Thursday, August 15, 2013

သီရှိလင်္ကာနိုင်ငံ မြိုတော်ကိုလံဘို မူဆလင်အဓိကရုဏ်း ဖြစ်ရပ်မှန် သတင်းအတိအကျ

Posted on 8:12 PM by tun tun



။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။

သီရိလင်္ကာ ကိုလမ်ဘိုမြို့မှာရှိတဲ့ ဂရန်းပါ့စ်ရက်ကွက်က ဗလီကို ဘုန်းကြီးတွေက အကြမ်းဖက် ဖျက်စီးတယ်ဆိုတဲ့ သတင်းကို ဖတ်ပြီးကြမှာပါ။ ထုံးစံအတိုင်း ဘီဘီစီက သတင်းတိုလေးကို ဘာသာပြန်ထားတာမျိုးပေါ့။ ဘီဘီစီကလေး ကိုလမ်ဘိုက အမေရိကန်သံရုံးရဲ့ ကြေညာချက်ကို ကိုးကားထားပုံရပါတယ်။ အဖြစ်မှန်က ဒီလိုပါ။

အဲဒီရပ်ကွက်မှာ ရှေးဟောင်း ဗုဒ္ဓဘုရားကျောင်းရှိတဲ့ အပြင် တရားစခန်းတွေနဲ့ နောက်မှဆောက်ထားတဲ့ ဘုရားကျောင်းဝင်း တစ်ခုရှိပါတယ်။ ဗလီက ဒုတိယ ဘုရားကျောင်းဝင်းနားမှာပါ။ ဗလီဘေးဘာ ဗောဓိညောင်ပင်ကြီးရှိပါတယ်။ အဲဒီ ကျောင်းတွေနဲ့ ဗလီရှိတဲ့လမ်းကို သွာမစေတိယလမ်းလို့ခေါ်ပါတယ်။ ပြဿနာ ဘယ်ကစလည်းဆိုတော့ ၂၀၁၀-ခုမှာ မူဘာရတ်ဆိုတဲ့ ပြည်တွင်းနေ တစ်ဦးက အဲဒီလမ်းပေါ်က ကျောင်း ၂-ခု အကြား မြေနေရာကို ဝယ်ပြီး ၃ထက်တိုက် စတိုးဆိုင် ဆောက်ပါတယ်။ ကုန်လှောင်ဖို့လည်းပါမှာပါ။

အဲဒီအချိန်ကတည်း က ဒေသဥပဒေအရ စီးပွါးရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ အဆောက်အဦးတွေကို ဘာသာရေးအရ သုံးခွင့်မရှိပါ။ ဒါပေမယ့် ခိုးပြီး လုပ်လာ ပါတယ်။ အဲဒီအဆောက်အဦးကို ပိုင်ရှင် မူဘာရတ်က လက်ပြောင်းလက်လွှဲ လုပ်ပြီး သိပ်မကြာခင်မှာ ဗလီပိုင်ဖြစ်သွားပါတယ်။ ၁၉၈၀ လောက်က မူဆလင်အိမ်ခြေ ၈၀လောက်ရှိတဲ့ အဲဒီရပ်ကွက်ဟာ ၂၀၁၃မှာ အိမ်ခြေ ၄၀၀ ဖြစ်လာတဲ့ အတွက် မူလဗလီ ဟာ သူတို့ အားလုံးအတွက် သေးလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ အဆောက်အဦးမှာ ရုံးစုရုံးစုလုပ်တာ ကြာတော့ ဒေသခံတွေနဲ့ ပြဿနာ ဖြစ်လာ ပါတယ်။ အဲဒီအခါ ဗလီအဖွဲ့က ဗလီကို ချဲ့ဖို့ ဗလီဘေးက ဗောဓိညောင်ပင်ကြီးကို ခုတ်ပေးဖို့ တောင်းဆိုပြီး သုံးထပ်တိုက် အဆောက်အဦးမှာ ဆက်ပြီး ဘာသာရေး စုဝေးမှုတွေလုပ်နေပါတယ်။

