Sunday, December 9, 2012

"ဘယ် ဗမာခေါင်းဆောင်က ရခိုင်တွေရဲ့အရေးကို အလေးပေး စဉ်းစားခဲ့ကြလို့လဲ"

Posted on 8:24 PM by tun tun



Font size: Decrease font Enlarge font
-------------
ကွန်ချုပ်ကေ
-------------

Narinjara.com
တိုင်းပြည် အာဏာကို ရယူထားတဲ့သူတွေဟာ လွတ်လပ်ရေး ရပြီးစက ဒီကနေ့ထိ ဗမာအမျိုး သားခေါင်း ဆောင်တွေဘဲ ဖြစ်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး စတဲ့ အာဏာသုံးရပ်ကို မောင်ပိုင်စီး ရယူ ထားသူတွေဟာ ဗမာတွေပါပဲ။ လွတ်လပ်ရေးမတိုင်မှီက ဒီအာဏာတွေကို ရယူထားတဲ့ သူတွေဟာ နယ်ချဲ့ အင်္ဂလိပ်တွေ ဖြစ်တယ်။ လွတ်လပ်ရေး ရရှိလာပြီးတဲ့နောက် တိုင်းပြည်ရဲ့ဒီအာဏာတွေကို ရယူထားတဲ့ သူ တွေဟာ ဗမာတွေဘဲ ဖြစ်တယ်။ ဝန်ကြီးချုပ် ဦးနုကနေ ဗိုလ်ချုပ်နေဝင်း၊ ဒီဘက် ခေတ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး စောမောင်၊ နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထိ မြန်မာပြည်ကို အုပ်ချုပ်သူတွေ ကြည့်လိုက်ပါ။ အကုန်လုံး ဗမာ အမျိုးသားတွေဘဲ ဖြစ်ကြတယ်။ ဒီနေ့မှာတော့ ဦးသိန်းစိန်ပေါ့။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် ကြိုးကိုင် အုပ်ချုပ်သူတွေဟာလည်း သူတို့ရဲ့ နောက်လိုက်ငယ်သားတွေနဲ့ အဆက်အနွယ် ဗမာတွေဖြစ်တယ်။ ရခိုင် တွေကတော့ ဘယ်နေရာမှာမှ ပါဝင်ခွင့်ရတာ မဟုတ်ပါဘူး။ အုပ်ချုပ်ခံ နှင်းပြားဘဝနဲ့ နေနေခဲ့ကြရတာ လွတ် လပ် ရေးရပြီးချိန်က ဒီကနေ့ထိပါဘဲ။ ဘယ်ရခိုင်ကမှ မိမိတိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း လုပ် ပိုင်ခွင့် မရခဲ့ကြဘူး။ လုပ်ပိုင်ခွင့် မရသလို ပြောဆိုပိုင်ခွင့်လည်း မရခဲ့ကြဘူး။ ရခိုင်ပြည်နယ်လို့ ဆိုပေမယ့် ဘယ်ရခိုင် ကမှ မိမိပြည်နယ် တိုးတက်ရေး ကြီးပွားရေးအတွက် ပါဝင်ခွင့်ရခဲ့ကြတာ မရှိပါဘူး။ ဗမာ အုပ်ချုပ်သူတွေရဲ့ ညွန်ကြားချက်အတိုင်း၊ စီမံတဲ့အတိုင်း လိုက်ပါလုပ်ဆောင်ခဲ့ကြရတယ်။ အုပ်ချုပ် သူ ဗမာ အမျိုးသားတွေထဲက လည်း ဘယ်ဗမာခေါင်းဆောင်မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးတယူ တာဝန်ယူလုပ်ဆောင်ခဲ့တာ မရှိခဲ့ပါဘူး။ ရခိုင်ဆိုတဲ့ အမြင်မျိုးနဲ့ ဘယ်လို ဖိနှိပ်အုပ်ချုပ်ရမယ်။ ဘယ်လို့ ဂုတ်သွေးစုတ်မယ်။ နိုင်ငံရေးအရ ဘယ်လို သပ်လျို ဖြိုခွဲရမယ်။ ဒါတွေကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ကို အုပ်ချုပ်နေတဲ့ ဘယ် ဗမာကမှ ရခိုင်ပြည်နယ် တိုးတက်ရေးနဲ့ ရခိုင်ပြည်သူတွေ ချမ်းသာကြီးပွားရေးအတွက် စိတ်ဝင်စားတာ မရှိခဲ့ပါဘူး။

