Sunday, December 9, 2012

ဒုတိယ အကြိမ်မြောက် “ရက္ခိတ” မျိုးစောင့်ဆု ပေးအပ်မည်

Posted on 8:03 PM by tun tun


မောင်အေး
ဂျပန်နိုင်ငံရောက် ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသည့် ရခိုင်မျိုးစောင့်အုပ်စုမှ ဒုတိယအကြိမ် မြောက် ၂၀၁၂ ခုနှစ်အတွက် ရက္ခိတ မျိုးစောင့်ဆု ပေးအပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

ဆုပေး အပ်မည့် ပုဂ္ဂိုလ်တစ်ဦးကိုလည်း အသင်းသားများ၏ သဘောတူညီချက်ဖြင့်  ရခိုင်မျိုးစောင့် အုပ်စု၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း အသင်းတာဝန်ရှိသူ အဖွဲ့၏ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်သန်းလှိုင်က ပြောသည်။
“ကျွန်တော်တို့ ဒီနေ့ ရခိုင်မျိုးစောင့်အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ၂၀၁၂ နှစ်အတွက် ရက္ခိတ မျိုးစောင့်ဆု ပေးအပ်မဲ့ ပုဂ္ဂိုလ်တဦးကို အားလုံးသဘောနဲ့အညီးရွေးလိုက်ပြီးဖြစ်ပါတယ်။ ဒီရွှေးချယ်တဲ့ လူပုဂ္ဂိုလ်ကို လာမယ့် ဒီဇင်္ဘာလ ၃၁ ရက်နေ့မှာ ကျေညာသွားပါမယ်” ဟု ဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ သည် ရခိုင်နိုင်ငံတော် အချုပ်အချာ ကျဆုံးသည့်နေ့ဖြစ်သည်။
ဆုအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။
ဆုပေးအပ်မည့် ပုဂ္ဂိုလ်ကို ရွေးချယ်ရာတွင် အဓိထားသည့်အချက်များကိုလည်း ကိုကျော်သန်းလှိုင်က ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ ဆုပေးမယ့် သူကိုရွေးချယ်ရာမှာ အမျိုးသားရေးအတွက် အဓိက လိုအပ်တဲ့နေရာမှာ တစ်ဦးတစ်ယောက်မှ မလုပ်သေးတဲ့ အလုပ်ကို ထူးထူးချွန်ချွန်နဲ့ အမျိုးသားရေး အတွက် အလွန် တရာ ထိရောက်စွာ အကျိုးပြု လုပ်ကိုင်နိုင်တဲ့ လူကို အဓိကထားပြီး ရွေးချယ်ပါတယ်။ ဒီနှစ်လည်း ထူးထူးခြားခြား ရခိုင်အမျိုးသားတွေ မလုပ်သေးတဲ့ အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်တဲ့ လူကို ရွေးချယ်ထားပါတယ်” ဟုဆိုသည်။
ရက္ခိတမျိုးစောင့်ဆုကို လွန်ခဲ့သည့်နှစ်က စတင်ပေးအပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ရက္ခိတမျိုးစောင့်ဆုကို ရခိုင်စာပေနှင့် သမိုင်းသုတေသီ ဆရာတော် အရှင်ပညာစာရကို ပေးအပ်ခဲ့သည်။

ယခုနှစ်အတွက် ရွေးချယ်ခံထားရသူမှာ ပြည်တွင်းမှ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး ဆုပေးအပ်ရာတွင် အခမ်း အနားဖြင့် ပေးအပ်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။
ရခိုင်မျိုးစောင့်အုပ်စုကို ဂျပန်နိုင်ငံတွင်အခြေစိုက်ထားပြီး ရခိုင်အမျိုးသားများအတွက် ပညာရေး၊ ကျန်းမာရေး အပါအ၀င် တခြားသော လိုအပ်သော အကူအညီများကို ပေးအပ်နေသည့် ရခိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။                                    

No Response to "ဒုတိယ အကြိမ်မြောက် “ရက္ခိတ” မျိုးစောင့်ဆု ပေးအပ်မည်"

Leave A Reply