Thursday, November 7, 2013

တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Posted on 4:50 PM by tun tun



းးးးးးးးးးးးးးးးးးးးးးးးးးးးးး ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာအရေအတွက်၊တည်နေရာမြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစုလူဦးရေ စာရင်းများကို စစ်တပ်က ကောက်ယူရန် စီစဉ်နေကြောင်းသတင်းရရှိသည်။ ၎င်းစာရင်းအားယခုလတွင် အပြီးသတ်ပေးပို့ရန်ရခိုင်ပြည်နယ်ရှိတပ်ရင်းတပ်ဖွဲ့များသို့အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။ “တပ်မတော်က တစ်အိမ်တက်၊တစ်အိမ်ဆင်းပြီးတော့ကောက်မှာမဟုတ်ဘူး။ သူတို့က ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ချုပ်ရေးမှူးတွေနဲ့ရွာအလိုက် ကောက်ယူသွားမယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။ ကောက်ယူရာတွင် နံပတ်(၁)ကျေးရွာအမည် (၂) အိမ်ခြေ (၃)တည်နေရာ(မြို့နယ်/ ခရိုင်(၄) တည်နေရာမြေပုံ အညွှန်း(၅) ကျေးရွာအတွင်းရှိ မိသားစုအရေအတွက် (၆)လူဦးရေ အရေအတွက် (၆) ဘာသာရေးအဆောက်အဦး၊စာသင်ကျောင်းနှင့် အခြားအဆောက်အဦးစာရင်းတို့ကိုကောက်ယူသွားမည်ဟု ဆိုသည်။ “တပ်က တပ်ရင်းတွေ၊တပ်ဖွဲ့တွေက မြို့နယ်တိုင်းမှာရှိပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင်လည်း တပ်ရင်း (၁၀) ခုလောက်ရှိပါတယ်။ အသစ်တပ်ဖွဲ့တွေ လာစရာလိုမယ်မထင်ဘူး။ လက်ရှိရှိနေတဲ့ တပ်အင်အားနဲ့ ရက်အနည်းငယ် အတွင်းကောက်ယူလို့ ရပါတယ်”ဟု ဆိုသည်။ ယခု စာရင်းကောက်ယူမည့် အစီအစဉ်တွင် ရခိုင်ကျေးရွာများမပါဝင်ကြောင်း၊မွတ်ဆလင်ကျေးရွာများသက်သက်ကိုသာ ကောက်ယူမည့်အစီအစဉ်ဖြစ်ကြောင်း၊ကောက်ယူမည့် ရည်ရွယ်ချက်ကိုမသိရှိရကြောင်း၊သို့သော်လည်းအရပ်ဘက်ကိစ္စထက် စစ်ဘက်ဆိုင်ရာကိစ္စရပ်များအတွက်ဖြစ်နိုင်ကြောင်း၎င်းက သုံးသပ် ပြောဆိုသည်။ ယခုကဲ့သို့စာရင်းကောက်မည့်ကိစ္စနှင့် ပတ်သက်ပြီးတပ်မတော်၏အတည်ပြုချက်ကို နိရဉ္စရာအနေဖြင့် သီးခြား ရယူနိုင်ခြင်းမရှိပါ

No Response to "တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

Leave A Reply