သူတို့ရဲ့ စဉ်းစားလုပ် ဆောင်ချက်တွေဟာ သူတို့ ဗမာအမျိုးသားတွေအနေနဲ့ တိုင်းပြည်အာဏာ ဘယ်လို ဆက်လက် ရယူထားမလဲဆိုတာနဲ့ ရခိုင်တွေ ခေါင်းမထောင်နိုင်အောင် ဘယ်လို ဖိနှိပ်ထားရမလဲဆိုတာဘဲ ဖြစ်တယ်။ ခုလို အုပ်ချုပ်သူတွေက အတွေးအခေါ်အရရော၊ ပေါ်လစီ အရရော လက်တွေ့အရပါ ခုလို ဆောင် ရွက် ခဲ့ကြတဲ့အတွက် ရခိုင်ပြည်ဟာ တိုးတက်နိုင်တဲ့ ရေခံမြေခံကောင်း တွေရှိနေပေမယ့် ဘယ်အစိတ်အပိုင်းမှာ မှ တိုးတက်လာတာ မရှိခဲ့ပါဘူး။ ရခိုင်ပြည်သူတွေဟာ ဆင်းရဲသထက် ဆင်းရဲလာခဲ့တယ်။

ကမ္ဘာပေါ်မှာ အဆင်းရဲ အနိမ့်ကျဆုံး လူမျိုးအဖြစ်ကို ကျဆင်းခဲ့ရတယ်။ ဒီကနေ့ထိ ရခိုင်ပြည်မှာ စက်ရုံဆိုတာ ကိုင်ပြစရာ မရှိသေး ဘူး။ ရခိုင်ပြည်က မြို့တွေမှာ သုံးနာရီထက် လျှပ်စစ်မီး ပိုမရဘူး။ ကျေးရွာတွေမှာဆိုရင် လျှပ်စစ်မီးဆိုတာ ကြားတောင် မကြားဖူးသေးဘူး။ ကမ္ဘာအဝန်း နိုင်ငံတွေကို ပြန်ကြည့်စမ်းပါ။ အဆင်းရဲဆုံး အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ကို ကြည့်လိုက်ပါ။ တောရောမြို့ပါမကျန် ၂၄ နာရီ လျှပ်စစ်မီးရပါတယ်။ တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ကားလမ်း ရထားလမ်း ဖေါက်လုပ်တာနဲ့ တိုးတက်တယ်လို့ ဆိုတာ မဟုတ်ဘူး။ တက္ကသိုလ် ကောလိပ်ကျောင်းတွေ ဆောက်လုပ်တာနဲ့ ဆေးရုံကြီးတွေ ဆောက်လုပ်တာနဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မဆိုဘူး။ ကားလမ်းတွေ ဖေါက်တဲ့အတွက် လူတွေ ကိုယ်ပိုင်ကား ဘယ်နှစ်စီး ဝယ်စီးနိုင်လဲ။ တက္ကသိုလ် ကောလိပ်ကျောင်းတွေ ဆောက်တဲ့အတွက် လူငယ်တိုင်း တက္ကသိုလ်ကောလိပ် သွားနိုင်သလား။ လူတန်းစေ့ မိဖတွေက သားသမီးတွေကို ပညာသင်ပေးနိုင်သလား။ လူတွေ ဆေးရုံကို သွား ဆေးကုနိုင်ကြရဲ့လား။ ဒါတွေနဲ့ဘဲ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရမယ်။ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေနဲ့ တိုင်းတာ ရမယ်။ အခု ရခိုင်ပြည်မှာ မိဖတိုင်းက သားသမီးတွေကို ကျောင်းအပ်နှံနိုင်တဲ့ အနေအထား မရှိဘူး။ ကျန်းမာ ရေး မကောင်းရင် ဆေးရုံကို ပို့နိုင်တဲ့ အခြေအနေမရှိဘူး။ လက်တဆုပ်စာ မိသားစုနဲ့ စစ်အရာရှိတွေရဲ့ သား သမီးတွေ အဆင့်မြင့်ပညာကို သင်ကြားနိုင်တယ်။ အစိုးရက ဆောက်လုပ်တဲ့ တက္ကသိုလ် ကောလိပ် ကျောင်းကြီးတွေ ဖြစ်ပေါ်လာပေမယ့် အများစု ပြည်သူက ပညာ မသင်ကြားနိုင်တဲ့ အတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ဆိုလို့မရဘူး။

