Saturday, August 17, 2013

ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း “ဦးချန်ထွန်း” ကို သတိရသင့်ပါသည်။

Posted on 8:28 PM by tun tun



=====================
ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူ၊ ဒေါ်သံ ဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံ
သာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ
ပါရဂူတစ်ဦး ဖြစ်ပါသည်။
ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရောမဥပဒေ
ဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေးဟောင်းထုံးတမ်းစဉ်လာ
ဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီး
ကိုယ်တိုင် ၀ိတိုရိယရွှေတံဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)
ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။
ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်
ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။ ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယ
ဘုရင်မဆုကို လည်ပင်းတွင်ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်း
သူ့ကို အလေးပြုကြရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြု
ကြရသည်။
ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာ
တော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်
ခံရသော မောင်ချန်ထွန်းကို ဘုရင်မကြီးက လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်
ခံခဲ့သည်။ ၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီး ဘုရင်မကြီး၏ သားတော်နှင့် တော်
ဝင်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး
ဝင်ထွက်သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။
ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာ
အုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်းစာအုပ်သည်
အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရသည်ဟု သိရပါသည်။ ဦးချန်ထွန်း
ရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် Burmese
Buddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်
မြန်မာတရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါသည်။
ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်
ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခုသိမ်ကြီးဈေးနေရာတွင်
ဆူးလေစေတီလောက်ကြီးသော “ကျိုက်မြတ်သံချို” စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍
ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များချရာတွင်
မလွတ်ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍
ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်း
ကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)
ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီကို ယခုနေရာ
မှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိ
သျှအရာရှိများ တင်ပြချက်တွင် နောက်အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကသည် ကမ္ဘာ့အ
ဆင့်မီ မြို့တော်ကြီးတစ်မြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက်ရှိသော မိုးထိမြင့်မား
သည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အ ကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူ
ဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်
မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။
ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက်ပါတောံသည်။
အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်သည်
ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါသည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့်
မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်းစကား လုံးဝ
အရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း
ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ပါသည်။
အလားတူ အင်္ဂလန်ကို ခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကို
ရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ” လို့ အရေးဆိုခဲ့ပါသေး
သည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေ
စေတီကို ဖျက်ပါတော့သည်။ ဦးချန်ထွန်းက အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိ
သည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ်ဆု ပေးထား
သော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်
လည်း ဘုရင်မထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်း၏ ကျေးဇူးကား
အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်း
ကို သတိရသင့်ပါသည်။
{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
===================
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)

No Response to "ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း “ဦးချန်ထွန်း” ကို သတိရသင့်ပါသည်။"

Leave A Reply