Saturday, August 17, 2013

ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင် သင်္ဘောတိန်းမှောက်၍ လူအများအပြားသေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေ

Posted on 8:20 PM by tun tun



အာင်ကျော်မိုး (နိုင်ငံတကာ)

ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည် အများအပြားတင်ဆောင်လာသော ကူးတို့ သင်္ဘောတစ်စီးသည် ကုန်တင်သင်္ဘောတစ်စီနှင့် တိုက်မိ၍ ကူးတို့ သင်္ဘော တိမ်းမှောက်သွားခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၁ ဦး ရှိသွားပြီး လူ ၁၇၀ လောက်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ကူးတို့သင်္ဘောသည် သင်္ဘောဝန်ထမ်း ၁၁၆ ဦးနှင့် အတူ ခရီးသည် ၇၁၅ ဦးကို သယ်ဆောင်လျှက် ဖိလစ်ပိုင် အလယ်ပိုင်း ဆီးဘူးမြို့သို့ မောင်းနှင်လာခြင်းဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ့ ဒေသအချိန် ညနေ ၉ နာရီတွင် ကမ်းခြေနှင့် နှစ်ကီလိုမီတာအကွာ၌ ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းခြေစောင့်များ၊ ဒေသတွင်း ငါးဖမ်းသမားများနှင့် တခြားလှေများမှ လူပေါင်း ၆၀၀ ကျော်ကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည်။ ယခုအချိန်ထိ သေဆုံးသူ အလောင်း ၃၁ လောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက်မှာ သေချာသလောက် တိုးမြင့်လာမှာဖြစ်ကြောင်း ကမ်းခြေစောင့် အကြီးအကဲ တစ်ဦးက ဆိုသည်။

ကူးတို့သင်္ဘောမှာ တိုက်မိပြီး ၁၀ မိနစ် အကြာမှာပဲ အလျှင်အမြန် နစ်မြုပ်သွားခြင်းကြောင့် လူတချို့ သင်္ဘောထဲမှ ထွက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ယခုအချိန်ထိ ပိတ်မိ၍ ရှိနေနိုင်ကြောင့် အရာရှိများကပြောသည်။ ရေငုပ်သမားများမှ ကူးတို့သင်္ဘောတွင်း သေဆုံးသူ အလောင်းများကို ရှာဖွယ်နေကြလည်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံတွင် ရေကြောင်း မတော်တဆဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မုတ်သုံ ရာသီဥတု ဆိုးရွားမှု၊ ခရီးသည်တင် ရေယဉ်များအား ထိန်းသိမ်းခြင်း ညံ့ဖြင့်မှုနှင့် လုံခြုံရေး ထန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ညံ့ဖြင့်မှုများကြောင့် မတော်တဆ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ဖိလပိုင်နိုင်ငံမှာ ၁၉၈၇ ခုနှစ်ကလည်း ကူးတို့ သင်္ဘောတစ်စီးနှင့် လောင်စာဆီတင်ဆောင်သော သင်္ဘောတစ်စီးနှင့် တိုက်မိ၍ လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့ရပြီး ကမ္ဘာတွင် အဆိုးရွားဆုံးသော ရေယဉ် မတော်တဆ ဘေးဒုက္ခ ဖြစ်ပွားခဲ့ရသည်။

Ref: BBC World News

No Response to "ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင် သင်္ဘောတိန်းမှောက်၍ လူအများအပြားသေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေ"

Leave A Reply