Friday, November 8, 2013

မြည်းကပေးသော သင်ခန်းစာ

Posted on 6:59 PM by tun tun


 ================ တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျ သွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ် ကောင်းလောက်အောင် နာရီ ပေါင်းများစွာ အော်ဟစ်ငိုကြွေး နေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့ အော်သံကို ကြားရပြီးတော့ သူဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတယ် ။ ဒါနဲ့ပဲ လယ်သမားက မြည်းဟာလည်း အသက်ကြီးပါပြီ ၊ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါ ပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူ လို့ မဖြစ်နိုင်တော့ပါဘူး ဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကို ခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့ အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီး ဖို့ကြပါတယ် ။ ပထမမှာတော့ မြည်းဟာ သူဘာ ဖြစ်တော့မယ် ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့ လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်း သွားခဲ့ရတယ် ။ မြေကြီး အနည်းငယ်ဖို့ပြီးတဲ့ အခါမှာ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ် ။ သူ မြင်လိုက်ရတာကို ကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြ တုန်လှုပ် သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့ အခါတိုင်း မြည်းဟာ သူ့ကျောပေါ် တင်လာတဲ့ မြေကြီးတွေကို ခါထုတ်ပြီး အဲဒီ မြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီး မြေကြီးတွေကို ဆက်ဖို့စေခဲ့ တယ် ။ လူတိုင်း လူတိုင်းဟာ ကျောပေါ် တင်လာတဲ့ မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြ တုန်လှုပ် နေခဲ့ရ ပါတယ် ။ ဒီလိုနဲ့ နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ် ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်း ၀ကနေ အပြင်ကို အောင်အောင် မြင်မြင်နဲ့ ရောက်ရှိသွား ပါတယ် ။ +++++++++++++++++++++++++++++++++++++++++++ ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချ ပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ် ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲ လိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေး ပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီး တဆင့်ချင်းစီ လှမ်းတက်သွား လိုက်ပါ ။ သက်တန့်ချို — with Khin Aye Nge and Kaungkhant Koko.

No Response to "မြည်းကပေးသော သင်ခန်းစာ "

Leave A Reply