Wednesday, November 6, 2013

ရာဇ၀တ်မှုကျူးလွန်သော ဘင်္ဂလီများအား အမြန်ဆုံးအရေးယူပေးရန် RWU တောင်းဆို

Posted on 6:52 PM by tun tun


 မိုးဇော် (သတင်း) ရခိုင်ပြည် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီး (၃)ဦးကို ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ သော အိစ္စလာမ်ဘာသာဝင် ဘင်္ဂလီများအား သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံးထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သမီးများ အစည်းအရုံး (RWU)က နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက " အမှန်တရားကိုမသိဘဲ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရင်တော့ ပြဿနာပြေလည်ဖို့ အခက်ခဲရှိတဲ့အကြောင်း ကျမတို့အနေနဲ့ နိုင်ငံတကာကို ထောက်ပြလိုပါတယ်။ တဆက်တည်းမှာပဲ မတရားသတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ၊ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေ အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အာဏာပိုင်တွေထံ ကျမတို့ တောင်းဆို မေတ္တာရပ်ခံပါတယ်။ အထူးသဖြင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေပေးဖို့ နိုင်ငံတော်အစိုးရထံ မေတ္တာရပ်ခံပါတယ်။ " ဟု ပြောသည်။ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီကျော်တွင် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီး (၃)ဦး ငါးရှာသွားစဉ် အနီးအနားတွင် ရှိသော ငှက်ချောင်းကျေးရွာမှ ဘင်္ဂလီများက ဆင်တမော်ကျွန်းရှိ ဘင်္ဂလီဒုက္ခသည်စခန်းမှ ဘင်္ဂလီများနှင့် ပူးပေါင်းကာ အဆိုပါ ရခိုင်အမျိုးသမီးများအား အကြမ်းဖက်တိုက်ခဲ့သောကြောင့် အသက် ၃၀ ကျော် အရွယ်ရှိသည့် ဒေါ်လှခင်မှာ လှံဖြင့်အထိုးခံရသောဒဏ်ရာဖြင့် ယင်းနေရာ၌ပင်သေဆုံးသွားခဲ့ပြီး၊ အသက် (၁၈) နှစ် အရွယ်ရှိသော မမေသန်းခင်မှာ တုတ်၊ ဓါး၊ လှံဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် ဘယ်ဖက်လက်မောင်း၊ နောက်ကျော၊ ရင်အုံနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သော ဒဏ်ရာရရှိကာ ယခု စစ်တွေဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုကို ခံနေရသည်ဟု စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဇော်ထွန်းက ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများကိုယ်စား စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ရာဇ၀တ်မှုကျူးလွန်သော ဘင်္ဂလီများအား နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များက မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ပေးရန်၊ စစ်တွေမြို့ပေါ် နေရာအနှံ့တွင် အိမ်၊ ကား၊ ဂိုဒေါင်တို့ကို ငှားရမ်းပြီး ဘင်္ဂလီများနှင့် ပူးပေါင်းလျှက် နည်းမျိုးစုံဖြင့် အပျက်လုပ်ငန်းများကို လုပ်ဆောင်နေကြသည်များကိုလည်း ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။ ၄င်းနည်းတူ လွန်ခဲ့သော ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်သူ မစုစုမွန်သည် သံတွဲမြို့တွင်နေထိုင်သော ဘင်္ဂလီများ၏ မုဒိန်းကျင့်မှုကိုခံခဲ့ရကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာမှ အသက် (၃၈)နှစ် အရွယ်ရှိသည့် ဒေါ်လှသန်းစိန်သည် သူမ၏ လယ်ထဲတွင် ဘင်္ဂလီများထံ အသတ်ခံခဲ့ရပြီး ထိုအမှုများအတွက် သက်ဆိုင်ရာ အာဏာပိုင်များက သေချာသော ဖမ်းဆီးစစ်ဆေးမှုများ မရှိသေးကြောင်း RWU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အသက် (၂၆) နှစ်အရွယ်ရှိသော မမိမိစံ အသတ်ခံရမှုနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ရဲများက ယခုထိ ရာဇ၀တ်မှုကျူးလွန် သော တရားခံအား စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မွတ်ဆလင်များအပေါ် တာဂတ်ထား တိုက်ခိုက်နေသည်ဆိုသော OIC နိုင်ငံများ၏ နားလည်နေမှုမှာ ပြောင်းပြန်ဖြစ်နေပြီး မိမိတို့ ရခိုင်များသည်သာ ကိုယ့်မြေ၌ လုံခြုံမှုကင်းမဲ့နေကြရကြောင်းကိုလည်း OIC မှ အမြင်မှန်ရလာစေရေးအတွက် အမှန်တရားဖော်ထုတ် သွားကြရန် အထူးလိုအပ်နေကြောင်း RWU မှ တိုက်တွန်းထားသည်။ http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/622-rwu-6112013

No Response to "ရာဇ၀တ်မှုကျူးလွန်သော ဘင်္ဂလီများအား အမြန်ဆုံးအရေးယူပေးရန် RWU တောင်းဆို"

Leave A Reply