။

၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေ အငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်း လုပ်ငန်းများ ကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်။

http://myitmakhamediagroup.com/ မှ ကူးယူဖော်ပြသည်:မြန်မာ့နိုင်ငံရေးဆောင်းပါးများ

No Response to "ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသ ဧည့်နေ ဘဂါင်္လီ အချို့နေရပ်ပြန်ကြမည်"

Leave A Reply