Thursday, December 13, 2012

မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို အရေးအခင်းကာလ အတွင်း မြန်မာဘက်သို့ ပြန်ပို့ခဲ့

Posted on 8:10 PM by tun tun


ထွန်းထွန်း (ကော့စ်ဘဇား)
မနေ့က မောင်တောမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဘင်္ဂလာနဲ့ မြန်မာ တပ်မှူး အဆင့် အလံ ဆွေးနွေးပွဲမှာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးလာသူ မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဘီဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။
ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။
ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။
သူတို့ကို အစာရေစာတွေ ကျွေးမွေးတဲ့ အပြင် ဆေးဝါးက အစ ပြန်လည် ဖြည့်တင်းပြီး မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထုတ်ဖေါ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ တပ်မှူး စည်းအဝေးကို မောင်တောမြို့ နှစ်နိုင်ငံ ၀င်ထွက်ဂိတ် အမှတ်(၁) အဆောက်အဦးမှာ မနေ့က မနက် ၁၀နာရီ ကနေ နေ့လည် ၁နာရီ အထိပြုလုပ်ခဲ့ပါတယ်။
မြန်မာဘက်မှ နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့ ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘက်ကတော့ စစ်တကောင်းမြို့အခြေစိုက် ဘီဂျီဘီမှ ဒုဗိုလ်မှူးကြီး မိုဟာမောက် ဇီလူဟောက်ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ဦးပါ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ် အနီး ငါးရှာ၊ ထင်းခွေ၊ သစ်ခုတ်၊ တနေ့တာသွားလာပြီး  ၀မ်းစာ ရှာဖွေနေသူတွေ ဖမ်းဆီးမိရင်လည်း  ၁၉၈၀ ခုနှစ် နှစ်နိုင်ငံသဘောတူ စာချုပ်အရ ပြန်လည် လွှတ်ပေးဖို့ စစ်တကောင်းအခြေစိုက် ဒုဗိုလ်မှူးကြီး ဇီလူဟောက်က မြန်မာ နစကဘက်သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
အစည်းဝေးအတွင်း အချက်(၅)ကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ အဲဒီ အချက်တွေကတော့  (၁) တပြည်နဲ့ တပြည် အကြား တရားမ၀င်သွားလာ၍ ဖမ်းဆီးရမိပါက ပြန်ပို့ရေး၊ တရားမ၀င် သွားလာမှု ပိတ်ပင်တား ဆီးရေး၊ (၃) ဖမ်းဆီး ထောင်ချ ခံထားရသူများ ထောက်သက်စေ့လျှင် ပြန်လွှတ်ပေးရေး၊ (၄) မူးယစ်ဆေးဝါးများ လုပ်ငန်း နှိမ်နင်းရေး၊ (၅) မှောင်ခိုလမ်းမှ တင်ပို့သော ကုန်ပစ္စည်းများ ပိတ်ပင်တားဆီးရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။
ShareThis                                                                                                     narinjara

No Response to "မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို အရေးအခင်းကာလ အတွင်း မြန်မာဘက်သို့ ပြန်ပို့ခဲ့"

Leave A Reply