ဒီက နေ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ နအဖ စစ်အစိုးရက ပြောဆိုခဲ့တာဟာ သက်သက် ဝါဒ ဖြန့် ပြောဆိုတာထက် မပိုဘူး။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွား ရေး လူမှုရေး အခြေခံကောင်းတွေကို နအဖ မြေလှန် ဖျက်ဆီးပစ်ခဲ့တယ်။ နအဖ လက်အောက်မှာ လူတွေဟာ စားစရာမရှိ နေစရာမရှိ ဖြစ်ခဲ့ရပြီး အကြောက် တရားတွေ ဖုံးလွှမ်းခဲ့ကြရတယ်။ လူတွေ ဘယ်လို ဒုက္ခရောက်ခဲ့ကြသလဲ ဆိုတာကို လူတိုင်း သိပါတယ်။ ဝန်ကြီးချုပ် ဦးနုခေတ်ကနေ ဒီကနေ့ခေတ်ထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဗမာ ခေါင်းဆောင် အဆက်ဆက် ဟာ ရခိုင်ပြည်အပေါ် ဒီလို သဘောထားပြီး အုပ်ချုပ်ခဲ့ကြတာ ဖြစ်တယ်။ ဘယ်ဗမာ ခေါင်းဆောင်က ရခိုင်ပြည် သူတွေဘက်က မား မားရပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခဲ့တာ ရှိဖူးလို့လဲ။ တာဝန် ကျလာတဲ့ တိုင်းမှူးတွေကလည်း ရခိုင်ပြည်သူတွေကို ဘယ်လို ဖိနှိပ်မယ်။ ဘယ်လို ဂုတ်သွေးစုတ်ပြီး သူတို့ ကြီးပွားချမ်းသာရေးကို လုပ်ရမလဲ။ ဒါတွေ ကိုဘဲ အကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ပါးစပ် က တော့ "တို့" ညီအစ်ကို တိုင်းရင်းသားတွေပြောပြီး လက်တွေ့မှာတော့ ရခိုင် ပြည်သူတွေကို အကြီးအကျယ် နိုင်ထက်စီးနှင်း ပြုလုပ်ခဲ့တယ်။

တကယ်တန်းဆိုရင် ဒီနေ့ခေတ်မှာ ဒီလိုအတွေးအခေါ်မျိုး ဒီလိုအုပ်ချုပ်ရေးပုံစံတွေက မလိုအပ်တော့ပါဘူး။ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် တိုးတက်ရေးကို ဘယ်သူမဆို လုပ်ကိုင်ခွင့် ရှိရမယ်။ ဒါပေမယ့် ဗမာတွေက နေရာတကာမှာ မောင်ပိုင်စီးပြီး ဒီလို လုပ်ငန်းစဉ်တွေကို ဆက်ပြီး ကျူးလွန်နေတုန်းဖြစ်တယ်။ စက်ရုံအလုပ်ရုံ ဆောက်ရင်၊ ဘယ်မှာလဲ-ဗမာပြည်မှာ။ ၂၄ နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နေတာ၊ ဘယ်မှာလဲ-ဗမာ ပြည်မှာ။ ကားလမ်းတွေ တံတားကြီးတွေ တည်ဆောက်နေတာ ဘယ်မှာလဲ-ဗမာပြည်မှာ။ အားကစားကွင်း ကြီးတွေဆောက်ရင်၊ ဘယ်မှာလဲ- ဗမာပြည်မှာ။ ဘာလုပ်လုပ် ဗမာပြည်မှာ။ ရခိုင်ပြည်နယ်မှာ သူတို့ ဘာတွေ လုပ်ပေးတာ ရှိလို့လဲ။ ကားလမ်း ရထားလမ်းတွေ ဖေါက်တာကို ထိုးပြမလား။ ဒါတွေက ရခိုင်ပြည်ကို မြေလှန် ဖြိုဖျက်ဖို့ စီမံကိန်းအရ လုပ်ဆောင်နေတာဖြစ်တယ်။ အပြင်ပန်းကကြည့်ရင် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ဖို့အတွက် ရခိုင်မှာ လမ်းတွေဖေါက်တာ ကောင်းတယ်လို့ ယေဘူယျ ပြောနိုင်ပေမယ့် အနှစ်သာ ရအားဖြင့် ပြောရင် ရခိုင်လူမျိုးတွေအတွက် သေမင်းတမန် လမ်းတွေဆိုတာကို သိထားကြဖို့ လိုပါတယ်။

ဒီနေ့ အခြေအနေမှာ လူမျိုးရေးအရ ဘယ်အတိုင်းအတာထိ ရခိုင်လူမျိုးတွေ ဝါးမျိုခံနေရပြီလဲ။ ကားလမ်းတွေ ရထားလမ်းတွေ ဖေါက်ပီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည် ဘာဖြစ်သွားမလဲ။ အမျိုး နဲ့သီလကို စောင့်ရှောက်တဲ့ ရခိုင်တွေအတွက် ဒီလမ်းတွေဟာ ဗမာအုပ်ချုပ်သူတွေအတွက် ရှေ့ပြေး သေမင်းတမန်လမ်းတွေဆိုတာ ရခိုင် အမျိုးသားတွေ အထူး သတိထားကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်ဗမာခေါင်းဆောင်မှ ရခိုင်ပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်ဆောင်တာ မရှိခဲ့ဘူး။ လုပ်ရင်တောင်မှ ဗမာတွေ အကျိုးစီးပွား အတွက်သာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

ကွန်ချုပ်ကေ        narijara...

No Response to ""ဘယ် ဗမာခေါင်းဆောင်က ရခိုင်တွေရဲ့အရေးကို အလေးပေး စဉ်းစားခဲ့ကြလို့လဲ""

Leave A Reply