ပိုပြီးဆိုးတာက နိုင်ငံရေးသမား အချို့ရဲ့ ဖိအားပေးမှုကြောင့် သာသနာရေးဦးစီးက အဲဒီသုံးထပ် အဆောက်အဦးကို မဒရပ်ဆာနဲ့ ဗလီအဖြစ် ဇွန်လပိုင်းက သုံးခွင့်ပြုခဲ့ပါတယ်။ အဲဒါကို ဒေသခံ လူထုက မကျေနပ်တဲ့ အတွက် ဇူလိုင်လမှာ ဒေသကိုယ်စားလှယ် ဘာသာရေးခေါင်းဆောင်တွေ နဲ့ သာသနာရေးဦးစီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ရာမာဒန်ပြီးတာနဲ့ အဲဒီ သုံးထပ်တိုက် အဆောက်အဦးကို ဘာသာရေး အတွက် ဆက်ပြီး မသုံးဖို့ ဗလီဟောင်း ဘေးက ဗောဓိညောင်ပင်ကို ခုတ်ပြီး ဗလီအဆောက်အဦး တိုးချဲ့ဖို့ သဘောတူခဲ့ကြ ပါတယ်။

ရာမာဒန် ထွက်ပြီး သည့်တိုင် အဲဒီ သုံးထပ်တိုက်မှာ ဆက်ပြီး ဘာသာရေး အရ စုဝေးကြတဲ့ အခါမှာတော့ ဒေသခံတွေ မခံမရပ်နိုင်ဖြစ်ပြီး ဩဂုတ် ၁၂ရက် တနင်္လာနေ့က အဲဒီအဆောက်အဦးထဲက လူတွေကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ မွတ်ဆလင်တွေကလည်း ရပ်ကွက်ထဲက ဗုဒ္ဓဘာသာ အိမ်အချို့ကို ခဲတွေနဲ့ပေါက်ပြီး လက်တုန့်ပြန် အကြမ်းဖက်ခဲ့ပါတယ်။ အဲဒီအဆောက်အဦးဟာ ဘီဘီစီမှာ ဖော်ပြထားသလို ဗလီ အဆောက်အဦး မဟုတ်ပါ။ မူလဗလီက ဘာမှမဖြစ်ပါ။ အကောင်းအတိုင်းရှိနေပါတယ်။ ဒါကို မီဒီယာများက ဖော်ပြခြင်းမရှိပါ။ ဗလီဘေးက ဗောဓိပင်ကြီးကို စပြီ ဖြတ်နေပါပြီ။ သို့သော်လည်း အမြစ်တွေက ဗလီအောက်ခြေထိ ရောက်နေတဲ့ အတွက် ဗလီကို ထိခိုက်နိုင်ခြင်းရှိမရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုလမ်ဘိုရှိ အမေရိကန်သံရုံးကတော့ ဖြစ်ဖြစ်ခြင်းမှာပဲ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ က အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေစဉ်အတွင်း ဗလီကို တိုက်ခိုက်ခဲ့မှု အပေါ် လွန်စွာ စိုးရိမ်မကင်းဖြစ်မိကြောင်း ကြေညာချက် ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။

မူရင်းလင့်
===========

http://www.colombotelegraph.com/index.php/grandpass-the-true-story/

http://www.colombotelegraph.com/index.php/cut-down-the-bo-tree-in-grandpass-old-mosque-premises-has-been-derailed/

_________________________________

ရာဇာဓိ ရာဇာ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}
(LM)

No Response to "သီရှိလင်္ကာနိုင်ငံ မြိုတော်ကိုလံဘို မူဆလင်အဓိကရုဏ်း ဖြစ်ရပ်မှန် သတင်းအတိအကျ"

Leave A Reply