Saturday, August 17, 2013

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လုံခြုံရေးတိုးမြှင့်

Posted on 7:22 PM by tun tun



ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် လုံခြုံရေးတာဝန် ယူထားသော ရဲတပ်ဖွဲ့ဝမင်ျားအား သြဂုတ်လ ၁၇ ရက် နံနက်ပိုင်းကေတွ့ရစဉ်

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် သြဂုတ် ၁၆ ရက် ညေနပိုင်းမှ စတင်ပြီး ဘာသာရေး အေဆာက်အအုံများ ဆေးရုံနှင့် စာသင်ကျောင်းများတွင် လုံခြုံရေး တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။

ယင်းသို့ လုံခြုံရေး တိုးမြှင့်ရာတွင် ရဲတပ်ဖွဲ့ဝမင်ျားနှင့် တပ်ေမတ်ာသားများက ရပ်ကွက်များအတွင်း ရုတ်တရက် လုံခြုံရေး ၀င်ယူခဲ့ကြပြီး ကျေးရွာသားများ အေနဖြင့် ကင်းကိုဂရုတစိုက် စောင့်ကြည့်ရန်လည်း သတိပေးထားကြောင်း မြို့ခံများက ဆိုသည်။

"လုံခြုံရေးတိုးတာတော့ ဟုတ်တယ်။ ကောလာဟလ သတင်းတွေက မျိုးစုံထွက်နေတာ ရှိတယ်။ အစ္စလာမ် အကြမ်းဖက်သမားတွေ ၀မင်ယ်လို့ သတင်းတွေထွက်နေတာ့ ကြိုတင်ပြဆင်တင်ဲ့ အေနနဲ့ ဗုဒ္ဓဘာသာဝင် အေဆာက်အအုံတွေမှာ လုံခြုံရေးတိုးမြှင့် ချထားလိုက်တာ ဖြစ်ပါတယ်။

အခုလောလောဆယ် အေခြအေနမှာတော့ မိုးလည်းတအားရွာ ပြီးတော့ ဒေသအေခြအေနလည်း တည်ငြိမ်နေပါတယ်" ဟု လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝတင်စ်ဦးက ပြောကြားသည်။

"မနေ့က ညနေပိုင်း ၇ နာရီလောက် ကတည်းက ကိုယ့်ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အတွက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ကင်းစောင့်ကြတယ်။ ဗုံးခွဲမယ်တို့ အကြမ်းဖက်သမားတွေ ၀င်နေပြီတို့ အရပ်သတင်းမှာ အမျိုးမျိုးထွက်နေတာ ရှိပါတယ်။

အခုတော့ ရပ်ကွက်တွေထဲက ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတွေမှာ စစ်တပ်က လုံခြုံရေးဝင်ယူတာ တွေ့ရပါ တယ်" ဟု ဘူးသီးတောင်မြို့၊ ရပ်ကွက် (၃) တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မောင်တောခရိုအင်တွင်း အေသခံ ဗုံးခွဲမည့်သူများ ၀င်ရောက်နိုင်ခြေ ရှိသဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုရင်ာ ရုံးများအား လုံခြုံရေး အထူးဂရုပြုကြရန် သက်ဆိုရင်ာမှ ညွှန်ကြားချက်တစ်ရပ် သြဂုတ်လ အစောပိုင်းက ထွက်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် တပ်ေမတ်ာမှ လုံခြုံရေး ရုတ်တရက် ၀င်ယူနေမှုနှင့် ပတ်သက်ပြီး ဘူးသီးတောင် မြို့နယ်ရဲတပ်ဖွဲ့မှူးက "လုံခြုံရေးဝင်ယူနေတယ် ဆိုတာတော့ ပုံမှန်လုပ်ဆောင်နေကျ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဖြစ်စဉ်မျိုး မရှိပါဘူး။

ဘုန်းတော်ကြီးကျောင်းတွေမှာ လုံခြုံရေး တိုးယူတာလည်း နဂိုကတည်းက ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်တချို့ ၀လင်ာတာရှိလို့ လုံခြုံရေး ထပ်ဖြည့်တာပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ဖြစ်စဉ်မျိုး မရှိပါဘူး" ဟု သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

No Response to "မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လုံခြုံရေးတိုးမြှင့်"

Leave A Reply